အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပျိုးဝါးခြမ်းရအောင် ပျိုးထောင်နည်း

ပျိုးဝါးခြမ်းရအောင် ပျိုးထောင်နည်း

Green Way
Green Way • Greenovator • 26/04/2018

သိထားရမယ့် သဘောတရား

စပါးအထွကိတိုးချင်ရင် ပျိုးဝါးခြမ်းကို အသုံးပြုပါ။ စပါးအထွက်တိုးအောင် ဆောင်ရွက်တဲ့လုပ်ငန်းစဉ် တစ်ခုလုံးမှာ ပျိုးပင်ရဲ့ အရည်အသွေးပေါ် ထက်ဝက်ခန့် မူတည်တယ်။ ပျိုးဝါးခြမ်းတွေဟာ ကောက်စိုက်အပြီး ပင်ပွားစောစော ပွားနိုင်တယ်။ ပင်ပွားစောစော ပွားလေ၊ ပင်ပွားကြီးထွားသန်စွမ်းလေ၊ အနှံကြီးထွားသန်စွမ်းလေ တစ်နှံပါ အစေ့များလေ အောင်စေ့များလေ စပါးအထွက်တိုးလေ၊

စပါးအထွက်တိုးအောင် လုပ်မယ်ဆိုရင် ပထမဉီးဆုံးလုပ်ငန်းက ပျိုးဝါးခြမ်းရအောင် ပျိုးထောင်ပါ။

ပျိုးဝါးခြမ်းရဲ့ လက္ခဏာများ

၁။ တို၊ တုတ်၊ သန်မာ၊ အမြစ်ဖွာတယ်။

၂။ ပျိုးပင် အရွယ်ညီတယ်။

၃။ ရောဂါ ကင်းတယ်။

၁။ တို၊ တုတ်၊ သန်မာ၊ အမြစ်ဖွာတဲ့ ပျိုးရအောင် ပျိုထောင်နည်း

သိထားရမည့် သဘောတရား

- ပျိုးခင်းမှာ ရေပြောင်ထားလေ ပျိုးမြစ်တွေ လေရလေ။

- ပျိုးမြစ်တွေ လေရလေ အမြစ်တွေ ကြီးထွားသန်စွမ်းလေ။

- ဒါကြောင့် ပျိုးခင်းမှာ အစိုဓာတ်ရှိရုံသာ ထားရမယ်။

- ပျိုးပင်ပေါက်မှ ပျိုးရွက်နှစ်ရွက် ထွက်ပြီးချိန်မှာ ရေပြောင်လွှတ်ရင် ပျိုးမသန်ဘူး။ ဒါ့ကြောင့် ပျိုးကြဲအပြီး မိုးရွာမယ့် အရိပ်အယောင်မရှိရင် ရေမသွင်းဘဲ ထားရမယ်။

- ပျိုးရွက်တွေ လိပ်ခွေခြင်း မဖြစ်မီအထိ ပျိုးခင်းမျာ ရေပြောင်ထားနိုင်တယ်။

- ဉပမာ ကုန်းပျိုးတွေ သန်စွမ်းတာဟာ ရေနည်းလို့ ဖြစ်တယ်။

- ပျိုးပင်ဘဝမှာ အရွက်နဲ့ ပင်စည်ထက် အမြစ်ဖွံ့ဖြိုးတိုးတက်ရေးက ပိုပြီး အရေးကြီးတယ်။

- အမြစ်ဖွံဖြိုးရင် ကောက်စိုက်အပြီး သုံးရက်မြောက်မှာ ကောက်ပင်လှန်တယ်။

လုပ်ဆောင်ရမယ့် နည်းလမ်း

- ဧရိယာကျဉ်း အစိုပျိုးဘောင်နဲ့ ပျိုးထောင်ပါ။

၂။ အရွယ်ညီတဲ့ ပျိုးပင်တွေရအောင် ပျိုးထောင်နည်း

သိထားရမည့် သဘောတရား

- စပါးပင်ဟာ အရွက်သုံးရွက် ရှိချိန်အထိ အစေ့ထဲ့မှာရှိတဲ့ ကစီဓာတ်ကို စားတယ်။ အစေ့အဆန်ပြည့်ဖြိုးရင် ကစီဓာတ် လုံလောက်လို့ အပင်သန်မယ်။ လုံးပိန်လုံးညှက်မျာ ကစီဓာတ်နည်းလို့ အပင်လှီမယ်။ ဒါကြောင့် မျိုးစေ့အရွယ် မညီရင် ပျိုးပင်အရွယ် မညီဘူး။

- မျိုးစေ့ကို ညီညီညာညာ မကြဲရင် ထူတဲ့ နေရာမှာ အပင်လှီမယ်။ ပါးတဲ့ နေရာမှာ အပင်သန်မယ်။ ဒါကြောင့် ပျိုးပင်အရွယ် မညီဘူး။

- ပျိုးခင်း မျက်နှာပြင် မညီညာရင် အနိမ့်ပိုင်း ရေနေရေထိုင်များတဲ့နေရာက အပင်တွေလှီမယ်၊ အမြင့်ပိုင်း ရေပါးတဲ့နေရာက အပင်တွေသန်မယ်။ ဒါကြောင့် ပျိုးပင်အရွယ် မညီဘူး။

- သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာကို ညီညီညာညာ မကျွေးရင် ပျိုးပင်အရွယ် မညီဘူး။

