သဘာဝမြေသြဇာနှင့်ပိုးသတ်ဆေးတွေ တစ်နိုင်တစ်ပိုင် ထုတ်လုပ်သုံးစွဲလိုပါက မိုးစပါးရာသီအမှီ သင်တန်းဖွင့်လှစ်ပေးလျှက်ရှိ

15/06/2021 11:30 AM တွင် ဂျာနူး ဂျာနူး မှ ရေးသား

    မကြာသေးခင်ရက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာ တွဲဘက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာကြီးဦးသိန်းဆုက လူမှုကွန်ယက်စာမျက်နှာကနေ သဘာဝမြေသြဇာနဲ့ ပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်းတွေ၊ အဖိုးတန်စိုက်ပျိုးရေးနည်း စနစ်တွေကို အခမဲ့သင်တန်းရယူနိုင်ကြောင်းကြေငြာခဲ့ပါတယ်။ အဲ့ဒီနောက်ခရမ်းမြို့နယ်  ကန်ကုန်းကျေးရွာမှာ သဘာဝမြေသြဇာနဲ့ ပိုးသတ်ဆေးပြုလုပ်နည်းတွေ၊ စပါးအစွမ်းဖွင့်စိုက်ပျိုးရေးနည်း၊ မြေဖုံးစိုက်ပျိုးရေးနည်းစနစ်များကို ၂ ရက်တာ သင်ကြားပို့ချခဲ့ပါ တယ်။ တောင်သူကို နက်နက်နဲနဲနဲ့ အတွေ့အကြုံရှိတဲ့အတိုင်းပြောရင် တောင်သူက လိုက်လုပ်ပါတယ်လို့ ဦးသိန်းဆုက ပြောပါတယ်။

အခုလုပ်နေတဲ့ အိမ်တွင်းဖြစ်၊ မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေ လုပ်လို့ရတယ်။ မသိကြဘူး။ ရေရှည်လုပ်ယူရမယ့်ဟာလေ၊ လျှပ်တပြက်နဲ့တော့ ပြောလို့လည်းမရသေးဘူး။ ဆိုပါစို့ ဒီနေ့ သင်တန်းပေးတယ်။ တက်ကြတယ်။ ရင်ထဲရောက်ပါတယ်။ အဲ့လိုရင်ထဲရောက်အောင်ထိထိ မိမိပြောမှလည်းရောက်မှာ။ သင်တန်းဆိုတာ ဆွေးနွေးပွဲတွေ၊ ပညာပေးတွေ၊ အဲ့ဒါတွေ အများကြီးလုပ်ရတာ။ တောင်သူကိုယ်တိုင်ကလည်း ကြားလာ၊ မြင်လာမှ ဒီနေ့ဆိုရင် မယုံတဲ့သူမရှိဘူးလေ။ သမကာလျှံကာ အပရိကလောက်ပြောရင်မရဘူးလေ၊ နက်နက်နဲနဲနဲ့ အတွေ့ကြုံရှိတဲ့အတိုင်းပြောရင် တောင်သူကလိုက်လုပ်ပါတယ်။

     သင်တန်းကပို့ချချက်အတိုင်း တောင်သူတွေဆောင်ရွက်နိုင်မယ်ဆိုရင် အရည်အသွေး ကျဆင်းနေတဲ့မြေဆီလွှာတွေ ပြန်လည်ကောင်းမွန်ဖို့၊ အထွက်နှုန်းတွေကောင်းလာဖို့နဲ့ ကုန်ကျစရိတွေ သက်သာဖို့၊ သွင်းအားစုကြောင့် ကျန်းမာရေးကိုမထိခိုက်စေပဲ ကျန်းမာ ရေးကိုအထောက်အကူဖြစ်ဖို့ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်တယ်လို့ ဦးသိန်းဆု ကတောင်သူတွေကို အာမခံပေးပြီး သင်ကြားပေးတာဖြစ်ပါတယ်။

    ပြောင်းလဲလာတဲ့ ရာသီဥတုကြောင့် စိုက်ပျိုးရေရရှိဖို့ အကန့်အသတ်တွေပိုပြီးများလာတဲ့အပြင် လိုက်လျောညီထွေဖြစ်မယ့် စိုက်ပျိုးနည်းစနစ်တွေကိုရရှိဖို့က တောင်သူတွေအတွက် လိုအပ်နေပါတယ်။ ဒါ့အပြင် တစ်ဧကအထွက်နှုန်းတွေတိုးလာဖို့နဲ့ ကုန်ကျစရိတ်တွေသက်သာအောင် ဆောင်ရွက်နိုင်မှသာ ထွက်ကုန်ကိုရောင်းချနိုင်ဖို့ သင့်တင့်တဲ့ဈေးနှုန်းကို သတ်မှတ်နိုင်ပြီး ဈေးကွက်မှာ ယှဉ်ပြိုင်ရောင်းချနိုင်ဖို့အရေးကြီးလာပါတယ်။ ဓာတ်မြေသြဇာနဲ့ ဓာတုပိုးသတ်ဆေးတွေ ဝယ်ယူသုံးစွဲရတဲ့ စရိတ်စက သက်သာဖို့နဲ့ ဘေးအန္တရယ်ကင်းအောင် သဘာဝဆေးကို သုံးစွဲသင့်တယ်လို့ ကန်ကုန်းကျေးရွာမှ လယ်ဧက ၄၀ ကို စိုက်ပျိုးထုတ်လုပ်နေတဲ့ ကိုစန်းဦးကပြောပါတယ်။

