စတုတ္တအကြိမ်မြောက် မန္တလေးမြို့ နိုင်ငံတကာ မွေးမြူရေးနှင့်စိုက်ပျိုးရေးပြပွဲမှာ လယ်ထွန်စက်ပစ္စည်းများကို မန္တလေးကွန်ဗင်းရှင်းစင်တာမှာ အရစ်ကျစနစ်ဖြင့်ပါ ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
မန္တလေးနဲ့ အထက်မြန်မာပြည်မှာရှိတဲ့ တောင်သူများအတွက် လယ်ထွန်စက်ပစ္စည်းများကို ကျယ်ကျယ် ပြန့်ပြန့်သိရှိစေနိုင်ဖို့အတွက် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ ပွဲစီစဉ်သူ ဦးဇာနည် က ပြောပါတယ်။
“ မန္တလေးမှာရှိတဲ့ စိုက်ပျိုးရေးတောင်သူတွေ အထက်ဗမာပြည်မှာရှိတဲ့ တောင်သူတွေကို နည်းပညာအသစ်တွေနဲ့ ထွန်စက်ပစ္စည်းအသစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပိုပြီးတော့ သိရှိစေနိုင်အောင်လို့ ကျင်းပပြုလုပ်တာပါ။ ဒီနှစ်ဆို မန္တလေးမှာကျင်းပတာ လေးကြိမ်မြောက်ရှိသွားပါပြီ”
လယ်ထွန်စက်ကုမ္ပဏီပေါင်းစုံမှ တောင်သူများ အကြိုက်များတဲ့ ထွန်စက်အမျိုးမျိုး၊ ရိတ်သိမ်းခြွေလှေ့စက်များ ၊ ထွန်စက်များ၊ ထယ်စက်များကို လက်ငင်း (သို့မဟုတ်)အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ မန္တလေး နိုင်ငံတကာမွေးမြူရေးနှင့် စိုက်ပျိုးရေးပြပွဲနဲ့အတူ ၂၀၁၉ စိုက်ပျိုးရာသီ လယ်ယာသုံးစက်ပစ္စည်း အထူးအရောင်းပွဲတော်ကြီးကို မန္တလေးကွန်ဗင်းရှင်းစင်တာမှာ နံနက် (၉)နာရီမှ ညနေ(၆) နာရီထိ ကျင်းပသွားမှဖြစ်ကြောင်း သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more