ငါးတန်အသားတိုးမွေးမြူနည်း

31/05/2023 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးတန်ငါးမျိုးများသည် မိုးဦးရာသီတွင် သဘာဝအလျောက် ဥချသားပေါက်လေ့ရှိပြီး မြစ်ချောင်းများတွင် နေထိုင်ကျက်စားကာ အစုံစားသောငါးမျိုးဖြစ်ပါသည်။ အသားတိုးနှုန်းကောင်းမွန်၍ မြေကန်နှင့်သော် လည်းကောင်း၊ လှောင်အိမ်ဖြင့်သော်လည်းကောင်း၊ ရေရှင်မွေးမြူနည်းစနစ်ဖြင့်သော်လည်းကောင်း စီးပွားဖြစ်မွေးမြူထုတ်လုပ်နိုင်ပါသည်။

မြေနေရာ မြေအမျိုးအစားရွေးချယ်ခြင်း

၁။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စျေးကွက်နှင့် နီးသောနေရာဖြစ်ရမည်။

၂။ တစ်နှစ်ပတ်လုံးရေရရှိ၍ အလွယ်တကူ ရေလဲလှယ်ပေးနိုင်သော နေရာဖြစ်ရမည်။

၃။ ရေကိုကောင်းစွာထိန်းသိမ်းနိုင်သော ရွှံ့စေး(သို့) ရွှံ့နုန်းမြေအမျိုးအစားကို ရွေးချယ်သင့်ပါသည်။

ကန်တူးဖော်ခြင်း

  • ၁။ ငါးတန်မွေးမြူရန် အနည်းဆုံး ရေအနက် ၄ ပေလိုအပ်ရာ မြေသားအနက် ၄ ပေ တူးဖော်ရန် လိုအပ်ပါသည်။
  • ၂။ ရေနက်ကွင်းဒေသများတွင် အလယ်၌ ကျောက်ပြင်ခံပုံစံဖြင့် ဘေးပတ်လည်၌ ပတ်မြောင်းတူးကာ ကန်ပေါင်အမြင့် ၇ ပေမှ ၈ ပေအထိ ခိုင်ခံ့စွာ ပြုလုပ်မွေးမြူနိုင်ပါသည်။
  • ၃။ ရေသွင်းရေထုတ်ပြုလုပ်ရန် ရေတံခါးများစနစ်တကျ ပြုလုပ်ရမည်။
  • ၄။ ငါးများ ပြန်လည်ဖမ်းဆီးရာ၌ လွယ်ကူစေရန် ကန်အောက်ခြေ၌ ရေထုတ်ပေါက်ဖက်သို့ ဆင်ခြေလျှော တူးဖော်ပေးရမည်။

ကန်အရွယ်အစား

  • စီးပွားဖြစ်မွေးမြူရန်ဆိုပါက အနည်းဆုံး ၀.၅ ဧကမှ အများဆုံး ၂ ဧကရှိသောကန်များ တူးဖော်မွေးမြူသင့်ပါသည်။

ကန်ပြင်ဆင်ပုံအဆင့်ဆင့်

  • ၁။ ကန်သစ်ဖြစ်ပါက တစ်ဧကလျှင် ထုံးပိဿာ ၃၀၀ ခန့် ထည့်ပေးရမည်။
  • ၂။ ထုံးထည့်ပြီး တစ်ရက်၊ နှစ်ရက် အကြာတွင် တစ်ဧကလျှင် နွားချေး၊ ကြက်ချေး ပိဿာ ၁၅၀ ခန့် ထည့်ပေးရမည်။
  • ၃။ ထို့နောက် ရေ ၄ ပေခန့်အထိ ထည့်သွင်းပေးရမည်။
  • ၄။ တစ်ပတ်မှ ၁၀ ရက်ခန့်ထိအကြာ ကန်ရေ ကြည်စိမ်းလာပါက ငါးတန်သားပေါက်များ ထည့်သွင်းမွေးမြူ
  • နိုင်ပြီ ဖြစ်သည်။ 
  • ၅။ ကန်ဟောင်းဖြစ်ပါက ကန်တွင်းရှိရေအားလုံးကိုထုတ်ပစ်၍ ငါးရိုင်းများ ကုန်စင်အောင်ရှင်းလင်းသုတ်သင်ပေးရမည်။
  • ၆။ ထို့နောက် တစ်ဧကလျှင် ထုံးပိဿာ ၁၀၀ မှ ၁၅၀ ထိ ကန်အနှံ့အပြား ဖြန့်ထည့်ပေးရပါမည်။
  • ၇။ ကန်အတွင်း မြေသားအရည်အသွေးကောင်းမွန်မှု၊ ချဉ်ဖန်နှုန်းနှင့် အောက်ဆီဂျင်လုံလောက်မှု၊ ရေအရည် အသွေးကောင်းမွန်မှုတို့အတွက် နွားချေး၊ ကြက်ချေး တင်း ၅၀ မှ ၁၀၀ အထိ ဖြည့်တင်းပေးရပါမည်။
  • ၈။ ကန်အတွင်း ငါးရိုင်းများ မပါရှိစေရန် ရေကိုစစ်၍ သွင်းပေးရမည်။
  • ၉။ ရေထည့်ပြီး ၁၀ ရက်ခန့်အကြာ ကန်ရေစိမ်းလာပါက ငါးတန်သားပေါက်များ စတင်ထည့်သွင်းမွေးမြူနိုင်ပြီဖြစ်ပါသည်။

