ခြင်ဆေးခွေအပါအဝင် ပိုးသတ်ဆေးတွေမှာပါဝင်တဲ့ အဆိပ်ရှိပစ္စည်းတွေကို စစ်ဆေးသွားဖို့ရှိ၊ ဥပဒေနဲ့မညီပါက ထုတ်လုပ်ခွင့် ဖျက်သိမ်းမည်

14/01/2021 15:58 PM တွင် ဂျာနူး ဂျာနူး မှ ရေးသား

    အိမ်တွင်းသုံးပိုးသတ်ဆေးလုပ်ငန်းမှာပါဝင်တဲ့ ခြင်ဆေးခွေအပြင် စိုက်ပျိုးရေးလုပ်ငန်းသုံးပိုးသတ်ဆေးတွေမှာ ထည့်သွင်းထားတဲ့ အဆိပ်ရှိပစ္စည်းတွေကို ညွှန်ကြားချက်အတိုင်း အသုံးပြုခြင်းရှိမရှိကို အထူးစီမံချက်တစ်ခုအနေနဲ့ ၂၀၂၁ ခုနှစ်၊  ဖေဖေါ်ဝါရီလကစပြီး စတင်စစ်ဆေးသွားမယ်လို့ သီးနှံကာကွယ်ရေးဌာနခွဲက ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက Green Way ကိုပြောပါတယ်။ 

ပိုးသတ်ဆေးတွေကို အရည်အသွေးပြည့်မီခြင်းရှိမရှိ ပိုးသတ်ဆေး၊ ခြင်ဆေး၊ အဲ့ဒါတွေကို စီမံချက်လိုဟာမျိုးနဲ့ စစ်ဆေးပြီးတော့ ဖောက်ဖျက်ကျူးလွန်တာတွေရှိရင် အရေးယူသွားမယ်ဆိုတဲ့ဟာရှိပါတယ်။ မှတ်ပုံတင်ထားတဲ့အတိုင်း အရည်အသွေးရှိမရှိကိုပါ။ မှတ်ပုံတင်ထားခြင်းရှိ မရှိ၊ မှတ်ပုံမတင်ထားဘူးဆိုရင် ဒါသွားပြီပဲ တရားမဝင်ပစ္စည်း၊ မှတ်ပုံတင်ထားပေမယ့် အရည်အသွေးမပြည့်မီဘူးဆိုရင်လည်း အရေးယူသွားမယ်။ စီမံချက်နဲ့ သွားမှာပါ။ဒါက နဂိုတည်းကစစ်နေတာပါ။ အခုကတော့ စစ်နိုင်တဲ့ Capacity  ပိုများလာတဲ့အတွက်၊ တို့တွေမှာ စက်ကိရိယာတွေပိုများလာတဲ့အတွက် ပိုပြီးတော့စစ်မယ်။ အရည်အသွေးပြည့်မီခြင်းရှိမရှိစစ်ဆေးသွားမယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ အဖွဲ့အလိုက်စစ်မှာပါ

လို့ ဦးအောင်ကျော်ဦး က ပြောပါတယ်။ 

၃၁ ကြိမ်မြောက် မြန်မာနိုင်ငံ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ခွင့်ပြုထားတဲ့ အိမ်တွင်းသုံးပိုးသတ်ဆေးစာရင်းအရ ယာယီသုံးစွဲခွင့်မှတ်ပုံတင်အမျိုးအစား ၂၀၃ ခုနဲ့ အပြည့်အဝသုံးစွဲခွင့်မှတ်ပုံတင်အမျိုးအစား ၁၃၅ ခု ရှိပါတယ်။ ယခင်ကတည်းက ခြင်ဆေးခွေအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းသုံးပိုးသတ်ဆေးတွေကို စစ်ဆေးခဲ့ရာမှာ တရားဝင်မှတ်ပုံတင်ထားခြင်းရှိ မရှိကိုပဲ အများဆုံးစစ်ဆေးနိုင်ခဲ့ပြီး သံသယရှိတဲ့ဆေးတွေကို ဓာတ်ခွဲစစ်ဆေးလိုပါက ပြည်ပကဓာတ်ခွဲခန်းများဆီ သွားရောက်စစ်ဆေးခဲ့ရတာဖြစ်ပါတယ်။ အခုအခါမှာတော့ ပြည်တွင်းကဓာတ်ခွဲခန်းတွေမှာ စစ်ဆေးသွားမယ့်အခြေအနေနဲ့ ပတ်သက်ပြီး ပိုးသတ်ဆေးမှတ်ပုံတင်ဌာနစုမှ တာဝန်ခံ ဒေါ်ဆိုင်းရော်က Green Way  ကိုပြောပါတယ်။ 

