ရော်ဘာစိုက်တောင်သူများအား ပက်စတာလိုသိရော့စစ်ရွက်ကြွေရောဂါအကြောင်း အသိပေးတင်ပြခြင်း

18/12/2019 18:30 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ရော်ဘာစိုက်ခင်းများ၊ ပျိုးခင်းများကိုထိခိုက်သည့် Pestalotiopasis ၁၉၇၅ ခုနှစ်တွင် မလေးရှားနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ရောဂါကျမှု ပြင်းထန်ကာ ( outbreak ) ပြီးယနေ့ကာလတွင် ကမ္ဘာ့ရော်ဘာထုတ်လုပ်မှု အများဆုံးဖြစ်သော ထိုင်းနှင့် အင်ဒိုနီးရှား အပါအဝင် အိန္တိယ၊သီရိင်္လကာ၊ မလေးရှားစသည့် နိုင်ငံ (၆) နိုင်ငံတွင် ရောဂါကျရောက်လျက်ရှိပါသည်။ရော်ဘာပျိုးခင်း၊ ကိုင်းပွားခင်းနှင့်စိုက်ထိန်းပင်နှင့် အပင်ကြီးများ တွင်လည်း ကျရောက်လျက်ရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၁၆ ခုနှစ်၌ စတင်တွေ့ရှိရပြီး  ၂၀-၄၅ % ခန့် အထွက်ကျဆင်းသည်ကို တွေ့ရှိရပါသည်။ မလေးရှားနိုင်ငံ တွင် စတင်တွေ့ရှိရပြီးရောဂါကြောင့်၉၀ % ရွက်ကြွေမှုရှိသည်ကို တွေ့ရပါသည်။

ထိုင်းနိုင်ငံတွင် ၂၁၀၉ ခုနှစ် စက်တင်ဘာလတွင် Narathiwat ပြည်နယ်တွင် ရောဂါ ပြင်းထန်စွာ စတင်ဖြစ်ပွား လာပါသည်။ရွက်ကြွေခြင်းတွင်  Pestalotiopsis မှိုအပြင် Colletotrichum မှိုပါပူးတွဲကျရောက် သည်ကို ဖော်ပြထားပါသည်။ ထိုင်းနိုင်ငံ Narathiwat ပြည်နယ်တွင် မြန်မာနိုင်ငံ၏ ရော်ဘာ စိုက်ပျိုးမှု အများဆုံးဖြစ်သော တနင်္သာရီတိုင်း၊  မွန်ပြည်နယ်နှင့် နီးကပ်စွာ တည်ရှိနေသည့် အတွက် အထူးအလေးထားရမည့် ရောဂါဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော မလေးရှားနိုင်ငံတွင် ၂၀၁၇ ခုနှစ်တွင် စတင်တွေ့ရှိရပြီး  ရောဂါကြောင့် ၉၀% ရွက်ကြွေမှုရှိသည်ကို တွေ့ရပါသည်။ မလေးရှားနိုင်ငံတွင် ၂၀၁၇ မှ ၂၀၁၉ တွင် ပြုလုပ်သော ရောဂါကျရောက်မှု စစ်တမ်းအရ ရော်ဘာမျိုးများ၏ ရောဂါပြင်းထန်မှုကုကိ ဖော်ပြထားပါသည်။ တောင်ပေါ်နှင့်မြေပြန့် ကို လိုက်၍ ရောဂါပြင်းထန်မှုမှာ အနည်းငယ်ကွာခြားနိုင်ပါသည်။

ထိုသို့ပြင်းထန်စွာကျရောက်တတ်သော ရောဂါဖြစ်သဖြင့် မြန်မာနိုင်ငံတဝှမ်းရှိ ရော်ဘာ စိုက်ခင်းများသို့ ကူးစက်ခြင်းမရှိရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၏  ၂၅.၁၁.၂၀၁၉ ရက်စွဲပါစာအမှတ်၊PPD- ၀၁/၂၀၁၉ (၆၈၁) ဖြင့် နှိုးဆော်စာများထုတ်ပြန်ပြီး ကာကွယ်ရေးနှင့်ပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ နှစ်ရှည်သီးနှံဌာနခွဲနှင့် ပြည်နယ်တိုင်းဒေသကြီးများ ပူးပေါင်းလျက် Pestalotiopsis leaf fall (ပက်စတာလိုသိရော့စစ်ရွက် ကြွေရောဂါ) မှိုရောဂါကျရောက်မှုနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးမည့် အစီအစဉ်များကို အောက်ပါနေ့ရက်များတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာဒေသရှိ ရော်ဘာစိုက်ပျိုးသူ  တောင်သူများ နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပါသည်။

တိုင်း​ဒေသကြီး/ပြည်နယ်များတွင် Pestalotiopsis leaf fall(ပက်စတာလိုသိရော့စစ် ရွက်ကြွေရောဂါ) မှိုရောဂါကျရောက်မှုနှင့် ပတ်သက်၍  အသိပညာပေး  ဆွေးနွေးပွဲများ ကို အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ရော်ဘာစိုက်ပျိုးရာ ဒေသများအတွက် အသိပညာပေး  ဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိ ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သတင်းရရှိပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်