ဟင်းသီးဟင်းရွက်များအနက် ပုံမှန်ဈေးကွက်တစ်ခု ရရှိနေသော သခွားသီးစိုက်ပျိုးရေးကို တိုးချဲ့စိုက်ပျိုးသင့်

22/06/2021 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ဟင်းသီးဟင်းရွက်များအနက် ပုံမှန်ဈေးကွက်တစ်ခုရရှိနေသော သခွားသီးစိုက်ပျိုးရေးကို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ကုန်စိမ်းဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။

သခွားသီးက အချိန်တိုနဲ့ငွေပြန်ပေါ်စေနိုင်ပါတယ်။ ရက်ကြာကြာလည်း စိုက်ပျိုးစရာမလိုဘူး။ တောင်သူအများစုကတော့ သခွားကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှု မများသေးဘူးပေါ့နော်။ စိုက်ပျိုးထုတ်လုပ်မှုမများသေးဘူးဆိုတာက တချို့တောင်သူတွေကလည်း စိုက်နည်းစနစ်မကျွမ်းကျင်သေးလို့ မစိုက်ကြတာပေါ့နော်။ တချို့တောင်သူတွေကျတော့လည်း သခွားက စီးပွားဖြစ်စိုက်ပျိုးသင့်တဲ့ သီးနှံတစ်ခုဆိုတာကို မသိကြတာပေါ့။ ကျွန်တော်တို့ကတော့ သခွားကိုစိုက်ခဲ့တာ သုံးနှစ်ရှိပြီ။ တို့စားတဲ့ အသုတ်သုတ်စားတဲ့ သခွားသီးမျိုးကို စိုက်တာပါ။

ဟု မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဒေးဒရဲကျေးရွာမှ သခွားသီး စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူ ကိုဟန်ဇော်သက် က ပြောသည်။

    စိုက်ပျိုးရေးသွင်းအားစုစရိတ်များ ကြီးမြင့်လာခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးမကောင်းသဖြင့် ဈေးကွက်ကျဆင်းခြင်းများကို ကြုံတွေ့ရင်ဆိုင်နေရသည့်အတွက် ယခုနောက်ပိုင်းကာလများအတွင်း တောင်သူအများစုမှာ ရက်အနည်းငယ် လအနည်းငယ်နှင့် အဆင်ပြေငွေပေါ်နိုင်သော ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်မှုကို စိတ်ပါဝင်စားလာကြခြင်း ဖြစ်သည်။

ကျွန်တော်တို့ဒေသက စိုက်ပျိုးထုတ်လုပ်တဲ့သခွားသီးတွေ ထွက်ရှိလာတဲ့အခါ မင်းဘူး၊ မကွေးမြို့တွေကို တင်ပို့ရောင်းချနေပါတယ်။ မင်းဘူး၊ မကွေးကနေပြီးတော့ လမ်းကြောအဆင်ပြေတယ်ဆိုရင် ရခိုင်ပြည်နယ်ဘက်အထိအောင် တင်ပို့တယ်။ ရခိုင်ပြည်နယ်အထိ တင်ပို့နိုင်တဲ့အခါကျတော့ ဈေးကွက်ပိုများများရတာပေါ့။ အရည်အသွေးကောင်းဖို့က တော့ မြေဩဇာသုံးစွဲမှု၊ ရေဓာတ်ပါဝင်မှုတို့နဲ့လည်း သက်ဆိုင်ပါတယ်။ ကျွန်တော့်အတွေ့အကြုံအရပြောရရင် တချို့တောင်သူတွေ စိုက်ပျိုးနည်းမကျွမ်းကျင်လို့ အခင်းပျက်သွားတာ၊ (၂)လုံး (၃)လုံးနဲ့ ပွဲသိမ်းသွားတာလည်းရှိသလို၊ တချို့လည်း (၁၀)လုံးမက အသီးထွက်တာလည်း ရှိတယ်။ ပုံမှန်တော့မရှိဘူးပေါ့။

ဟု ကိုဟန်ဇော်သက်က ဆက်လက်ပြောသည်။

    သခွားသီးပင်သည် စတင်စိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် အသီးစထွက်ပြီး၊ သခွားပင်တစ်ပင်လျှင် သခွားသီးအလုံးရေ (၇)လုံးမှ (၁၀)လုံးအတွင်း အသီးထွက်နှုန်းရရှိပါက တောင်သူများအတွက် တွက်ခြေကိုက်အဆင်ပြေနိုင်ကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်