သန့်မြန်မာမှ နိုင်ငံတစ်ဝှမ်းတွင် အမှိုက်စီမံခန့်ခွဲမှုသင်တန်းများကို စဥ်ဆက်မပြတ် ဖွင့်လှစ်လျက်ရှိရာ ယခုအခါ ညောင်ဦးမြို့အတွက် ကျေးလက်အမှိုက်စီမံခန့်ခွဲမှုသင်တန်းကို ဖွင့်လှစ်တော့မည်ဖြစ်ပါသည်။ သင်တန်းသည် ဇူလိုင်လ 7 ရက်နေ့မှ 16 ရက်နေ့အထိ 10 ရက်တာ ကြာမြင့်မည်ဖြစ်ပြီး ပုဂံ - ညောင်ဦးဒေသအတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း အဖွဲ့ဝင်များ (CSO အဖွဲ့ဝင်များ) အတွက် ရည်ရွယ်ဖွင့်လှစ်တာဖြစ်တာ ဖြစ်ပါတယ်။ ဒီသင်တန်းမှတစ်ဆင့် မိမိတို့ရဲ့ရပ်ရွာမှာ ကိုယ်တိုင်အမှိုက်စီမံခန့်ခွဲမှုစနစ်တစ်ခုကို ဦးစီးထူထောင်နိုင်မည့် ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်မည်ဟု မျှော်လင့်ပါတယ်။
စိတ်ပါဝင်စားပါက အောက်ပါ Link ကို ဇွန်လ 25 ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်။ သင်တန်းနှင့် ပတ်သက်ပြီး မေးမြန်းလိုသည်များရှိပါက [email protected] မှ လည်းကောင်း page messenger မှလည်းကောင်း မေးမြန်းနိုင်ပါတယ်။ 📩
အဆိုပါသင်တန်းကို သန့်မြန်မာမှ စီစဥ်ပို့ချတာဖြစ်ပြီး
ဥရောပသမဂ္ဂ 🇪🇺 မှ ဘဏ္ဍာရေး အထောက်အပံ့ပေးထားသော Prevent Plastics project မှ ပံ့ပိုးကူညီထားတာ ဖြစ်ပါတယ်။
သင်ကိုယ်တိုင် လူထုအခြေပြုကျေးလက်ဒေသအမှိုက်စီမံခန့်ခွဲမှုတစ်ခုကို ထူထောင်နိုင်တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်မယ့် အခွင့်အရေးဖြစ်ပြီး လူဦးရေ ၁၅ ယောက်ပဲ ကန့်သတ်ထားတာကြောင့် စိတ်ဝင်စားတယ်ဆိုရင် လျှောက်လွှာလေးကို အမြန်ဆုံးဖြည့်ကြပါစို့နော်!📝
Registration Form Link – https://tinyurl.com/97rep6sb
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more