မိုးသတိပေးချက်

03/11/2020 10:24 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၂၀၂၀နိုဝင်ဘာလ ၃ရက်နေ့

ကျောက်ဆည်၊ စဥ့်ကိုင်၊ ထုံးဘို အုန်းချောအနီးစခန်း၊ ပြင်ဦးလွင်၊ မတ္တရာ၊ မိုးကုတ်၊ မဘိမ်း၊ ကသာ၊ အင်းတော်၊ ထီးချိုင့်၊ တကောင်းသပိတ်ကျင်း၊ ဝါးဖြူတောင်၊ စဥ့်ကူး၊ လက်ပံလှ၊ ကျောက်မြောင်း၊ ရွှေဘို၊ ခင်ဦး၊စပါယ်နံသာ၊ ကန့်ဘလူ၊ ကျွန်းလှ၊ ချပ်သင်း၊ ချပ်ကြီး၊ ကောလင်း၊ သဖန်းဆိပ်၊ တန့်ဆည်၊ ကံထူးမ၊ ဒီပဲရင်း၊ ဘုတလင်၊ အရာတော်၊ မုံရွာ၊ ချောင်းဦး၊ မြောင်၊ မြင်းမူ၊ ငါန်းဇွန်၊ အုန်းတော၊ စစ်ကိုင်း၊ ရွာသစ်ကြီး၊ မန္တလေး၊ မင်းကွန်း၊ တံတာဦး၊ အမရပူရ၊ မြို့သာ၊ ဆားတောင်၊ လှတော၊ ဝက်လက်၊ ဟံလင်း၊ ကာဘိုးထန်း၊တပင်ဇီးကုန်း၊ ထန်းကုန်းမှော်တော်၊ မြေထူး၊ ဝက်တိုး၊ ကမ်းဖြူ ဒေသများ မိုးရွာသွန်းနိုင်ပါတယ်..

3/11/2020 နံနက် ၈း၀၂ နာရီ (MMT)

Su Su San


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်