မိုးနည်းရေရှားဒေသများအတွက်သင့်လျော်သောနွေ/မိုး စပါးစိုက်ပျိုးနည်းစနစ်များ (ပျိုးထောင်စိုက်စနစ်)

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁။ သင့်လျော်သော မျိုးစပါးရွေးချယ်ခြင်း - စားသုံးမှုအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော ရေငတ်ခံစပါးမျိုးသန့်များကို စိုက်ပျိုးပါ။ ၂။ ပျိုးဘောင်ပြင်ဆင်ခြင်း

ပျိုးခင်းနေရာကို ရေချိုရရှိမှုနှင့် ရေသွင်းရေထုတ်လွယ်ကူသောနေရာ ၊ လမ်းမီးရောင်နှင့် ဝေးသော၊ ရောဂါနှင့်ပေါင်းမြက်တို့ ကင်းစင်သော၊ မြေဆီဩဇာ ထက်သန်သော၊ မြေနေရာကို ရွေးချယ်ပါ။ အရည်အသွေးကောင်း မျိုးသန့်မျိုးစေ့ကို ပြာတီးသန့်စင်၍ ဆားရည်စိမ်ရွေးချယ်ပြီးမှ အသုံးပြုပါ။ မျိုးစေ့အား စာပါးစပ်ပြုလာချိန်ထိ ၁ ရက် (သို့) ၂ရက်ထိ မျိုးအုပ်ထားပါ။
မျိုးစေ့မချမီ၂-၃ ရက် အလိုတွင် ပျိုးဘောင်ပြင်ဆင်ပါ။ တစ်ဧက စိုက်ခင်းအတွက် မျိုးစေ့ ၁၀ ပြည်မှ ၁ တင်းနှင့် ပျိုးဘောင် ၃ ပေ အကျယ်ပြုလုပ်ပြီး မျက်နှာပြင်ပေါ်ညီအောင် ညှိပါ။ ပျိုးဘောင်ဧရိယာ ၁ ဧက အတွက် ၁၅ ပတ်လည် (N15:P2O5 15:K2O15) ကွန်ပေါင်းမြေဩဇာ ၁ ပြည်ခွဲ ညီညာစွာထည့်ပါ။

အညှောင့်ဖောက်ထားသော မျိုးစေ့များအား ပျိုးဘောင်ပေါ်သို့ ညီညာစွာ (ပျိုးဘောင် ၃ ပေ ပတ်လည်ပေါ်တွင် မျိုးစေ့နို့ဆီဘူး ၁ ဘူးခွဲနှုန်း) ကြဲပက်ပြီး မြေဆွေး/နွားချေးဆွေး/ စပါးခွံဖွဲပြာ ခပ်ပါးပါး ဖုံးအုပ်ပါ။

ပျိုးဘောင်ကို အမြဲစိုအောင်ရေထိန်း ထားပါ။ ပျိုးကြဲပြီး ၅-၇ ရက်မှစ၍ ပျိုးပင်သက်တမ်း တစ်လျှောက် အပင်အမြင့်ပေါ် မူတည်၍ ရေခပ်ပါးပါး(ရေ ၀.၅” မှ ၁.၅”အမြင့်အထိ )ထား၍ ရေသွင်းရေထုတ်ပြုလုပ်ပါ။ လိုအပ်ပါက ပိုးမွှား၊ ရောဂါကို စနစ်တကျ ကာကွယ်နှိမ်နင်းပါ။

ပျိုးမနုတ်မီ ၇-၁၀ ရက်ခန့် အလိုတွင် ပျိုးဘောင် ဧရိယာ ၁ ဧက အတွက် ယူရီးယားဓာတ်မြေဩဇာ ၁ ပြည်ခွဲကို ရေဖျော်လောင်း ကြဲပက်ကျွေးပါ။

ရွှေ့ပြောင်းမစိုက်မီ ပျိုးဘောင်ကို ပေါင်းကင်းစင်အောင် ဆောင်ရွက်ပါ။ ပျိုးနှုတ်ခါနီးအချိန်တွင် ရေသွင်းပေးခြင်းဖြင့် ပျိုးနှုတ်ရလွယ်ကူစေပြီးပျိုးပင်များဒဏ်ရာရမူ့ သက်သာစေပါသည်။ ပျိုးနှုတ်ရာတွင် အမြစ်များမပြတ်ရန်သတိထားရမည်။

