အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျွဲကောစျေးကွက် စနစ်(၂)မျိုးဖြင့် အရောင်းအဝယ်ပြုလုပ်နေ

ကျွဲကောစျေးကွက် စနစ်(၂)မျိုးဖြင့် အရောင်းအဝယ်ပြုလုပ်နေ

မွန်ပြည်နယ် ကျိုက်ထိုမြို့တဝိုက်တွင် ကျွဲကောသီးအလုံး အရွယ်အစားအပေါ် မူတည်၍ အလုံးလိုက်ရောင်းချသည့် စျေးကွက်နှင့် အပင်ပြတ် ခြံပြတ် ထွက်ရှိသမျှကို စာချုပ်စနစ်ဖြင့်ရောင်းချသည့် စနစ် ၂မျိုးဖြင့် အရောင်းအဝယ် ပြုလုပ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

တစ်လုံးချင်းကျတော့ အသေးအကြီး မညီတော့ စျေးမရဘူးပေါ့။ အပင်ပြတ်နဲ့ရောင်းလိုက်တော့ အသေးအကြီး အကုန်ပါသွားတာမို့ အဆင်ပြေတယ်။ တရုတ်နိုင်ငံဘက်က ဝယ်လိုအားများချိန်မှာဆိုရင် ကျွဲကောသီးစျေးကွက်က ပိုကောင်းပါတယ်

ဟု ကျိုက်ထိုမြို့မှ ကျွဲကောစိုက်တောင်သူ မနန္ဒာ က ပြောသည်။

ကျွဲကောအမျိုးအစားများအနက် ပန်းရောင် အနုအရင့် အုပ်စုများဖြစ်သည့် ပန်း(၁) ပန်း(၂) ပန်း(၃) ခွန်ဒေါင်နီမျိုး ပတ္တမြားမျိုး ဟူ၍ ပန်းရောင်အုပ်စု၊ သကြားသီး သကြားခွံပါး ကျောက်စိမ်း ဟူ၍ အတွင်းသားအဖြူရောင်အုပ်စုများ ရှိပြီး ပန်းရောင်အုပ်စုများက အရောင်းပိုသွက်ကြောင်း သိရသည်။

အရောင်းအဝယ်သွက်တဲ့အုပ်စုက ပန်းအုပ်စုဖြစ်တယ်။ သူက အထားခံတာကြောင့် ရောင်းသူတွေအတွက် တွက်ချေကိုက်တယ်။ အဖြူအုပ်စုကို သိပ်မနှစ်သက်တာက အထားမခံလို့ပါ။ အရသာကတော့ အဖြူက ပိုကောင်းတယ်။

ဟု ကျိုက်ထိုမြို့၊ သစ်ဆိမ့်ပင်ကျေးရွာမှ ကျွဲကောပင် စီးပွားဖြစ်စိုက်ပျိုးနေသူ ဦးအောင်သန်းက ဆိုသည်။

ဒီဇင်ဘာလမှ ဖေဖော်ဝါရီလနောက်ပိုင်းအထိ ကာလများသည် ကျွဲကောသီးစျေးကွက်အကောင်းဆုံးကာလများ ဖြစ်ကြောင်း သိရသည်။

နန်းထက်ထက်ချစ်(ABM)

You

ဆက်စပ်မေးခွန်းများ

ကြက်သွန်နီ ဥပုပ်ကို ဘယ်လိုကာကွယ်နိုင်ပါသလဲ။

ဦးဘ • ဖြေကြားချက် 1 ခု

မြေပဲ ၆လပဲကြီး ပင်ပြန့်ပါ ပုံပါအတိုင်း အပင်တွေကွပ်သေနေတာ ဘာလုပ်သင့်ပါသလဲ ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါတယ် ခင်ဗျာ

ထိန်လင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ အခုတော့ ကျတော် စိုက်ပျိုးရေးအကြောင်းလေ့လာနေပါတယ် ဒါမဲ့ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ ဘာမှ နားမလည်တေးတော့ ခုချိန်စိုက်ပျိုးရေး လုပ်ရင် အဆင်ပြေပ့ မလားဗျ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ ဘာတွေ ကို အဓိထားလေ့လာ သင့်လဲ ဗျ

Kyaw Soe Lin • ဖြေကြားချက် 1 ခု

အစေ့ထုတ်ပြောင်းကို ဘယ်အချိန် ဘယ်နေရာတွေမှာ စိုက်သင့်ပါသလံ

Zay Yar • ဖြေကြားချက် 1 ခု

12လပိုင်းမှာ နွေစပါးကျဲရင် အထွက်နှုန်းကျနိုင်ပါသလား ကျဲလို့အဆင်ပြေနိုင်သလား ဖြေကြားပေးပါ

ko kyaw myo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။