    ပိုးသတ်ဆေးဓာတ်ခွဲခန်းမှာ ပြန်စစ်မှာ။ ပြန်စစ်တဲ့အခါမှာ ဘာတွေစစ်မလဲ အဲ့အချက်က အရေးကြီးပါတယ်။ ဓာတ်ခွဲတဲ့အခါမှာ မှတ်ပုံတင်ထားစဉ်က တင်ပြထားတဲ့ အဆိပ်ရှိပစ္စည်းရာခိုင်နှုန်း ပြည့်မှီမှု ရှိမရှိ၊ မှတ်ပုံတင်ထားစဉ်က တင်ပြထားတဲ့ အဆိပ်ရှိပစ္စည်းဖြစ်မဖြစ်၊ ဖြစ်တယ်ဆိုရင် သူတင်ပြထားတဲ့အရည်အသွေး အဲ့အတိုင်းပဲ ကိုက်ညီမှုရှိမရှိ၊ ပါဝင်တဲ့ ရာခိုင်နှုန်း အရည်သွေးပြည့်မီခြင်းရှိမရှိ၊ တစ်ချို့ကျတော့ တင်ပြထားတဲ့ အဆိပ်ရှိပစ္စည်းမဟုတ်ပဲ တစ်ခြားအဆိပ်ရှိပစ္စည်းတွေ၊ မှတ်ပုံတင် ခွင့်ပြုထားစဉ်က မပါဝင်တဲ့ အဆိပ်ရှိပစ္စည်းတွေရှိမရှိ အဲ့ဒါတွေကိုစစ်ဆေးမှာဖြစ်ပါတယ်။ အခုစီမံချက်က မြန်မာနိုင်ငံ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က ဈေးကွက်ထဲမှာ ဘယ်သူမဆို တရားဝင်ရောင်းချချင်တဲ့သူတွေကို မှတ်ပုံတင်ပေးထားတာရှိပါတယ်။ မှတ်ပုံတင်အဖွဲ့ အစည်းအဝေးတွေနဲ့ ဆောင်ရွက်စိစစ်ပြီးတော့ ဒီဆေးတွေရဲ့ လူတွနဲ့ ပတ်ဝန်းကျင်အပေါ် အဆိပ်ရှိမှုမြင့်မားမှု ရှိမရှိစစ်ဆေးတယ်။  အရည်အသွေးပြည့်မီမှု ရှိမရှိစစ်ဆေးပါတယ်။ ပြီးတော့ ဆေးရဲ့ အကျိုးသက်ရောက်မှု သက်ဆိုင်တဲ့ ပိုးတွေရောဂါတွေကိုစစ်ဆေးပြီးမှ သက်ဆိုင်ရာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အစည်းအဝေးကို တင်ပြပြီးမှ ဆုံးဖြတ်ပြီးတော့ မှတ်ပုံတင်ခွင့်ပြုပေးထားတယ်။ အဲ့တော့ ပိုးသတ်ဆေးနဲ့ပတ်သက်ပြီး ဘယ်သူမဆို စီးပွားရေးလုပ်ချင်တဲ့သူက မှတ်ပုံတင်ထားတဲ့ပိုးသတ်ဆေးကိုပဲ ဈေးကွက်မှာ ရောင်းချခွင့်ရှိတယ်။ တရားဝင်တဲ့ ပိုးသတ်ဆေးလို့ခေါ်တာပေါ့နော်။ ဥပမာ ပိုးသတ်ဆေး မှတ်ပုံမတင်ထားတဲ့ဆေးကိုဈေးကွက်ထဲမှာ ရောင်းချမယ်ဆိုရင် ထိုသူသည် တရားမဝင်တဲ့ ပိုးသတ်ဆေးကို ရောင်းချတဲ့အတွက် ပိုးသတ်ဆေးဥပဒေအရ အရေးယူခြင်းခံရမှာဖြစ်တယ်။ အဲ့တော့ အစ်မတို့အနေနဲ့ ဆောင်ရွက်ချင်တဲ့လုပ်ငန်းက တစ်ချို့သောသူများသည် အစ်မတို့ဆီမှာ ပိုးသတ်ဆေး မှတ်ပုံတင်လာလျှောက်တဲ့အခါမှာ ပိုးသတ်ဆေးနမူနာကို ဓာတ်ခွဲခန်းကို သူ့ရဲ့ အရည်အသွေးပြည့်မီမှု ရှိမရှိစစ်ဆေးတာရှိပါတယ်။ စစ်ဆေးတယ်ဆိုတဲ့အခါမှာ ပိုးသတ်ဆေးထဲမှာပါဝင်တဲ့ အဆိပ်ရှိပစ္စည်း ဘယ်လောက်ရာခိုင်နှုန်းပါဝင်တယ်ဆိုတာကို အစ်မတို့ကို တင်ပြသွားတဲ့အညွှန်းအတိုင်း စစ်ဆေးတယ်။ စစ်ဆေးပြီးမှ ရာခိုင်နှုန်းပြည့်မီမှု ရှိမှ အစ်မတို့ FAO ကသတ်မှတ်ထားတဲ့ အရည်အသွေးဖြစ်မှသာလျှင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ကို တင်ပေးခဲ့တာဖြစ်တယ်။ ဒါပေမယ့် ဈေးကွက်ထဲကို ရောက်သွားတဲ့အခါမှာ စစ်ဆေးဖို့ အထက်ကညွှန်ကြားလာတာလည်း ရှိတဲ့အတွက် မကြာမီကို တိုင်းနဲ့ပြည်နယ်တွေကို စာထုတ်ပြီးတော့ ခြင်ဆေးခွေအပါအဝင် အထူးသဖြင့်ခြင်ဆေးခွေကို အရင်လုပ်မှာပါ လို့ ဒေါ်ဆိုင်းရော်က Green Way ကိုပြောပါတယ်။ 

    ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ယာယီသုံးစွဲခွင့်မှတ်ပုံတင်၊ အပြည့်အဝသုံးစွဲခွင့်ပြုထားတဲ့မှတ်ပုံတင်နဲ့ စမ်းသပ်သုံးစွဲခွင့်ပြုထားတဲ့ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အင်းဆက်သတ်ဆေး၊ ခရုသတ်ဆေး၊ အိမ်တွင်းသုံး ပိုးသတ်ဆေး၊ အပင်ဟော်မုန်းဆေး၊ ကြွက်သတ်ဆေး  စတဲ့ ပိုးသတ်ဆေးမှတ်ပုံတင်ပေါင်း ၃၉၆၁ ခုရှိပါတယ်။  ပိုးသတ်ဆေးဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မခွဲ ဃ အရ  ရောင်းချသည့်ပိုးသတ်ဆေးများ၏ အာနိသင်ပြောင်းလဲစေရန် အခြားအရာဝတ္ထုပစ္စည်း တစ်စုံတစ်ရာရောနှောခြင်း၊ ပြုပြင်ခြင်းနှင့် မမှန်မကန်ကြော်ငြာရောင်းချခြင်းမပြုလုပ်ရဟု ပြဌာန်းသတ်မှတ်ထားပြီး ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ်ငါးနှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ကျပ်တစ်ဆယ်သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခံရမည်ဟု ဖော်ပြပါရှိပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်