၃။ စိုက်ခင်းမြေပြင်ခြင်း

မိုးရွာပြီးနောက်လုံလောက်သောအစိုဓာတ်ရရှိချိန်တွင် ထယ်အနက် ၆-၈ လက်မခန့် ထယ်ထိုးပါ။ ထယ်ထိုးချိန်တွင်ပေါင်းမြက်နှင့် သီးနှံအကြွင်းအကျန်များကို တစ်ပြိုင်နက် ဖယ်ရှားပါ။ ထယ်ထိုးပြီး တစ်ပတ်အကြာတွင် ထွန်၂ ကြိမ်မွှေပြီးနောက် ကြမ်းတုံးရိုက်ပါ။

မစိုက်မီနှစ်ရက်အလိုတွင် စက်တုံး(၂-၃ စပ်)ခုတ်ပါ။ စက်တုံးခုတ်စဉ်မြေခံမြေဩဇာကို ညီညာစွာကြဲပက်ပါ။ ထိုနောက် ကြမ်းတုံးရိုက်၍ မြေကိုညီညာအောင်ညှိပါ။

၄။ စိုက်စနစ်

ရွှေ့ပြောင်းစိုက်ပျိုးခြင်း

သက်လျင်စပါးမျိုးများအတွက် ပျိုးသက်၂၀-၂၅ ရက် အတွင်းစိုက်ပါ။ သက်လတ် စပါးမျိုးများအတွက် ပျိုးသက်၂၅-၃၅ ရက် အတွင်း စိုက်ပါ။ ပျိုးနှုတ်ပြီး တစ်ရက်အတွင်း ရွှေ့ပြောင်း စိုက်ပျိုးပါ။
ကောက်ကွက် ၁ ကွက်လျှင် ပျိုးပင် လက်ဆ၂-၃ ပင်သုံး၍ သမန်း အတွင်းသို့ ၁-၁.၅ လက်မထက်ပိုမနက်စေပဲ စိုက်ပျိုးပါ။

တန်းကြား ပင်ကြားကို ၈ လက်မ × ၆ လက်မ ထား၍ အတန်းလိုက်စိုက်ပါ။ အတန်းလိုက် မစိုက်နိုင်ပါကကောက်ကွက် တစ်သိန်းသုံးသောင်း ဝင်အောင်စိုက်ပါ။ စိုက်ပြီးတစ်ပတ်အတွင်း ကောက်ပင်ဖာပါ။

၅။ မြေဩဇာကျွေးခြင်း

ပိုတက်စီယမ်ဓာတ် ရရှိနိုင်သော ကောက်ရိုး၊ နှမ်းရိုး၊ စပါးခွံများကို မြေဆွေးပြုလုပ်၍ သုံးစွဲပါ။ သီးနှံအကြွင်းအကျန်များနှင့် နွားချေးတို့ကို မြေဆွေးပြုလုပ်၍ မြေပြင်ချိန်တွင် ထည့်သွင်းခြင်းသည် အပင်၏ အနည်းလို အာဟာရဓာတ်များကိုပါ ပံ့ပိုးသည့် အပြင်မြေ၏ရေထိန်းစွမ်းအားကိုပါ တိုးတက်စေသည်။

အသုံးပြုရမည့်အချိန်နှင့် တစ်ဧကအတွက်မြေဩဇာနှုန်းထား များကို အောက်ပါ အတိုင်းဖော်ပြထားပါသည်။

မြေပြင်ချိန်-တီစူပါ၁/၂အိတ် (၁၅ ပိဿာ)၊ ဂျစ်ပဆန် ၃အိတ်(၄၅ ပိဿာ)
ရွှေ့ပြောင်းစိုက်ပြီးရ-၁၄ရက် - ယူရီးယား၁/၃အိတ် (၁၀ ပိဿာ)၊ ပိုတက်ရှ်၁/၄အိတ် (၇ ပိဿာ)
အပင်ပွားစီးချိန် - ယူရီးယား၁/၃အိတ်(၁၀ ပိဿာ)
မှို့ကပ်ချိန် - ယူရီးယား၁/၃အိတ်(၁၀ ပိဿာ)၊ ပိုတက်ရှ် ၁/၄ အိတ် (၇ ပိဿာ)

၆။ ရေသွင်းရေထုတ်ပြုလုပ်ခြင်း

ရေသွင်းရေထုတ်လွယ်ကူစေရန် လယ်ကြားမြောင်းများပြုလုပ်ပါ။ ရေကို လိုအပ်သလို ဆောင်ရွက်နိုင်ရန်အတွက် စိုက်ကွင်းမြေမျက်နှာပြင်ကို ညီအောင်ညှိပါ။

