စောင်းလျားသီး စိုက်ပျိုးနည်း
စောင်းလျားသီးရဲ့မူရင်းဒေသတွေက အင်ဒိုနီးရှား၊ မလေးရှားနဲ့ တရုတ်တောင်ပိုင်းတို့ဖြစ်ပါသည်။ အချိုသီးနဲ့ အချဉ်သီးဟူ၍ မျိုးနှစ်မျိုးရှိပါသည်။ စောင်းလျားသီးကို အင်္ဂလိပ်အမည် Star Fruit လို့ခေါ်သည့်အပြင် Carambola ဟူ၍လည်း အများအပြားခေါ်ဝေါ်ကြပါသေးသည်။ ကျန်းမာရေးနဲ့သင့်တော်တဲ့ သစ်သီးဝလံများကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရာတွင် စောင်းလျားသီးသည်လည်း သင့်တော်သော သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ယခုခေတ်တွင် သစ်သီးဝလံများကို ကျန်းမာရေးနဲ့အညီ အဓိကအစားအစာအဖြစ်စားသုံးလာပြီးနောက် မြန်မာနိုင်ငံတွင်လည်း စောင်းလျားသီးပင်များ တိုးချဲ့စိုက်ပျိုးပြီး တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်သင့်ပါသည်။
ရာသီဥတုလိုအပ်ချက်
မြန်မာနိုင်ငံ အညာဒေသဘက်တွင် အများအပြားစိုက်ပျိုးပေါက်ရောက်ကြပါသည်။ စောင်းလျားပင်များသည် အစိုဓာတ်ရှိပြီး ပူနွေးတဲ့ရာသီဥတုမှာ ကောင်းစွာဖြစ်ထွန်းပါသည်။ အိန္ဒိယနိုင်ငံတွင် အမြင့်ပေ ၁၂၀၀ မီတာ အထက်မှာ စိုက်ပျိုးကြပါသည်။
စိုက်ပျိုးမြေ
မြေအမျိုးအစားတော်တော်များများတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ သို့သော် မြေဆီကောင်းပြီး ရေသွင်းရေထုတ်ကောင်းမွန်သောမြေမျိုးတွင် စိုက်ပျိုးပါက အထွက်နှုန်းကောင်းပြီး စိုက်ပျိုးဖြစ်ထွန်းသည်။ စောင်းလျားသီးကို အက်ဆစ်ဆန်သောမြေ၊ အယ်ကာလီဆန်သောမြေ နှစ်ခုလုံးတွင် စိုက်ပျိုးနိုင်သည်။ မြေချဉ်ငံဓာတ် (soil pH) ၅.၅-၆.၅ ကြားသည် အကောင်းဆုံးအနေအထားဖြစ်ပါသည်။
မျိုးပွားခြင်း
ကိုင်းကူးကိုင်းဆက်၊ အဖူးမြှုပ်၊ မြေထုပ်စည်းနှင့် အစေ့မှပျိုးထောင်စိုက်ခြင်း စသည့်နည်းတို့ဖြင့် စိုက်ပျိုးနိုင်သည်။
ပင်ကြားတန်းကြား
ပုံမှန်အားဖြင့် ပင်ကြားတန်းကြား ၂၆ ပေ စီခြား၍ စိုက်ပျိုးပါ။
ရေပေးခြင်း
ရွေ့ပြောင်းစိုက်ပျိုးပြီးချင်း ရေပေးရပါသည်။ အပင်ငယ်စဉ်တွင် ရေလိုအပ်ချက်ပေါ်မူတည်ပြီး တစ်ရက်ခြား ရေလောင်းပေးရသည်။ မိုးရွာသီတွင် ရေလောင်းပေးစရာမလိုအပ်ပါ။ မိုးရေများပြီး ရေဝပ်တဲ့အနေအထားတွင် ရေသွင်းရေထုတ်ကောင်းအောင် လုပ်ပေးဖို့လိုပါသည်။
အပင်ပြုစုခြင်း
ပေါင်းမြက်များကို အခါအားလျော်စွာရှင်းပေးဖို့လိုအပ်ပါသည်။ သဘာဝမြေသြဇာများ ထည့်ပေးဖို့လိုအပ်ပါသည်။
ပိုးမွှားရောဂါ
အရွက်များတွင် အမဲစက်ပြောက်ရောဂါ၊ အစက်အပြောက်ရောဂါများ ကျရောက်တတ်သည်။ မှည့်ပြောက်စွန်းရောဂါ၊ အမြစ်ပုပ်ရောဂါ၊ မှိုရောဂါများသည် စောင်းလျားသီးတွင်အဖြစ်များသည်။ သီးထိုးယင်များ ကျရောက်မှုတွေ့ရတတ်ပါသည်။
ရိတ်သိမ်းခြင်း
ကိုင်းကူးကိုင်းဆက်အပင်များသည် ၁ နှစ် ၂ နှစ်နေလျှင် အသီးစသီးသည်။ အသီးများသည် ပင်စည်များပေါ်တွင် သီးသည်။ တစ်နှစ်ပတ်လုံးအသီးသီးနိုင်ပေမဲ့ အသီးသီးနှုန်းအမြင့်ဆုံးအချိန်မှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီမှ အောက်တိုဘာလတွင်း ဖြစ်ပါသည်။ အသီးနုမှ အသီးရင့်ချိန်သည် ရက်ပေါင်း ၆၀ ကြာလေ့ရှိပါသည်။ အသီးအရောင် အစိမ်းမှ အဝါရောင်သို့ပြောင်းချိန်တွင် ခူးဆွတ်နိုင်ပါသည်။
အထွက်နှုန်းသည် မျိုးနှင့် အပင်အသက်ပေါ်တွင် မူတည်ပါသည်။ ပုံမှန်အားဖြင့် တစ်ပင်တွင် ၈၀-၉၀ ကီလိုဂရမ်ထွက်ရှိပါသည်။
ref: https://www.agrifarming.in/star-fruit-farming
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
maxx
လွန်ခဲ့သော ၄ နှစ် ကကိုင်းကူးနည်းလေးသိပါရစေခင်ဗျာ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
မတ်ပဲအမြစ်ပွားအပင်သန်အောင်ဘာဆေးသုံးရမလဲ
Sawsamson • ဖြေကြားချက် 1 ခု
မင်းဧရာ ဆရာ/ရေအစိုဓါတ်အနေအထားဘယ်လောက်ပေးဖို့လိုလဲဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။
ဦးမောင်ကို • ဖြေကြားချက် 1 ခု
ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026