ထိုင်းတွင် ဆေးခြောက်သုံးခွင့်တရားဝင်ခွင့်ပြုလိုက်သော်လည်း အပျော်အဖြစ် သုံးခွင့်ပြုမည်မဟုတ်
ထိုင်းနိုင်ငံဟာ ဆေးခြောက်စိုက်ပျိုးတာနဲ့ ရောင်းချတာကို တရားဝင်ခွင့်ပြုလိုက်တဲ့ အာရှတိုက်ရဲ့ ပထမဦးဆုံးနိုင်ငံ ဖြစ်လာပါတယ်။ ဒီပြောင်းလဲမှုကနေ အမေရိကန်ဒေါ်လာ နှစ်ဘီလျံ တန်ကြေးရှိတဲ့ ဈေးကွက်ကြီးကို စတင်လှုပ်နှိုးနိုင်လိမ့်မယ်လို့ ထိုင်းအစိုးရက မျှော်လင့်နေပါတယ်။
ဒါပေမဲ့ ဆေးခြောက်ကို အပန်းဖြေစရာအဖြစ် သုံးစွဲတာကိုတော့ ပိတ်ပင်ထားဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ ကျန်မာရေးဝန်ကြီး Anutin Charnvirakul က ဥပဒေစတင်အသက်ဝင်မယ့် CNN သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုထားပါတယ်။
ထိုင်းနိုင်ငံဟာ ဆေးခြောက်သုံးစွဲမှုကို ၂၀၁၈ ခုနှစ်က စတင်သတ်မှတ်ခဲ့တဲ့အတိုင်း ဆေးကုသရေး ရည်ရွယ်ချက် အတွက်သာ ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။ "ကမ္ဘာလှည့်ခရီးသည်တွေဟာ ဆေးကုသမှုခံယူဖို့ဖြစ်စေ၊ ကျန်းမာရေးထုတ်ကုန် ဝယ်ယူသုံးစွဲဖို့ လာတာဖြစ်စေ ဒါက ပြဿနာမဟုတ်ပါဘူး" လို့ Anutin က ပြောပါတယ်။
"ခရီးသွားတစ်ယောက်ဟာ ဆေးခြောက်လိပ် လွတ်လွတ်လပ်လပ် သောက်ဖို့ ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံကို လာမယ်ဆိုရင်တော့ ဒါဟာ မှားယွင်းနေတယ်"လို့ ၎င်းက ဆက်ပြောပါတယ်။ "အဲဒီရည်ရွယ်ချက်နဲ့တော့ မလာခဲ့ပါနဲ့။ ကျွန်တော်တို့ ကြိုဆိုမှာမဟုတ်ပါဘူး" လို့ Anutin က CNN သတင်းဌာနကို ပြောဆိုပါတယ်။
ထိုင်းဥပဒေအရ တစ်စုံတစ်ယောက်ဟာ ဆေးခြောက်ရှူပြီး လူပုံလယ်မှာ ရေချိန်ကိုက်နေမယ်ဆိုရင် အများပြည်သူကို အနှောက်အယှက်ဖြစ်စေတယ်လို့ သတ်မှတ်ပြီး ထောင်ဒဏ် သုံးလဖြစ်စေ၊ ငွေဒဏ် ဒေါ်လာ ၇၂၀ ဖြစ်စေ ကျခံရမှာဖြစ်ကြောင်း Bangkok Post သတင်းဌာနက ရေးသားထားပါတယ်။
"ပြည်သူလူထုကို ဆေးခြောက် အပျော်သုံးစွဲလာစေဖို့ ဒါမှမဟုတ် တစ်ပါးသူ အနှောင့်အယှက် ဖြစ်စေတဲ့ပုံစံနဲ့ သုံးစွဲစေဖို့ အားပေးအားမြှောက် လုပ်သွားမှာမဟုတ်ပါဘူး" လို့ Anutin က ပြောပါတယ်။

ထိုင်းအစိုးရဟာ ပြည်တွင်း ဆေးခြောက်လုပ်ငန်းကို အားပေးမြှင့်တင်တဲ့အနေနဲ့ ပြည်သူတွေ မိမိတို့နေအိမ်မှာ စိုက်ပျိုးနိုင်အောင် ဆေးခြောက်ပင် တစ်သန်းခန့် အခမဲ့ပေးဝေသွားမယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ ကန့်သတ်ချက်တစ်ခုတော့ ရှိနေပါတယ်။ နိုင်ငံမှာ စိုက်ပျိုးခွင့်ပြုတဲ့ ဆေးခြောက်ပင်တွေအတွင်း THC စိတ်ကြွပစ္စည်းပါဝင်မှု သုည ဒသမ ၂ ရာခိုင်နှုန်းထက် ပိုများလို့မရပါဘူး။
