အပင်ရိုးတံကြီးကအစ အလကားမဖြစ်ဘူးဆိုတဲ့ ဆေးရွက်ကြီးဈေးကွက် ပြတ်လပ်မှုမရှိကောင်းမွန်နေ

27/10/2021 13:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံနယ်တစ်ဝိုက် ဆေးရွက်ကြီးဈေးကွက် ပြတ်လပ်မှုမရှိ ကောင်းမွန်နေကြောင်း ကိုယ်တိုင်စိုက်ပျိုးနေသူများက ပြောသည်။

ကျွန်တော်တို့က ဆေးရွက်ကြီးပင်ကို မိရိုးဖလာ စိုက်ပျိုးခဲ့တာပါ။ ကွမ်းစားတဲ့အခါ ဗမာဆေးလို့ ခေါ်တဲ့ ဆေးလိပ်ခုံသုံးတဲ့ ဆေးရွက်ကြီးပင်အမျိုးအစားပါ။ နှစ်တိုင်း ၁၁ ဧကလောက် စိုက်ပျိုးပါတယ်။ ဆေးရွက်ကြီးက ဈေးကွက်ကောင်းမွန်ပါတယ်။ ကျွန်တော်တို့မြင်းခြံနယ်တစ်ဝိုက်မှာ ဒေသသုံးအနေနဲ့ ဆေးပေါ့လိပ်ထဲမှာထည့်တယ်။ အိန္ဒိယကလာတဲ့ ဆေး 92, 95 တို့လို ကွမ်းစားဆေးအဖြစ်လည်း အသုံးများကြတယ်။

ဟု မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ကျေးရွာမှ ဦးအောင်ကျော်မြင့် က ပြောသည်။

    ဆေးရွက်ကြီးကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ကုန်ကြမ်းအတိုင်း၊ ဆေးပေါ့လိပ် လိပ်ရာတွင် ထည့်သွင်းလေ့ရှိပြီး၊ တချို့ဒေသများတွင်မူ ဆေးရွက်ကြီးဆိုင်ရာ ကုန်ချောထုတ်ကုန်များအနေဖြင့်လည်း ပြန်လည်ထုတ်လုပ်ကြကြောင်း သိရသည်။

ကျွန်တော်တို့လို စိုက်ခြံတွေဆီကို ဆေးလိပ်ခုံပိုင်တွေက တစ်နှစ်တစ်ခါ ဆေးရွက်ကြီး အဝယ်ဆင်းပါတယ်။ ဆေးလိပ်ခုံပိုင်ရှင်တွေနဲ့ ချိတ်ဆက်ထားတာမျိုးလည်းရှိတယ်။ စိုက်ပျိုးပြီး သုံးလသားလောက်ဆိုရင် ဆေးရွက်ကြီးပင်ကအရွက်တွေကို ခူးပြီး နေလှန်းတယ်။ ခြောက်သွားတဲ့အခါ ဝါးနဲ့ယက်ထားတဲ့ နှီးပုတ်တွေထဲထည့်ထားတယ်။ ရောင်းခါနီးမှ တစ်ရွက်ချင်း ရေနှပ်ပြီးမှ ရောင်းချတာပါ။ အရွက်တွေခူးပြီး ကျန်ခဲ့တဲ့ အပင်အရိုးတံကိုလည်း ဆေးလိပ်လိပ်တဲ့အခါ အသုံးပြုလို့ရပါသေးတယ်။ အပင်ရိုးတံကြီးက အစ အလကားမဖြစ်ပါဘူး။

ဟု ဦးအောင်ကျော်မြင့် က ပြောသည်။

    ဆေးရွက်ကြီး ပိဿာချိန် (၁၀၀)လျှင် ငွေကျပ် (၂၅၀၀၀၀) ဝန်းကျင် ဈေးနှုန်းရရှိပြီး၊ တစ်ဧက စိုက်ပျိုးပါက ပိဿာချိန် (၇၀၀) ဝန်းကျင် အထွက်နှုန်းရှိကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်