အေးတိအေးစက်နိုင်လို့ သွေးအေးသတ္တဝါလို့ခေါ်ကြတာလား..?

11/09/2024 14:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

သွေးအေးသတ္တဝါတွေလို့ ပြောလိုက်ရင် ဘာကောင်တွေပါမလဲဆိုတာကို အရင်ဆုံး တွေးကြည့်ကြပါမယ်။ ဘာတွေပါမလဲဆိုတော့

ဖားတွေ၊ ဖားပြုတ်တွေ၊ ဖားမျိုးစိတ်အားလုံးဟာ သွေးအေးသတ္တဝါတွေဖြစ်ကြပါတယ်။ 

နောက်တစ်ခုကတော့ ရေပုတ်သင်၊ ကုန်းလိပ်၊ ရေမြွေစတဲ့ အကောင်တွေဟာဆိုရင် သွေးအေး သတ္တဝါတွေ ဖြစ်ကြပါတယ်။ 

သာမန်ဆိုရင်တော့  ကုန်းနေရေနေသတ္တဝါတွေက ကုန်းနေသတ္တဝါတွေလောက်လည်း အဆင့်မြင့်ရှုပ်ထွေးတာမဟုတ်ပေမဲ့ ရေနေသတ္တဝါတွေထက်တော့ အဆင့်မြင့်တာမို့ အလယ်မှာရပ်တည်နေပါတယ်။ ကုန်းနေရေနေဆိုလို့  ကုန်းမှာပဲ ပိုနေနိုင်ကြတယ်။ ရေမှာကျ အကြာကြီးမနေကြတဲ့ သတ္တဝါအမျိုးအစားဖြစ်ပါတယ်။ 

ကျောရိုးရှိတယ်၊ အသက်ရှုတဲ့အချိန်မှာ ပါးဟက်၊ အရေပြားနဲ့ အဆုတ်တို့ကို သုံးလို့ရပြီးတော့ အကြေးခွံမရှိတဲ့ ပြောင်ချောချော အရေပြားနဲ့ ရေစပ်စပ်နေရာတွေမှာ တွေ့ရတဲ့ အမျိုးအစားတွေဖြစ်ပါတယ်။ 

သူတို့ကဂေဟစနစ်ကို ဝန်ဆောင်မှုတွေပေးနိုင်တယ်။ 

သူတို့ဘဝစက်ဝန်းမှာ သူတို့ဟာ တစ်ခြားအကောင်တွေရဲ့ အစားအစာတွေအဖြစ်လည်း အသုံးတော်ခံရင်းနဲ့ အစာကွင်းဆက်ကြီးထဲမှာ ပါဝင်လှုပ်ရှားနေကြပါတယ်။ 

သူတို့က ကုန်းနေ ရေနေသတ္တဝါတွေဖြစ်ကြပါတယ်။ ဒီလို ကုန်းနေရေနေသတ္တဝါတွေ အားလုံးကို တစ်နည်းဆိုရင် သွေးအေးသတ္တဝါတွေလို့ ဆိုကြပါတယ်။၊

အင်းဆက်ပိုးမွှားတွေကို အစားအစာအဖြစ် စားတယ်။

လူတွေလို သွေးနွေးသတ္တဝါတွေမဟုတ်တဲ့ သွေးအေးသတ္တဝါ အုပ်စုထဲမှာပါတဲ့ ကိုရွှေဖားတို့ဟာဆိုရင် ခြင်လိုမျိုး အင်းဆက်ပိုးမွှားတွေကိုစားသုံးတာပေးတာကြောင့် လူတွေကို အကျိုးပြုတဲ့ သတ္တဝါတစ်ခုပါ။ သွေးအေးသတ္တဝါတွေလို့ ဆိုလိုက်ရင် ရေပုတ်သင်လည်း ပါဝင်ပါတယ်။ ဆိုတော့ ရေပုတ်သင် ပေါက်စလေးတစ်ကောင်ကနေ တစ်ရက်ကို ခြင်သားလောင်း (ပိုးလောက်လန်း) အကောင် (၄၀၀) လောက်တောင် စားပစ်နိုင်ပါတယ်။ ဖားတွေကလည်း ခြင်တွေကို စားသုံးတာကြောင့်မို့ ဖားနဲ့ ရေပုတ်သင်များ ပေါင်းလိုက်ရင် တစ်ညကို ခြင်ကောင်ရေ တော်တော်များများကို ရှင်းလင်းပစ်နိုင်မှာပါ။ 

ဖားတွေကို တစ်ချို့နိုင်ငံတွေမှာဆိုရင် အင်းဆက်စားတဲ့ အကောင်တွေအဖြစ် သီးသန့်ကိုမွေးမြူထုတ်လုပ်ရောင်းချနေကြပါပြီ။ တောင်အာဖရိကရဲ့ ပဲပုတ်စိုက်ခင်းတွေမှာ အများဆုံး အသုံးပြုနေကြပါတယ်။ အဲ့တောင်အာဖရိကက ပဲပုတ်စိုက်ခင်းတွေက တစ်ကမ္ဘာလုံးထုတ်လုပ်မှုရဲ့ (၅၀) ရာခိုင်နှုန်းရှိပါတယ်။ အဲ့မှာ အောင်အောင်မြင်မြင် သုံးနေကြပါတယ်။ 