လုပ်ဆောင်ရမည့် နည်းလမ်း

- ကိုယ့်လယ်ကွက်နဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်ကို သုံးပါ။

- မျိုးစေ့ကို ညီညီညာညာ ကြဲပါ။

- ဧရိယာကျဉ်း အစိုပျိုးဘောင်နဲ့ ပျိုးထောင်ပါ။ (ပျိုးသက် ၁၅-၂၀ ရက်သားမှာ ကောက်စိုက်လို့ ဓာတ်မြေသြဇာသုံးဖို့ မလိုဘူး)

လယ်သမားကြီး သိထားရမယ့် မျိုးစေ့ကောင်းဆိုတာ ဘာလဲ

- အရွယ်အစား ညီညာတယ်

- အစေ့အဆန် ပြည့်ဖြိုးတယ်။ 

- အပင်ပေါက် (၈၀) ရာခိုင်နူန်း ရှိတယ်။ (အစေ့ ၁၀၀ မှာ အစေ့ ၈၀ အပင်ပေါက်တယ်)

- အပင်ငယ်တွေ သန်စွမ်းတယ်။

- အပင် အရွယ်အစား ညီညာတယ်။

- ရောဂါဒဏ် ခံနိုင်ရည် ရှိတယ်။

- ရင့်မှည့်ချိန် ညီတယ်။

- အထွက် (၅) ရာခိုင်နူန်း မှ (၂၀) ရာခိုင်နူန်းအထိ ပိုထွက်နိုင်တယ်။

ရေ မြေဒေသ၊ ရသီဉတုနဲ့ ကိုက်ညီတဲ့မျိုးဆိုတာ ဘာလဲ

- ရေမြေဒေသ၊ ရာသီဉတုနှင့် ကိုက်ညီတယ်။

- စပါးအရည်အသွေးကောင်းတယ်။

- ရောင်းချရာမှာ စျေးကောင်းရတယ်။

- ကြိတ်ခွဲရာမှာ အကျိုးအကြေနည်းတယ်။

- ချက်ပြုတ်တဲ့အခါ အိုးတက်တယ်။

- စားသုံးရာမှာ အနံ့အရသာ ကောင်းတယ်။

- ပင်ပွားထွက်အား ကောင်းတယ်။

- အထွက်နူန်း တည်ငြိမ်တယ်။

ကိုယ့်လယ်ကွက်နဲ့ ကိုက်ညီတဲ့ မျိုးကို အသုံးပြုပါ။

၃။ ရောဂါကင်းတဲ့ ပျိုးပင်တွေရအောင် ပျိုးထောင်နည်း

သိထားရမည့် သဘောတရား

- ပျိုးထောင်တဲ့ လယ်ကွက်ဟာ မြေဆီသြဇာ ညံ့ဖျင်းရင် ပျိုးပင်တွေ ရောဂါကျနိုင်တယ်။

- လောင်မီးရောဂါ၊ မြစ်ဖုတီပိုး ရောဂါနဲ့ ဆစ်ပိုးကျရောက်ခဲ့တဲ့ လယ်ကွက်မှာ ပျိုးထောင်ရင် ရောဂါနဲ့ ဖျက်ပိုးအကြွင်းအကျန်တွေက ပျိုးပင်တွေကို ထပ်မံတိုက်ခိုက်နိုင်တယ်။

- လောင်မီးရောဂါနဲ့ မြစ်ဖုတီပိုးရောဂါ ကျခဲ့တဲ့ လယ်ကွက်က စပါးကို မျိုးအဖြစ် အသုံးပြုရင် မျိုစေ့မှာရောဂါဖြစ်ကြောင်းတွေ ပါလာတယ်။

- သမန်းမပုပ်၊ သမန်းမအေးရင် ပျိုးပင်မှာ မြစ်ပုပ်ရောဂါ ကျရောက်နိုင်တယ်။

- ပျိုးထူမယ်၊ ပုလဲမြေသြဇာကျွေးမယ်ဆိုရင် ရောဂါ ကျရောက်နိုင်တယ်။

လုပ်ဆောင်ရမည့် နည်းလမ်း

- ရောဂါနဲ့ဖျက်ပိုးမကျခဲ့တဲ့ အကွက်မှာ ပျိုးထောင်ပါ။

- ရောဂါကျခဲ့တဲ့ စပါးကို မျိုးအဖြစ် မသုံးရ။

- မျိုးစေ့နူန်းကို လိုအပ်သည်ထက် မသုံးရ။

- သဘာဝမြေသြဇာ၊ စက်ဖွဲပြာများများထည့်ပါ။

- သမန်းပုပ်၊ သမန်းအေး၊ သမန်းပြင်ညီအောင် လုပ်ပါ။

- ပျိုးခင်းမှာ ပုလဲမြေသြဇာ လုံးဝ မသုံးရ။

- ဧရိယာကျဉ်း အစိုပျိုးဘောင်နဲ့ ပျိုးထောင်ပါ။

ဘဟိန်း(စိုက်ပျိုး) (လယ်သမားကြီးများ သိထားရမဲ့ စပါးအထွက်တိုးစေတဲ့ အင်္ဂါရပ်များနဲ့ သဘောတရာများ)

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ဦးခင်ရှိန်

ဦးခင်ရှိန်

လွန်ခဲ့သော ၄ နှစ် က

အသိတိုးရပါတယ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 5 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။