နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်များဖြစ်သည့် (၁၁-၄-၂၀၂၆) ရက်နေ့မှစ၍ (၁၉-၄-၂၀၂၆) ရက်နေ့အထိ အစိမ်းရောင်လမ်းရဲ့ သီးနှံဈေးနှုန်းများသုံးသပ်ဖော်ပြခြင်းနဲ့ ပုံမှန်တင်ဆက်နေကျ သတင်းနဲ့ဆောင်းပါးများ တင်ဆက်ခြင်းကို ရပ်နားထားမှာဖြစ်ကြောင်း လေးစားစွာနဲ့ အသိပေးလိုက်ပါရစေရှင်
တင်ဆက်နေကြ သတင်းဆောင်းပါးများကဏ္ဍကိုသာ ရပ်နားထားခြင်းဖြစ်ပြီး
✅ ပညာရှင်တွေနဲ့ တိုက်ရိုက်ဆွေးနွေးနိုင်တဲ့ အမေးအဖြေကဏ္ဍ
✅ မိမိတို့ဒေသ၏ ၅ ရက်အတွင်းဖြစ်ပေါ်နိုင်သော မိုးလေဝသအချက်အလက်များကိုတော့ ပုံမှန်အတိုင်း ရယူနိုင်ပါကြောင်း သတင်းကောင်းပေးပါရစေရှင့်
နှစ်သစ်အခါသမယမှာ ကျွန်မတို့ရဲ့ မိတ်ဆွေတောင်သူဦးကြီးဒေါ်ကြီးတို့အားလုံး ဘေးဘယာဝေးကွာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ အစိမ်းရောင်လမ်းက ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်...
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more