သနပ်ခါးဈေးကွက်ကျဆင်းနေချိန်ဖြစ်သဖြင့် ယခင်ကထက် သွင်းအားစုများလျော့ချသုံးစွဲနေရ

13/09/2021 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    သနပ်ခါးစိုက်ပျိုးသည့်တောင်သူအများစုမှာ သဘာဝမြေဩဇာများကို အဓိကသုံးစွဲလေ့ရှိကြပြီး၊ သနပ်ခါးဈေးကွက် ကျဆင်းနေသည့်အချိန်ဖြစ်သဖြင့် ယခင်ကထက် သွင်းအားစုစရိတ််များကို လျော့ချသုံးစွဲနေကြရကြောင်း သိရသည်။ 

ဓာတုမြေဩဇာသုံးတဲ့သူတွေလည်း ရှိတော့ရှိပေမယ့် သနပ်ခါးသမားအများစုကတော့ သဘာဝမြေဩဇာအသုံးများပါတယ်။ နွားချေး၊ ဆိတ်ချေး၊ ကြက်ချေး စတဲ့ တိရစ္ဆာန်အညစ်အကြေး၊ သဘာဝမြေဩဇာတွေ ကျွေးမွေးရာမှာ အရင်က လှည်းနှစ်စီးစာဆို အခုတော့ တစ်စီးစာလောက်ပဲ ကျွေးနိုင်တော့တယ်။ အသွားအလာနည်း တင်ပို့မှုနည်းပြီး သနပ်ခါးအရောင်းမဝယ်က သိပ်မကောင်းဘူးလေ။ သနပ်ခါးကုန်ချောထုတ်ကုန်တွေကလည်း ပါးပါးလေးပဲသွားနိုင်တယ်။ တောင်သူတွေက ဝင်ငွေနည်းနေတဲ့အတွက် ခြံထဲကို သွင်းအားစုသိပ်မထည့်နိုင်တော့ဘူး။ တချို့ဆို ထပ်မထည့်နိုင်တော့လို့ ပစ်ထားရတာအများကြီးပဲ

ဟု အရာတော်မြို့နယ်မှ သနပ်ခါးစီးပွားဖြစ် စိုက်ပျိုးသူ ဦးကျော်စိုးက ပြောသည်။ 

    သနပ်ခါးပင်သည် စိုက်ပျိုးပြီး (၅)နှစ်/(၆)နှစ်မှ စတင်၍ သနပ်ခါးခုတ်ရောင်းနိုင်ပြီး၊ မိုးရာသီကာလများတွင် အပင်ကြားပေါင်းလိုက်ပေးခြင်း၊ ဒေသရာသီဥတုနှင့် အပင်အခြေအနေပေါ် မူတည်၍ မြေဩဇာကျွေးမွေးပေးခြင်းတို့ကို လုပ်ဆောင်ပေးပါက အပင်သက်တမ်း နှစ်ပေါင်းများစွာ ရှည်ကြာနိုင်သည့် နှစ်ရှည်ပင်အမျိုးအစားဖြစ်သည်။ 

သနပ်ခါးအတုံးဈေး၊ သနပ်ခါးအပင်လိုက်ဈေးတွေကတော့ ကျသွားတာမဟုတ်ဘူး။ အသွားအလာနည်း၊ အရောင်းအဝယ်နည်းပါးသွားလို့သာ ဈေးကွက်မကောင်းကြတာ။ အရင်က သနပ်ခါးတစ်ပင်ကို ရှစ်ထောင်ကျပ်နဲ့ရောင်းခဲ့တယ်ဆို အခုလည်းရှစ်ထောင်ပဲ၊ အရင်က တစ်သောင်းကျပ်နဲ့ရောင်းတဲ့ အပင်အရွယ်အစားဆို အခုလည်းအဲ့ဒီလောက်ပဲ၊ ဈေးက သိပ်မကွာလှဘူး။ အရောင်းအဝယ်မသွက်တာ၊ ဈေးကွက်မတွင်ကျယ်ဘူး ဖြစ်နေတာပါ။

ဟု ၎င်းက ဆက်လက်ပြောသည်။ 

    မြန်မာနိုင်ငံတွင် သနပ်ခါးပင်ကို အရာတော်ဒေသတွင် အများဆုံးစိုက်ပျိုးထုတ်လုပ်နေပြီး စိုက်ပျိုးမှု ဒုတိယအများဆုံးမှာ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၊ မြိုင်မြို့နယ်၊ တတိယအများဆုံးမှာ ရေစကြိုမြို့နယ်ဖြစ်ကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်