အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြန်မာ့သရက်ဈေးကွက်အတွင်း ပြည်ပမျိုး သရက်သီးတချို့ ဝင်ရောက်နေရာယူနေ

မြန်မာ့သရက်ဈေးကွက်အတွင်း ပြည်ပမျိုး သရက်သီးတချို့ ဝင်ရောက်နေရာယူနေ

    မြန်မာ့သရက်ဈေးကွက်အတွင်း ပြည်ပမျိုး သရက်သီးတချို့ ဝင်ရောက်နေရာယူ ရောင်းချနေကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

အခုချိန်တော့ နိုင်ငံခြားမျိုးတွေပဲ ဈေးကွက်ထဲမှာ ကျန်တယ်။ စိမ်းချိုလို့ခေါ်တဲ့ ထိုင်းမျိုးလေ။ ညောင်ပင်ဝန်း ဒေသဘက်မှာတော့ အပျို့ပေါင် သရက်မျိုးလို့ ခေါ်ကြတာပဲ။ အဲ့ဒိသရက်သီးကို တစ်လုံး ၁၀၀၀ ကျပ်ဈေးနဲ့ ရောင်းနေကြတယ်။

ဟု မြန်မာ့သရက် ဈေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။ 

    မြန်မာ့စိန်တလုံးသရက် ဈေးကွက်တင်ပို့ချိန်မှာ  ဧပြီလအလယ်မှ ဇူလိုင်လအကုန်အထိ ဖြစ်ပြီး၊ ယခုအချိန်သည် ပြည်ပတင်ပို့မှုများ ရပ်နားကာ သရက်ခြံများ အပင်ခေါင်ဖွင့်၊ ကိုင်းရှင်း၊ မြေဆီကျွေးမွေးခြင်းတို့ကို ပြုလုပ်၍ နောင်လာမည့်နှစ် သရက်ရာသီအတွက် ကြိုတင်ပြင်ဆင်နေကြချိန် ဖြစ်သည်။

သြဂုတ်လဆိုတော့ တရုတ်ပြည်ဘက် ဈေးကွက်က သရက်သီးအဝယ်နည်းသွားပြီ။ မန္တလေးဘက်မှာတော့ အခုလတ်တလောမှာ အများစုက ရင်ကွဲသရက်သီးတွေပဲ ရောင်းနေကြတယ်။ ကျွန်တော့်ခြံက မချစ်စုသီးတွေကတော့ သြဂုတ်လအလယ်လောက်အထိ ရနိုင်ပါတယ်။ ရှမ်းပြည်နယ်ဘက်က ခြံတွေမှာလည်း ရင်ကွဲသရက်တွေ ပမာဏနည်းနည်းတော့ ကျန်တယ်။

ဟု ဦးကျော်စိုးနိုင်က ဆက်လက်ပြောသည်။

     ပြည်တွင်းစားသုံးမှုနှုန်းထားကို လေ့လာကြည့်ပါက ထွက်ရှိသည့် သရက်သီးပမာဏ (၃)ပုံ အနက် (၂)ပုံခန့်ကို သာ အရည်အသွေးအကောင်းဆုံး ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်ပြီး ကျန်ရှိနေသည့် သရက်သီး (ပယ်သီး) များကို Value added ပြုလုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ပါက သရက်ဈေးကွက်အတွက် ရေရှည်ဈေးကွက်တစ်ခု ဖြစ်ထွန်းလာနိုင်ကြောင်း ဦးကျော်စိုးနိုင်က ဆိုသည်။

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာ ညနေဆေးဖျန်းချင်လို့ ရောဂါကင်းလားကြည့်ပေးပါအူး ညနေ အမိုင်နိုနဲ့မင်းသားဖျန်းချင်တယ်ဆရာ ရှယ်ပီကေပါထည့်ချင်လို့ထည့်လို့ရလားဆရာ အခုဆေးတွေဖျန်းလို့ရလားဆရာ အဲ့ပထမပုံကအသီးတွေက ရှုံ့တွန့်ပီးမှည့်ကုန်လို့ဆရာ အရင် ရှေ့ 10 ရက်လောက် ဂရမ်းဖျန်းထားတယ်ဆရာ

U Yan • ဖြေကြားချက် 1 ခု

ဝါပင် အပေါက်မလှလို့ ဘာဆေး ကောင်းလဲဗျ

ကိုကျော်လေး • ဖြေကြားချက် 3 ခု

တိုင်းရင်းငါး monosex ငါးပြေမနဲ့ ငါးရံ့သားပေါက်များကို ရရှိနိုင်တဲ့ ဈေးနှုန်းနဲ့ မအူပင်အနီးကန်နေရာများနှင့် အခြားမြို့များမှ စိတ်ချရသော အရောင်းအဝယ်လုပ်သူများနှင့် အဆက်အသွယ်ရှိကြလားဗျာ့...တာပေါ်လင်ကန်နဲ့မွေးမြူရန် အားနည်းချက်အားသာချက်များကို ဖြေကြားပေးကြပါဗျာ့

YS • ဖြေကြားချက် 2 ခု

၁၀.လပိုင်းမှာအန်နီညိုရာသီဉတုဆိုတော့သခွားစိုက်လို့ရပါတော့မလားစိုက်ပျိုးရေးပညာရှင်တို့ရေအကြံပေးပါအုံးခုသီးနေတဲ့သခွားပင်တွေလဲနွမ်းနေလို့ပါ

,ရဲ‌ေကျာ် • ဖြေကြားချက် 1 ခု

မင်္ဂလာပါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Clethodim Ai ကို တင်သွင်းတဲ့ ကုမ္ပဏီ ရှိလား သိပါရစေခင်ဗျာ တကယ်လို့ရှိရင် ဈေးကွက်နာမည်နဲ့ဝယ်ယူနိုင်တဲ့လိပ်စာ သိပါရစေ

ဦးဇော်မျိုးထက် • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။