ဆေးဖက်ဝင်အာနိသင်လည်းရှိတယ်။

ဖားတွေက အဆိပ်လည်းရှိသလို ဆေးဖက်ဝင်တဲ့အာနိသင်တွေရှိတဲ့ အရေပြားကို ပိုင်ဆိုင်ထားတာကြောင့်မို့ သူတို့ကို ဆေးဖက်ဆိုင်ရာလုပ်ငန်းတွေမှာ အများကြီး အသုံးပြုနေကြပါတယ်။ ဥပမာတစ်ခု ပြောရရင်တော့  poison dart မျိုးစိပ် ဖားမျိုးတွေကနေ နာကျင်မှုကို ကုသပေးနိုင်တဲ့ဆေးနဲ့ ကင်ဆာကို ကုသပေးနိုင်တဲ့ ဆေးမျိုး၊ အယ်လ်ဇိုင်းမားကို ကုသပေးနိုင်တဲ့ ဆေးမျိုးထုတ်လုပ်ဖို့ လုပ်ဆောင်နေကြပါတယ်။  တစ်ခြားသော လေ့လာမှုတွေမှာဆိုရင်လည်း ခုခံအားကျဆင်းမှုရောဂါကိုဖြစ်စေနိုင်တဲ့  HIV  ဗိုင်းရပ်စ်ပိုးကိုတောင်မှ ဖားအရေပြားစစ်ထုတ်ရည်တွေက တားဆီးပေးနိုင်တယ်လို့တောင် ဆိုထားပါသေးတယ်။ 

သဘာဝပတ်ဝန်းကျင်မှာ အကျိုးပြုနိုင်မှုတွေလည်းရှိပါတယ်။

ခုတော့ တော်တော်များများ ပျောက်ကွယ်နေပြီဖြစ်ပေမဲ့လို့ မပျောက်ကွယ်ခဲ့ဘူးဆိုရင်တော့ မြောက်အမေရိကန် တောထဲမှာဆိုရင် ခြေတစ်လှမ်းလှမ်းတိုင်းမှာ ရေပုတ်သင်ကောင်လေးတွေက ၈ ကောင်လောက်ထိ ကျောက်တုံးတွေအောက်မှာ၊ ရေထဲမှာ ပုန်းအောင်းပြီးတော့ နေနိုင်ကြပါတယ်။ ဆိုတော့ တွက်ကြည့်ရင် တစ်ဧကမှာ ကောင်ရေ ငါးသောင်းလောက်ရှိနိုင်ပါတယ်။ အဲ့လို သူတို့ရှိနေခြင်းရဲ့ ဇီဝထုဟာ တစ်ကမ္ဘာလုံးနဲ့ဆိုရင် ဘယ်လောက်တောင် များလိမ့်မလဲ၊ ဒီလို Biomass လို့ခေါ်တဲ့ ဇီဝဒြပ်ထုကြီးရှိခြင်းက အစာကွင်းဆက်ကြီးတစ်ခုလုံးမှာ အရမ်းကို အရေးပါပါတယ်။

သူတို့ အသက်ရှင်သန်နေတုန်းမှာလည်း သူတို့ ရဲ့ အဲ့လို ဇီဝထုကြီးရဖို့ စားကြတဲ့ အစားအသောက်တွေ ဖြစ်တဲ့ အင်းဆက်ပိုးမွှားတွေ၊ သူတို့ သေဆုံးတဲ့အချိန်မှာလည်း သူတို့ကို အစားအစာအဖြစ် စားသုံးကြတဲ့ သတ္တဝါတွေလည်းရှိတာမို့ အစာကွင်းဆက်မှာလည်း သူတို့က အရေးပါတဲ့ အစိပ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေကြပါသေးတယ်။ 

ဆိုတော့ သူတို့ကိုလည်း ရှိသင့်တဲ့ပမာဏမှာ ရှိနေအောင် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုအပ်တာပေါ့။

စိုက်ပျိုးရေးမှာရော သူတို့က ဘယ်လိုတွေ အကျိုးပြုကြပါသလဲ?

သူတို့ စားတဲ့ အစားအစာတွေက အပင်တွေကိုဖျက်ဆီးတဲ့ ပင့်ကူ၊ ခရု၊ ပက်ကျိ၊ စတာတွေနဲ့ လူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ခြင်တွေဖြစ်ပါတယ်။ ညဖက်မှာမှ ပိုစားကြတဲ့သတ္တဝါတွေဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ်တွေကိုလည်း အရမ်းအနှောင့်အယှက်ဖြစ်တဲ့အထဲမှာ မပါပါဘူး။

အုံအွမ် အုံအွမ်နဲ့ တစ်ညလုံး အော်နိုင်တာက လွဲလို့ပေါ့။

ဆိုတော့ ဒီအသံလေးကို သာာယာနာပျော်ဖွယ် သဘာဝရဲ့ အသံတွေပဲလို့ နှလုံးသွင်းရင်းနဲ့ ဝန်းကျင်မပျက် ရေရှည်တည်တံ့တဲ့စိုက်ပျိုးရေး စနစ်ကိုတည်ထောင်နိုင်ကြပါစေခင်ဗျာ။..

Reference

https://my.wikipedia.org/wiki/ကုန်းနေရေနေ_သတ္တဝါ

https://sustainability.colostate.edu/humannature/toadally-awesome-the-hidden-benefits-of-amphibians/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်