မိမိတို့နေအိမ်မှာ ဆေးခြောက်ပင် စိုက်ပျိုးမယ့် မည်သူမဆို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှာ ဖြစ်စေ၊ အစိုးရ ထုတ်ဝေထားတဲ့ "Plant Ganja" အက်ပလီကေးရှင်းကတစ်ဆင့် ဖြစ်စေ မှတ်ပုံတင်ကြရမှာဖြစ်ပါတယ်။ ခွင့်ပြုချက်မရှိဘဲ ဆေးခြောက်ပင် စိုက်ပျိုးတာကို တွေ့ရှိရင် ထောင်ဒဏ် သုံးနှစ် ဒါမှမဟုတ် ငွေဒဏ် ဒေါ်လာ ၈၆၀၀ ကျခံရနိုင်ပါတယ်။
အစိုးရကတော့ နေအိမ်တွေမှာ ဆေးခြောက်ပင် စိုက်ပျိုးနေတာတွေနဲ့ ဘယ်လိုနည်းနဲ့ အသုံးပြုနေကြသလဲဆိုတာတွေကို စစ်ဆေးဖို့ အစီအစဉ် ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပါဘူး။
ထိုင်းအစိုးရဟာ ဥပဒေ ပြောင်းလဲမှုအရ ဆေးခြောက်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား ၃၀၀၀ ဝန်းကျင်းကိုလည်း လွတ်ငြိမ်းခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။
ဒါဟာ မူယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက် ပြောင်းလဲလာမှု ရှေ့ပြေးလည်း ဖြစ်နိုင်ပါတယ်။ ထိုင်းနိုင်ငံဟာ တင်းကျပ်တဲ့ မူးယစ်ဆေးဝါးဥပဒေတွေ နှစ်ပေါင်းများစွာကြာ ပြဋ္ဌာန်းလာခဲ့ပြီး ဘိန်းဖြူ၊ ကိုကင်းနဲ့ မက်သမ်ဖတမင်း မှောင်ခိုရောင်းဝယ်မှုနဲ့ ထုတ်လုပ်မှုတို့ကို ကျူးလွန်ရင် သေဒဏ်နဲ့ တစ်သက်တစ်ကျွန်းပြစ်ဒဏ်တွေအထိ ချမှတ်ခဲ့တာဖြစ်ပါတယ်။
ကြာသပတေးနေ့မှာ ဥပဒေသစ် အသက်မဝင်သေးခင်အထိ ဆေးခြောက်ထုတ်လုပ်မှု ပြုလုပ်ပါက ထောင်ဒဏ် ၁၅ နှစ်ဖြစ်စေ၊ ငွေဒဏ် ဒေါ်လာ ၄၃၀၀၀ အထိဖြစ်စေ ကျခံရဖို့ထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Thailand Becomes First Country in Asia to Legalize Cannabis - INSIDER
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
စပါးနီမတုပ်ရောဂါဘာဆေးအသုံးပြုရမလည်းခင်ဗျာ
UTHATNINGOO • ဖြေကြားချက် 0 ခု
ဆရာတို့ခင်ဗျာ အောက်ကပုံက အရင်နေ့ကမှိုကျလို့မေးထားတဲ့ပုံပါခင်ဗျာ ဆရာတို့ပြောသလို မှိုဆေးသုံးထားပြီးပါပြီ မြေဩဇာအနေနဲ့ ပိုတက်သုံးရမလား ဘာမြေဩဇာသုံးရပါမလဲခင်ဗျာ ဘယ်နှစ်ရက်လောက်ကြာရင်သုံးရမလဲနဲ့ တစ်ဧကကိုဘယ်လောက်နှုန်းနဲ့ သုံးရပါမလဲ ဖြေပေးပါအုံးခင်ဗျာ
U San • ဖြေကြားချက် 3 ခု
စပါးဆစ်ပိုးကိုဘယ်လိုကာကွယ်ရမလဲ နောက်ပြီးဖလံဥမြုံနဲ့ဖလံကောင်များကိုအထိရောက်ဆုံးနိမ်နင်းပေးနိုင်မဲ့ဆေးတေကိုညွန်ပေးပါအုံး
Htun Aung Zaw • ဖြေကြားချက် 1 ခု
ပုံပါ ပိုးက ဒူးရင်းပင် ပင်စည် အပြင်ခွံတွေ ကိုက်စားနေလို့ပါ ကာကွယ်နှိမ်နင်း နိုင်မည့် ဆေးညွန်းပေးပါဦးခင်ဗျ
ချိုကြီး • ဖြေကြားချက် 3 ခု
မင်းဧရာစပါးအစေ့ကအညိုရောင်လေးတွေဖြစ်ပြီးအပိန်လေးတွေဖြစ်နေလို့ဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023