ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် ပိုးမွေးမြူရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာ

03/10/2019 16:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် ဆယ်စုနှစ်ကျော် ရပ်နားထားခဲ့သော ပိုးမွေးမြူရေး လုပ်ငန်းများ ပြန်လည်စတင် လုပ်ကိုင်လာကြောင်း သိရသည်။

“ဒီလုပ်ငန်းကို  အဓိကလုပ်ရတာက တွန်း ဇံနယ်မှာတော့ ဝန်ထမ်းကလွဲပြီးတော့ ဝင်ငွေ ရတဲ့လုပ်ငန်းက မယ်မယ်ရရမရှိဘူး။ ဒီပိုးမွေး မြူရေးလုပ်ငန်းက အောင်မြင်ခဲ့ပြီးတဲ့လုပ်ငန်း ဖြစ်လို့ ပြန်စလိုက်ရင် ဒေသခံတွေ အနေနဲ့က ပညာရေးလည်း မလိုဘူး။ လက်ရှိတယ် ခြေ ထောက်ရှိတယ်ဆိုရင် ဝင်ငွေရနိုင်တဲ့လုပ်ငန်း ဖြစ်လို့ ဒီလုပ်ငန်းကို တွန်းဇံနယ်မှာရှိတဲ့ ဒေသခံတွေ ပုံမှန်ဝင်ငွေရရှိစေဖို့ အတွက် ပြန်လည် လုပ်ကိုင်တာပါ။ ဒီလုပ်ငန်းက သုတေသနလုပ် စရာမလိုဘဲနဲ့ အောင်မြင်ပြီးသားလုပ်ငန်းတစ် ခုကို ပြန်လည်အစပြုတဲ့အခါ မျှော်လင့်ချက် အကြီးကြီးရှိပါတယ်။

သတင်းအပြည့်အစုံဖတ်ရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်