ငါးသားပေါက် ထည့်သွင်းနှုန်း

  • ငါးကန်တစ်ဧကလျှင် ငါးတန်သားပေါက်ကောင်ရေ ၅၀၀၀ မှ ၁၀၀၀၀ အထိ ထည့်သွင်းမွေးမြူနိုင်ပါသည်။မွေးမြူသောငါးများသည် အရွယ်အစားညီမျှ၍ ရောဂါဘယ ကင်းရှင်းရပါမည်။

အစာအမျိုးအစားနှင့် အစာကျွေးနှုန်း

  • ၁။ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်နှင့် တိရိစ္ဆာန်အူများ၊ အစာကြွင်း အစာကျန်များ ကျွေးမွေးနိုင်ပါသည်။ အသားများကိုလည်း ကျွေးမွေးနိုင်ပါသည်။
  • ၂။ အထူးစပ်စာအဖြစ် ဖွဲနု ၅၀ %၊ ပဲဖတ် ၃၀ % နှင့် ငါးကြေမှုန့် ၂၀ %တို့အား ရေဖြင့်ရောနယ်၍ အလုံးအဆုပ်များပြုလုပ်၍ ကျွေးမွေးနိုင်ပါသည်။
  • ၃။ ကန်တွင်းတွင်ရှိသော ငါးစုစုပေါင်းအလေးချိန်၏ ၆ % မှ ၈ % အထိ နေ့စဉ်တွက်ချက်ကျွေးမွေးနိုင်ပါသည်။

ကြီးထွားနှုန်း

ပထမနှစ်တွင် ၃၀ ကျပ်သားမှ ၅၀ ကျပ်သားအထိ ကြီးထွားနိုင်ပြီး ဒုတိယနှစ်တွင် ၁ ပိဿာ မှ ၁ ပိဿာ ၂၀ ကျပ်သားအထိ ကြီးထွားနိုင်သည်။

အဖတ်တင်နှုန်း

၁ လက်မခွဲမှ ၂ လက်မ ငါးသန်အရွယ်သားပေါက်များ စတင်ထည့်သွင်းမွေးမြူပါက ၄၀ ရာခိုင်နှုန်းအဖတ်တင်နိုင်ပြီး ၃ လက်မမှ ၄ လက်မအရွယ် ငါးသန်အရွယ်သားပေါက်များ ထည့်သွင်းမွေးမြူလျှင်တော့ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းထိ အဖတ်တင်နှုန်း ရရှိနိုင်ပါသည်။ 

ရေလဲလှယ်ပေးခြင်

ငါးတန်မျိုးများသည် အစုံစားငါးမျိုးဖြစ်သဖြင့် ကျွေးမွေးသောအစာများသည် ကန်ရေအား ညစ်ညမ်းစေရာတစ်လလျှင်တစ်ကြိမ် ကန်တွင်းရှိရေ ၅၀ ရာခိုင်နှုန်းကို လဲလှယ်ပေးရန် လိုအပ်ပါသည်။ 

ငါးလုပ်ငန်းဦးစီးဌာနဘက်က ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မှုများ

၁။ ငါးတန်သားပေါက်များကို ငါးလုပ်ငန်းဦးစီးဌာန ငါးသားဖောက်စခန်းများမှ လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။

၂။ ငါးတန်မွေးမြူရေးနှင့် ပတ်သက်သည့် နည်းစနစ်များ ကျွမ်းကျင်မှုဆိုင်ရာ အကူအညီများ ပံ့ပိုးပေးလျက် ရှိပါသည်။ 

၃။ ငါးတန်မွေးမြူရန် သင့်လျော်သည့် မြေများနှင့် ရေမြေတို့၏ ရူပ၊ ဓာတုဆိုင်ရာ အခြေအနေများအား စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

၄။ မြန်မာနိုင်ငံရေမြေနှင့် ကိုက်ညီမည့် ငါးမျိုးအသစ်များ၏ မွေးမြူနည်း၊ သားဖောက်နည်းများအား သုတေသနပြုလျက် စီးပွားရေးအရ အကျိုးအမြတ်ရှိနိုင်သည့် ငါးမျိုးသားပေါက်များထုတ်လုပ်ပေးခြင်း၊နည်းစနစ်များ ဖြန့်ဖြူးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

'ငါးတန်‌ဆေးထိုးသားဖောက်နည်းနှင့် ငါးသားပေါက်ပြုစုနည်း' ဆောင်းပါးကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/striped_catfish_farming_with_injection

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်