ကန်သင်းများကို ခိုင်ခန့်အောင် ပြုလုပ်ပြီး ကြွက်တွင်းများ မရှိစေရန်နှင့် ကန်သင်းရေလုံအောင် ဂရုစိုက်ပါ။ ကန်သင်းတိုင်းတွင် ရေသွင်း၊ ရေထုတ်ပေါက်နှင့် ရေလျှံပေါက် ပြုလုပ်ထားပါ။

မိုးရေကို လယ်ကွက်အတွင်း သိုလှောင်အသုံးပြုရန် ကန်သင်းကို တစ်ပေခွဲ အမြင့်၊ နှစ်ပေခွဲအကျယ် ပြုလုပ်ပါ။ ရေလျှံပေါက်၏ အမြင့်ကို ကန်သင်း အမြင့်မှ ၂ လက်မမှ ၄ လက်မခန့် နိမ့်အောင် ပြင်ဆင်ပြုလုပ်ပါ။

မိုးရွာ၍ စီးဆင်းလာသောရေကို လယ်ကွက်အတွင်း(သို့)ကျေးရွာပိုင် ရေသိုလှောင်ကန်များ အတွင်းသို့ သွယ်တန်းစီးဆင်းစေ၍ သိုလှောင်ပါ။ စိုတစ်ခါခြောက်တစ်လှည့် ရေပေးစနစ်ကို ပင်ပွားအများဆုံးထွက်ချိန်တွင်ကျင့်သုံးပါ။ မရိတ်မီ ၂ ပတ်အလိုတွင်ရေဖောက်ထုတ်ပါ။

၇။ပေါင်းမြက်ကာကွယ် နှိမ်နင်းခြင်း

မြေကိုကောင်းစွာပြုပြင်ခြင်းဖြင့်ပေါင်းနှိမ်နင်းပါ။ ပထမအကြိမ် ထယ်ထိုးထွန်ယက် ပြီးနောက်ပေါင်းပင်ငယ်များ ပေါက်ကာစတွင် ဒုတိယအကြိမ် ထယ်ထိုး မွှေခြင်း ဖြင့်ပေါင်းမြက် နှိမ်နင်းပါ။
ရွှေ့ပြောင်းမစိုက်မီ သမန်းပြင်ပြီး မြက်ခေါင်းကောက်ပါ။ စပါးပင်သက်တမ်း အစောပိုင်းတွင် စိုက်ကွင်းအတွင်း ရေထားရှိခြင်းနှင့် ကောက်ကွက်စိပ်စိပ်စိုက်ခြင်းသည် ပေါင်းပင်ကျရောက်မှုကို သက်သာစေပါသည်။

အတန်းလိုက်စိုက်ပါကရေထုတ်ပြီး သမန်းနိုးကိရိယာဖြင့် ကြားပေါင်းလိုက်ပါ။ပေါင်းနှိမ်နင်းခြင်းနှင့် လက်ပေါင်းလိုက်ခြင်းကို စပါးစိုက်ပြီး ၃၀-၄၅ ရက် မတိုင်မီ အပြီးဆောင်ရွက်ပါ။
ပေါင်းမြက်ဆိုးရွားစွာကျရောက်ပါက ပေါင်းအမျိုးအစားပေါ်မူတည်၍ မှတ်ပုံတင် ထားသော ပေါင်းသတ်ဆေးကို ဆေးညွှန်းအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ပါ။ ဥပမာ အဓိက ကျရောက်သောပေါင်းအမျိုးအစားသည် မြက်နှင့်မြက်မုံညင်းမျိုးရင်းများ ဖြစ်ပါက အောက်ဖော်ပြပါ ပေါင်းသတ်ဆေးတို့ကို အသုံးပြုနိုင်ပါသည်။

၈။ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း

ပိုးမွှားရောဂါကျရောက် ဖျက်ဆီးမှု ရှိမရှိကို အမြဲမပြတ် ကွင်းဆင်း၊ကင်းထောက်၊စစ်ဆေးပြီး ပိုးသတ်ဆေးကို လိုအပ်မှသာအသုံးပြုပါ။

စပါးပင်ဖြစ်ပြီး (၃၀-၄၀) ရက် အတွင်း ပိုးမွှားကျရောက်မှုကြောင့် အရွက်များ ပျက်စီးမှု ဖြစ်ပေါ်ပါက စပါးပင်မှ အစားထိုး ပြန်လည်ရှင်သန်နိုင်ပါသည်။ ပိုးမွှားရောဂါများ ရှင်သန် ခိုအောင်းရာနေရာဖြစ်သော ပေါင်းပင်များနှင့် ပင်ကြွင်းပင်ကျန်များကို သုတ်သင်ရှင်းလင်းပါ။

