လုပ်ငန်းခွင် စတင်တော့မည့် ရော်ဘာလုပ်ငန်းအခြေအနေနှင့် စျေးကွက်

21/09/2018 09:32 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီး ကျေးရွာအုပ်စုများတွင် တစ်နိုင်တစ်ပိုင် ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်ကြ သူများသည် ရော်ဘာအစေးခြစ်လုပ်ငန်းကို ရာသီဥတုကောင်းမွန်သည်နှင့် ရော်ဘာအစေးခြစ်ယူရန်အတွက် ကြိုတင် ပြင်ဆင်နေကြသည့်အပြင် တစ်ချို့မှာ မိုးတစ်ပြိုက်လေတစ်ပြိုက်နှင့် ရော်ဘာစေး စတင်ခြစ်နေပြီ ဖြစ်ကြောင်း သိရသည်။

 

ပုံမှန်အစေးခြစ်ယူသည့် ကာလသည် တော်သလင်းလပြည့်ကျော်သည်နှင့် အစေးခြစ်ယူကြသည့်အတွက် ပထမဦးဆုံး၊ ခြံထွင်ခြင်း၊ လိုအပ်သောအစေးခံခွက်၊ ကော်ဇွန်း၊ အစေးခြစ်ဓား၊ ရေပုံး၊ ဝါးနှီး၊ ပလတ်စတစ်ကြိုး၊ စသည့်အခြားလိုအပ်သော အသုံးအဆောင်များအပြင် အဓိကမှာ အစေးခြစ်အလုပ်သမားများရရှိရန် လိုအပ်နေကြောင်းနှင့် ရော်ဘာစေးများ ခြစ်ယူနေကြပြီဖြစ်ကြောင်း သိရသည်။

 

အဓိက အလုပ်သမားပါ။ အလုပ်သမားတောင်းတဲ့လစာကို ညှိနှိုင်းနိုင်ပေမယ့် ကျွမ်းကျင်မှုနဲ့ အလုပ်မြဲမှုပဲ လိုတာပါ။ မကျွမ်းကျင်ရင် အပင်ပျက်စီးပြီး အလုပ်မမြဲရင်လည်း အလုပ်သမားထပ်ရှာဖို့ အလွယ်ဘူးလေ။ အရင်တုန်းက အလုပ်သမား အလုပ်က အစ၊ အဆုံးဆိုပေမယ့် အခု အလုပ်သမားအလုပ်က ကော်ရေခြစ်ပြီး ခြံထဲမှာပဲ ကော်ရေထားခဲ့ပြီးပြီ။ ကျန်တဲ့ကော်ရေ(ရော်ဘာအစေးရည်)ကို ဆိုင်ကယ်နဲ့ ခြံထဲကသွားယူ။ ကော်ရေခဲ၊ ကြိတ်၊ လှန်၊ မှိုင်းတင်တဲ့အလုပ်ကို ခြံရှင်ကိုယ်တိုင်လုပ်။ မလုပ်နိုင်ရင် လုပ်ပေးမယ့်သူကို ထပ်ငှားပေါ့။ ကုန်ကျစာရိတ် ပိုများလာတာပေါ့။" ဟု ရော်ဘာခြံတစ်နိုင်တစ်ပိုင်လုပ်ကိုင်သူ ဒညင်းကုန်းကျေးရွာမှ ခြံရှင်တစ်ဦးက ပြောသည်။

 

ရော်ဘာစျေးက ဘယ်လိုနေမှန်းမသိဘူး။ ထက်ဝက်စား သီးစားပြန်ပေးရင်လည်း တွတ်ခြေမကိုက်၊ အပင်နာတာပဲ အဖတ်တင်တယ်။ အပင်ကောက်စနစ်နဲ့ ငှားပြန်ရင်လည်း အပင်စေ့ခြစ်မှန်း။ မခြေစ်မှန်းမသိရ။ လခစားနဲ့ လုပ်တာတောင် တစ်နှစ်စာ အထွက်နူန်းတန်ဖိုးကို တွက်ကြည့်တော့ အလုပ်သမားက ငွေနှစ်ဆ၊ ကိုယ်က တစ်ဆပဲ ရတော့ နာမည်ကြီး၊ ထမင်းငတ်ပါပဲ။ လခစားပဲ ပေးခြစ်မယ်။ အလုပ်သမားရှာမရရင်လည်း ဒီအတိုင်းပဲထားတော့မယ်။ ရော်ဘာစျေးနူန်းက အရင်ကလို မတည်ငြိမ်တော့ အလုပ်သမားခတွေကိုလည်း ဘယ်လောက်ဆိုတာ ပေးဖို့ခက်နေတယ်"ဟု ဝင်းပ ကျေးရွာမှ ခြံရှင်တစ်ဦးက ပြောသည်။

 

မနှစ်က သိမ်းထားတဲ့ ရော်ဘာစျေးက အခုအချိန်မှာ မှိုင်းကျ တစ်ပေါင်ကို ငွေကျပ်ရှစ်ရာ ပေါက်စျေးရှိပါတယ်။ အခုရာသီအတွက် စျေးမဖွင့်ရသေးပါဘူး။" ဟု သိမ်ဆိပ်ရပ်ကွက်မှ ရော်ဘာအရောင်းဝယ်သူတစ်ဦးထံမှ သိရသည်။

 

တော်သလင်းလပြည့်ကျော်လျှင် ရော်ဘာခြစ်ရာသီချိန်ရောက်ပြီဖြစ်သောကြောင့် ရော်ဘာစိုက်ပျိုးသူ ခြံရှင်များသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြသူများရှိကာ စတင်လုပ်ကိုင်နေကြသူတစ်ချို့ ရှိနေပြီး ရော်ဘာအစေးခြစ် အလုပ်သမားများကို ရှာဖွေနေကြဆဲနှင့် လုပ်အားခမည်မျှပေး၍ အလုပ်သမားခမည်သို့ ပေးရမည်ကို အတိအကျ မသိရသေးကြောင်း သိရသည်။

 

မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ဧက တစ်သိန်းခွဲကျော်ရှိပြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကို အဓိက အားထားနေရသော ပြည်နယ်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့အလင်း(၂၀..၂၀၁၈)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်