မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း နဲ့ Makro Myanmar တို့နားလည်မှု စာချွန်လွှာရေးထိုးပွဲကို မတ်လ(၁၀)ရက်နေ့ကပြုလုပ်ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချနေသော တောင်သူများ စျေးကွက်ပိုမိုရရှိရေးနဲ့ ရေရှည်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြုလုပ်တာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီး ဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌဦးစိုးသန်းမင်းဒင်ကပြောပါတယ်။
Makro Myanmar နဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ ဘေးကင်းလုံခြုံစိတ်ချရတဲ့ ဟင်းသီးဟင်းရွက်များနဲ့ သီးနှံများစိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်လာရေးအတွက် ရည်ရွယ်ပြီးလုပ်တာပါ
Makro Myanmar နဲ့ပူးပေါင်း၍ မြန်မာ့ စိုက်ပျိုးရေးထုတ်ကုန်များရောင်းချနိုင်ရေးအတွက် နားလည်မှု စာချွန်လွှာရေးထိုးတာဖြစ်ပါတယ်လို့ မြန်မာ့ငရုတ်သီးစျေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌဒေါ်ဥမ္မာကျော်ကပြောပါတယ်။
Makro Myanmar ကနေပြီးတော့ ကုန်တိုက်လာဆောက်မယ်။ အဲဒီမှာ မြန်မာ့စိုက်ပျိုးရေးထွက်ကုန် တွေရောင်းချသွားနိုင်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်သွားဖို့ပါ
ဒေသခံတောင်သူများရဲ့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး ၊ အဖွဲ့အစည်းနှစ်ခုအကြား ရေရှည်အကျိုးကျေးဇူးဖြစ်ထွန်းလာစေရေးနဲ့ ပြည်တွင်းထွက်ကုန်များ ဖြန့်ဖြူးနိုင်ရေးတို့ကို ရည်ရွယ်ပြုလုပ်တာဖြစ်ကြောင်းလည်း သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more