ဖရဲသခွားစိုက် တောင်သူများ၏ အခက်အခဲ အစိုးရသိစေလို၍ မုံရွာတွင် ဖရဲသီးများဝေပေး

07/01/2019 15:00 PM တွင် Thein Soe Min Thein Soe Min မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နယ်စပ်ဂိတ် ပိတ်ထားသဖြင့် တောင်သူများ၏ အခက်အခဲကို အစိုးရသိစေရန် ရည်ရွယ်ပြီး ဘုတလင်မြို့နယ်မှ ဖရဲသခွားစိုက် တောင်သူများ မုံရွာမြို့သို့ ယနေ့နံနက်ပိုင်းက အခမဲ့ လာရောက်ဝေခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သို့ သီးနှံအဓိကပို့သည့် ကျင်ဆန်းကျော့ဂိတ် ပိတ်ထားသည်မှာ ၁၀ ရက်ကျော်ရှိပြီဖြစ်ပြီး သွားရောက်ပို့သည့် ဖရဲသီးများ ပျက်စီးကာ အခင်းတွင်းက အသီးများလည်း ဆက်မပို့ရသဖြင့် ဆုံးရှုံးနစ်နာနေကြသည်။ အစိုးရအနေဖြင့် အမြန်ဖြေရှင်းပေးစေချင်သည်ဟု လာရောက်ဝေသည့် တောင်သူများက ဆိုသည်။

"ကားတွေ ပိတ်နေတဲ့အတွက် ကားခတွေဈေးကြီးပြီး ခေါ်မရဘူး။ ပို့ရမယ့်အချိန်မှာ ပို့မရတော့ အခင်းထဲ အသီးတွေအပျက်မခံနိုင်ဘူး။ဒါကြောင့် လာဝေတာ။ ဒီရာသီကို ဒီအတိုင်းဆက်ဖြစ်မယ်ဆို တောင်သူတွေက ဘဝပျက်ပြီ။"ဟု ဘုတလင်မှ ဖရဲစိုက်တောင်သူ ကိုသစ္စာက ပြောသည်။

ဖရဲသီးများကို ကုန်တင်ကား ၅စီးဖြင့် တန်ချိန် တန်၅၀ခန့် တင်လာပြီး မုံရွာနာရီစင်အနီးတွင် ဝေခဲ့ခြင်းဖြစ်သည်။ ဖရဲတစ်ဧကစိုက်ပျိုးပါက တောင်သူများအနေဖြင့် ငွေကျပ် သိန်း ၆၀ အထိ ရင်းနှီးမြုပ်နှံရသည်။

ဖရဲသခွားများကို မူဆယ် ၁၀၅ မိုင်တွင်သာ အပြီးအပြတ်ရောင်းချနိုင်အောင် လုပ်ပေးခြင်း သို့မဟုတ် ကျင်ဆန်းကျော့ဂိတ်ကို နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာထိုးပြီး တရားဝင် ဖွင့်ပေးရန် ဆန္ဒပြတောင်းဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

Source - အိအိမွန် (မုံရွာဂေဇက်သတင်းစာ)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်