ဆရာကြီးကပြောတာက အသက်ရှည်ဖို့၊ ကျန်းမာဖို့ကို အဓိကထားပြောတာလေ၊ နောက်ပြီးတော့ ပိုးသတ်ဆေးတွေက မသုံးသင့်ဘူးဆိုတာ၊ တကယ်လည်းဟုတ်တယ် ဗျ၊ ကျွန်တော်တို့ ဆေးခွက်ကျင်းရင်းနဲ့ မူးမေ့ပြီးလဲသွားလို့ ဆေးရုံပို့ရတာရှိပါတယ်။ တောင်သူတွေက မသိဘူးလေ မတည့်တာတွေကို ဆေးစပ်ပြီးတော့ စပ်တဲ့သူက မူးမေ့လဲပြီးတော့ ဆေးရုံဆေးခန်းပို့ရတာရှိတယ်။ သဘာဝဆေးသုံးရင် အကုန်အကျလည်းသက်သာမယ်။ အန္တရယ်လည်းကင်းမယ်။

    ကန်ကုန်းကျေးရွာမှာ သင်တန်းဖွင့်လှစ်နိုင်ဖို့ ဦးဆောင်လုပ်ကိုင်သူဖြစ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ ပန်းစိုက်ပျိုးသူ ကိုဇော်မင်းလွင်က စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရာမှာ အော်ဂဲနစ်နည်းပညာတွေကိုသိမယ်ဆိုရင် အကျိုးများတာမို့ သင်တန်းဖွင့်လှစ်နိုင်အောင် ကူညီဆောင်ရွက်ပေးတာဖြစ်တယ်လို့ ပြောပါတယ်။

စိုက်ပျိုးရေးကိုလေ့လာတဲ့အခါကျတော့ ဒီစိုက်ပျိုးရေးမှာ အော်ဂဲနစ်နည်းပညာတွေကို တကယ်တမ်းတောင်သူတွေ သိခဲ့မယ်ဆိုရင် ကုန်ကျစရိတ်တွေ သက်သာမယ်။ ဘေးထွက်ဆိုးကျိုးနည်းမယ်။ ကျန်းမာရေးတွေ ကောင်းမယ်။ သဘာဝပတ်ဝန်းကျင်ပြန်ပြီးတော့မှ လည်ပတ်မှုစနစ်တွေကောင်းလာမယ်ဆိုတာကို သိလာတယ်။ အော်ဂဲနစ်နည်းပညာတွေကို လေ့လာတယ်။ တကယ်နားလည်လာတဲ့အချိန်မှာ ဒီတောင်သူလယ်သမားတွေကို ပြန်ပြီးမျှဝေချင်တဲ့စိတ်တွေဖြစ်လာပြီး လယ်သမားတွေကို  တကယ့်ပညာရှင်တွေနဲ့ သင်တန်းပေးပြီး အသိပညာပေးတွေ လိုက်လုပ်ပေးနေတာပေါ့နော်။

    အငြိမ်းစားတွဲဘက်ပါမောက္ခ ဦးသိန်းဆုက ၂၀၁၅ ခုနှစ်၊ မေလကစတင်ပြီး ဖိတ်ကြားမှု အရ ကချင်ပြည်နယ်မှလွဲပြီး မြန်မာပြည်အနှံ့ စပါးအစွမ်းဖွင့်စိုက်နည်း၊ မြေဖုံးစိုက်ပျိုး နည်း၊ တည်မြဲတောင်စောင်းစိုက်ပျိုးနည်းနဲ့ သဘာဝမြေသြဇာနဲ့ ပိုးသတ်ဆေးထုတ်လုပ် သုံးနည်းစတဲ့ စိုက်ပျိုးရေးနည်းပညာပေးသင်တန်းပေါင်း တစ်ရာလောက် ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဆရာကြီးပို့ချပေးတဲ့ နည်းစနစ်တွေအတိုင်း ၄ ရာသီဆက်တိုက်လိုက်နာ ဆောင်ရွက်နိုင်ခဲ့တဲ့ တန့်ဆည်မြို့နယ်က ကိုမျိုးဝင်းက မြေကြီးမှာဘာစိုက်စိုက် အဆင် ပြေတာကိုတွေ့ရပြီး အခုလို မြေဆီဈေးနှုန်းကြီးမြင့်လာတာတွေက သူနဲ့မဆိုင်သလိုဖြစ်သွားပြီဖြစ်ကြောင်း ပြောပါတယ်။

နံပါတ်တစ်ကတော့ မြေမှာလည်း ဘာစိုက်စိုက်အဆင်ပြေတာကိုတွေ့ရတယ်။ ကျွန် တော်ကိုယ်တိုင် လုပ်နေတဲ့သူမှာလည်း ကိုယ်လုပ်တာလက်ဖြစ်တွေပေါ့ဗျာ။ လက်တစ် ကမ်းမှာရှိနေတဲ့ လက်ဖြစ်တွေပေါ်မှာပဲ ယုံကြည်လာတယ်။ လက်တွေ့ ကိုယ်တိုင်လည်း လုပ်ကြည့်လိုက်တယ်။ ယုံကြည်လာတာကိုတွေ့ရတယ်။ ခုနပြောတဲ့ မြေဆီဈေးတက်ခြင်း၊ တန့်ခြင်းတွေက ကျွန်တော့တို့အတွက် မဆိုင်သလိုသွားဖြစ်သွားတယ်။

    ၂၀၂၁ မိုးရာသီစိုက်ပျိုးချိန်အမှီ သင်တန်းပေးသွားမှာဖြစ်ပြီး ဖွင့်လှစ်လိုပါက ဆရာကြီးရဲ့ ဖုန်းနံပါတ်များဖြစ်တဲ့ ၀၉၄၅၀၀၆၁၉၄၇ နဲ့ ၀၉၉၇၇၄၀၀၃၆၃ မှဆက်သွယ်နိုင်ပါတယ်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်