စောင်းလျားသီး စိုက်ပျိုးနည်း

22/12/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စောင်းလျားသီးရဲ့မူရင်းဒေသတွေက အင်ဒိုနီးရှား၊ မလေးရှားနဲ့ တရုတ်တောင်ပိုင်းတို့ဖြစ်ပါသည်။ အချိုသီးနဲ့ အချဉ်သီးဟူ၍ မျိုးနှစ်မျိုးရှိပါသည်။ စောင်းလျားသီးကို အင်္ဂလိပ်အမည် Star Fruit လို့ခေါ်သည့်အပြင် Carambola ဟူ၍လည်း အများအပြားခေါ်ဝေါ်ကြပါသေးသည်။ ကျန်းမာရေးနဲ့သင့်တော်တဲ့ သစ်သီးဝလံများကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရာတွင် စောင်းလျားသီးသည်လည်း သင့်တော်သော သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ယခုခေတ်တွင် သစ်သီးဝလံများကို ကျန်းမာရေးနဲ့အညီ အဓိကအစားအစာအဖြစ်စားသုံးလာပြီးနောက် မြန်မာနိုင်ငံတွင်လည်း စောင်းလျားသီးပင်များ တိုးချဲ့စိုက်ပျိုးပြီး တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်သင့်ပါသည်။

ရာသီဥတုလိုအပ်ချက်

မြန်မာနိုင်ငံ အညာဒေသဘက်တွင် အများအပြားစိုက်ပျိုးပေါက်ရောက်ကြပါသည်။ စောင်းလျားပင်များသည် အစိုဓာတ်ရှိပြီး ပူနွေးတဲ့ရာသီဥတုမှာ ကောင်းစွာဖြစ်ထွန်းပါသည်။ အိန္ဒိယနိုင်ငံတွင် အမြင့်ပေ ၁၂၀၀ မီတာ အထက်မှာ စိုက်ပျိုးကြပါသည်။ 

စိုက်ပျိုးမြေ

မြေအမျိုးအစားတော်တော်များများတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ သို့သော် မြေဆီကောင်းပြီး ရေသွင်းရေထုတ်ကောင်းမွန်သောမြေမျိုးတွင် စိုက်ပျိုးပါက အထွက်နှုန်းကောင်းပြီး စိုက်ပျိုးဖြစ်ထွန်းသည်။ စောင်းလျားသီးကို အက်ဆစ်ဆန်သောမြေ၊ အယ်ကာလီဆန်သောမြေ နှစ်ခုလုံးတွင် စိုက်ပျိုးနိုင်သည်။ မြေချဉ်ငံဓာတ် (soil pH) ၅.၅-၆.၅ ကြားသည် အကောင်းဆုံးအနေအထားဖြစ်ပါသည်။ 

မျိုးပွားခြင်း

ကိုင်းကူးကိုင်းဆက်၊ အဖူးမြှုပ်၊ မြေထုပ်စည်းနှင့် အစေ့မှပျိုးထောင်စိုက်ခြင်း စသည့်နည်းတို့ဖြင့် စိုက်ပျိုးနိုင်သည်။ 

ပင်ကြားတန်းကြား

ပုံမှန်အားဖြင့် ပင်ကြားတန်းကြား ၂၆ ပေ စီခြား၍ စိုက်ပျိုးပါ။

ရေပေးခြင်း

ရွေ့ပြောင်းစိုက်ပျိုးပြီးချင်း ရေပေးရပါသည်။ အပင်ငယ်စဉ်တွင် ရေလိုအပ်ချက်ပေါ်မူတည်ပြီး တစ်ရက်ခြား ရေလောင်းပေးရသည်။ မိုးရွာသီတွင် ရေလောင်းပေးစရာမလိုအပ်ပါ။ မိုးရေများပြီး ရေဝပ်တဲ့အနေအထားတွင် ရေသွင်းရေထုတ်ကောင်းအောင် လုပ်ပေးဖို့လိုပါသည်။

အပင်ပြုစုခြင်း

ပေါင်းမြက်များကို အခါအားလျော်စွာရှင်းပေးဖို့လိုအပ်ပါသည်။ သဘာဝမြေသြဇာများ ထည့်ပေးဖို့လိုအပ်ပါသည်။

ပိုးမွှားရောဂါ

အရွက်များတွင် အမဲစက်ပြောက်ရောဂါ၊ အစက်အပြောက်ရောဂါများ ကျရောက်တတ်သည်။ မှည့်ပြောက်စွန်းရောဂါ၊ အမြစ်ပုပ်ရောဂါ၊ မှိုရောဂါများသည် စောင်းလျားသီးတွင်အဖြစ်များသည်။ သီးထိုးယင်များ ကျရောက်မှုတွေ့ရတတ်ပါသည်။

ရိတ်သိမ်းခြင်း

ကိုင်းကူးကိုင်းဆက်အပင်များသည် ၁ နှစ် ၂ နှစ်နေလျှင် အသီးစသီးသည်။ အသီးများသည် ပင်စည်များပေါ်တွင် သီးသည်။ တစ်နှစ်ပတ်လုံးအသီးသီးနိုင်ပေမဲ့ အသီးသီးနှုန်းအမြင့်ဆုံးအချိန်မှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီမှ အောက်တိုဘာလတွင်း ဖြစ်ပါသည်။ အသီးနုမှ အသီးရင့်ချိန်သည် ရက်ပေါင်း ၆၀ ကြာလေ့ရှိပါသည်။ အသီးအရောင် အစိမ်းမှ အဝါရောင်သို့ပြောင်းချိန်တွင် ခူးဆွတ်နိုင်ပါသည်။ 

အထွက်နှုန်းသည် မျိုးနှင့် အပင်အသက်ပေါ်တွင် မူတည်ပါသည်။ ပုံမှန်အားဖြင့် တစ်ပင်တွင် ၈၀-၉၀ ကီလိုဂရမ်ထွက်ရှိပါသည်။

ref: https://www.agrifarming.in/star-fruit-farming

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်