ကြွက်ကြောင့် သီးနှံလေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန်

(က) ပတ်ဝန်းကျင် သီးနှံခင်းများနှင့် စိုက်ချိန်ရိတ်ချိန်ညီအောင် ဆောင်ရွက်ပါ။

(ခ) စိုက်ခင်းနှင့်ဘေးပတ်ဝန်းကျင်တွင် ပေါင်းမြက်ကင်းစင်အောင် ရှင်းလင်းပါ။

(ဂ) ကြွက်သားမပေါက်ခင်အချိန်တွင် လက်ဦးမှု ရယူနှိမ်နင်းရယူနိုင်ရန်အတွက် စစိုက်ချိန်တွင် တစ်ကြိမ် ကြွက်နှိမ်နင်းခြင်းကို မဖြစ်မနေဆောင်ရွက်သင့်ပါသည်။

(ဃ) ကြွက်ထောင်ချောက်ထောင်ခြင်း၊ ကြွက်ကျင်းများ တူးဖော်၍ ကြွက်ဖမ်းခြင်း၊ ကြွက်များအား လူအင်အားဖြင့်ခြောက်လှန့် ဖမ်းဆီးခြင်း၊ ကြွက်ကာပစ္စည်းများ အသုံးပြုခြင်း၊ ထောင်ချောက်သီးနှံဖြင့် ကြွက်ကာကွယ်နှိမ်နင်းခြင်း(Trap Barrier System) ၊ကြွက်တို့၏ သားရဲကောင်များမွေးမြူခြင်း၊ ကြွက်မုဆိုးများ၏ အကူအညီရယူ၍ ကြွက်ဖမ်းခြင်း၊ ကြွက်ဆေးချခြင်းလုပ်ငန်းများကို လူထု လှုပ်ရှားမှုအသွင်ဖြင့် တစ်ကွင်းတစ်ဆက်တည်း ဆောင်ရွက်သင့်ပါသည်။

၉။ ရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းချိန်လွန်နည်းစနစ်များ

မောင်းညိုချိန်(စပါးနှံ၏၈၀-၈၅% ရင့်မှည့်ချိန်)တွင် ရိတ်သိမ်းပြီး ချက်ချင်းခြွေလှေ့ပါ။

၂-၃ ရက် နေဖြင့်အခြောက်လှန်းပါ။ လိုအပ်ပါက အခြောက်ခံကိရိယာ အသုံးပြုပြီး အပူချိန်ကို ၄၃ ဒီဂရီစင်တီဂရိတ်ခန့်ထား၍ အခြောက်ခံပါ။ ကွန်ကရစ်တလင်း(သို့) မိုးကာခင်းတွင်နေလှန်းပါက အထူ ၂ လက်မထက် မပိုပဲ ခပ်ပါးပါးလှမ်းပါ။ ခြောက်သွေ့မှု ညီညာစေရန် နာရီဝက်ကြားတစ်ကြိမ် အထက်အောက် လှန်ပေးပါ။ မြင့်မားသောအပူချိန် (၅၄.၄ ဒီဂရီစင်တီဂရိတ်နှင့်အထက်)တွင် အခြောက်မခံသင့်ပါ။

စပါးစေ့အစိုဓာတ်သည် မျိုးစပါးအတွက် ၁၂% နှင့် ကြိတ်ခွဲစားသုံးမည့် စပါးအတွက် ၁၄% ထားရှိရန် လိုအပ်ပါသည်။ မျိုးစေ့များကိုသန့်စင်ပြီးလေလုံစွာ ပိတ်ထားနိုင်သောပုံး၊ ပေပါ၊ အိတ်စသည်ပစ္စည်းများ (ဥပမာ ဟာမစ်တစ်အိတ်) ထဲသို့ ထည့်သွင်းပါ။ ထို့နောက်လေဝင်လေထွက်ကောင်းပြီး ပိုးမွှားကြွက်ငှက်တို့မှ ကာကွယ်ထားသော သိုလှောင်ရုံအတွင်း စနစ်တကျ သိုလှောင်ပါ။ စပါးသိုလှောင်ထားရာ ပတ်ဝန်းကျင်တွင် ဖိတ်စင်ကျန်ရစ်ခဲ့သော စပါးစေ့များကို ချက်ချင်းသန့်စင်ဖယ်ရှားပါ။ သိုလှောင်ရုံကိုခြောက်သွေ့သန့်ရှင်းအောင်ထားပါ။

ကိုးကား-စိုက်ပျိုးရေး ဦးစီးဌာန


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်