ရော်ဘာပင်များ ရောဂါကျရောက်မှုနည်းပါးစေရန် မျိုးကောင်းမျိုးသန့်များကို စနစ်တကျ ရွေးချယ်စိုက်ပျိုးသင့်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တချို့မှိုရောဂါတွေ ကျရောက်တဲ့အခါ စိုက်ခင်းတွေမှာ drone နဲ့ ဆေးဖြန်းမှ ရမှာမို့ ကုန်ကျစရိတ် မတတ်နိုင်ကြဘူး။ ဒါကြောင့် ရောဂါဒဏ်ကိုခံနိုင်တဲ့ BPM-24 မျိုးကို စိုက်ကြဖို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ အကြံပေးတာပါ။ ရော်ဘာမျိုးအတော်များများမှာ ကျရောက်တတ်တဲ့ တချို့ရောဂါပိုးတွေကိုတောင် BPM-24 ကတော့ တစ်ခြားမျိုးတွေထက် ခံနိုင်ရည်ရှိပါတယ်။
ဟု စိုက်ပျိုးရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ဦးဝင်းဇော် က ပြောသည်။
မိုးဦးကာလတွင် ကျရောက်လေ့ရှိသည့် သီးပုပ်ရွက်ကြွေရောဂါ (Phytophthora spp.) ကဲ့သို့ မှိုရောဂါမျိုး ကျရောက်ပါက မှိုမျှင်များမှ ရွက်ညှာကို အဓိကကျရောက်လေ့ရှိပြီး၊ မျိုးစေ့မအောင်သည်အထိ ဖြစ်ပွားတတ်ကြောင်း သိရသည်။
ဒီလိုရောဂါမျိုးဆိုရင် ရော်ဘာမျိုးစေ့ စုဆောင်းသူတွေကြောက်တဲ့၊ ဆိုးဝါးတဲ့ အပင်ရောဂါပါ။ မှိုရောဂါဆိုတော့ တစ်ခါကျပြီးရင် မပျောက်တော့ဘူး။ အခြေအနေပေးတဲ့ ရာသီဥတုမျိုးရောက်ရင် ရောဂါပြန်ကျလာတာပါဘဲ။ တောထဲမှာ ဖက်စွပ်မှိုတို့၊ တောင်ပို့မှိုတို့ နှစ်စဉ် သူ့ရာသီရောက်ရင် အလိုလိုပေါက်တဲ့ သဘောမျိုးပါဘဲခင်မျ။ ဒါကြောင့် သီးနှံပင်တွေတိုင်းမှာ ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိတဲ့မျိုးတွေကို ပြောင်းလဲစိုက်ကြဖို့ ပညာပေးကြတာပါ။ မျိုးကောင်းမျိုးသန့်စိုက်ပျိုးတာက ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်တဲ့ နည်းတစ်ခုပါပဲ။
ဟု ဦးဝင်းဇော် က ဆက်လက်ပြောသည်။
မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုမှာ ၁၉၈၅ ခုနှစ်မှစတင်၍ တစ်စစ တိုးတက်လာခဲ့ပြီး၊ ရော်ဘာစိုက်ဧက ၁၄ သိန်းဝန်းကျင်မှ ရော်ဘာစေး တန်ချိန် မက်ထရစ်တန် (၈၀၀၀) ခန့် အထိ ထုတ်လုပ်တင်ပို့ရောင်းချနေကြောင်း သိရသည်။
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more
Greenovator