အောက်တိုဘာလ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု ယခုဘဏ္ဍာနှစ်အတွင်း အမြင့်ဆုံးရောက်

08/11/2023 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှုဟာ ဧပြီလကစတင်တဲ့ ယခု ၂၀၂၃ - ၂၄ ဘဏ္ဍာနှစ် ၇လ အတွင်း အမြင့်ဆုံးဖြစ်သွားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

အောက်တိုဘာလအတွင်း စုစုပေါင်း ဆန်တင်ပို့မှု ၈၀၁၁၅ မက်ထရစ်တန်နဲ့ ဆန်ကွဲတင်ပို့မှု ၃၉၄၁၁ တန်ရှိခဲ့တာဖြစ်ပြီး ပို့ကုန်ဝင်ငွေအနေနဲ့ တော့ အမေရိကန်ဒေါ်လာ ၆၃ သန်းရှိခဲ့တာဖြစ်ပါတယ်။

ဆန်အများဆုံးတင်ပို့ခဲ့တာကတော့ ၄၀၁၅၀ တန်တင်ပို့နိုင်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး ဆန်ကွဲတင်ပို့မှုအများဆုံးကတော့ တရုတ်နိုင်ငံဖြစ်ကာ ၁၃၆၈၆ တန် တင်ပို့ခဲ့တာပါ။

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန် (၂.၅) သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း(၁၀၀၀) ရရှိရန် ရည်မှန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းဆိုပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဘက်က ထုတ်ပြန်ထား တာ ရှိပါတယ်။ 

ဒါပေမဲ့ ဘဏ္ဍာနှစ်တစ်ဝက်ကျော် ၇ လအကြာထိမှာတော့  ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့ နိုင်မှုဟာ လျာထားချက်ရဲ့  ၅၈၃၆၈၃ မက်ထရစ်တန် (၀.၆ သန်းမပြည့်) သာ တင်ပို့နိုင်သေးပြီး ပို့ကုန်ဝင်ငွေအနေနဲ့လည်း အမေရိကန်ဒေါ်လာ ၂၇၁ သန်း (လျာထားချက်၏ လေးပုံတစ်ပုံကျော်ခန့်) သာ ရရှိထားသေးတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ဟာ မိုးစပါးတောက်လျှောက်ပေါ်နေတဲ့အချိန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ မြန်မာပြည်အောက်ပိုင်း ရေကြီးရေလျှံမှုဖြစ်စဉ်တွေအတွင်း စပါးစိုက်ဧက အမြောက်အမြား ပျက်စီးထားတာမျိုးလည်းရှိပါတယ်။

Photos Crd_ MRF

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်