စီးပွားရေးလုပ်ငန်းတွေမှာ QR (ကျူအာ)ကုဒ်၏ အသုံးဝင်ပုံ

25/10/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ခင်ဗျ။

ယခုတစ်ပတ်မှာတော့ QR (ကျူအာ) ကုဒ် အကြောင်း ကို တောင်သူ ဦးလေး ဒေါ်လေးတို့ ဗဟုသုတရအောင် မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။

၁၉၉၄ ခုနှစ်မှာ QR (ကျူအာ) ကုဒ် နည်းပညာအသစ်ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ (ကျူအာ) ကုဒ် တွေကို ယနေ့ခေတ် စီးပွားရေး လုပ်ငန်းပိုင်းအများစုမှာ အသုံးပြုနေကြပြီဖြစ်ပါတယ်။ (ကျူအာ) ကုဒ် ရဲ့ အဓိပ္ပါယ်ကတော့ လျှင်မြန်တဲ့တုန့်ပြန်ခြင်း လို့ဖွင့်ဆိုပါတယ်။ ၂၀၁၀ ခုနှစ်မှာ နိုင်ငံတကာအသိအမှတ်ပြု ISO (အိုင်အက်စ်အို) လက်မှတ်ရကုန်အမှတ်တံဆိပ်ဖြစ်လာပြီး ကမ္ဘာတစ်ဝှမ်းမှာ ကျယ်ပြန့်စွာအသုံးပြုလာကြပါတယ်။

(ကျူအာ) ကုဒ်ရဲ့ အားသာချက်တွေကတော့ ကုန်ပစ္စည်းတွေရဲ့ သီးသန့်အမှတ်အသားအတွက် အသုံးပြုနိုင်ခြင်းအတွက်သာမဟုတ်တော့ဘဲ ဝက်ဘ်ဆိုက်လင့်တွေ Facebook (ဖေ့ဘုတ်) လင့် တွေကိုပါ ရည်ညွှန်းပေးနိုင်ပါတယ်။ (ကျူအာ) ကုဒ်ကို အသုံးပြုပြီး ငွေထုတ်၊ ငွေလွှဲလုပ်တာမျိုးတွေသာမက ပစ္စည်းဝယ်ရာမှာ ငွေပေးချေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဈေးဝယ်စင်တာတွေမှာ ဆိုရင်လည်း ကုန်ပစ္စည်းရဲ့ (ကျူအာ) ကုဒ်ကနေတစ်ဆင့် ကုန်ပစ္စည်းရဲ့ အချက်အလက်တွေနဲ့ တည်နေရာကိုပါ ဖော်ပြပေးနိုင်ပါတယ်။

ထို့အပြင် စားသောက်ကုန်တွေ၊ သီးနှံတွေပေါ်မှာလည်း (ကျူအာ) ကုဒ် ထည့်သွင်းဖော်ပြပေးနိုင်ပြီး မိမိဖုန်းနဲ့ ကုဒ်ကိုဖတ်လိုက်ခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ခဲ့မှု အချက်အလက်များကို ဖော်ပြပေးနိုင်သည်အထိ များစွာအသုံးဝင်ပါတယ်။ ဒီလို အသုံး၀င်တဲ့ (ကျူအာ) ကုဒ်လေးတွေကို ဖတ်ဖို့ မိမိဖုန်းထဲမှာ (ကျူအာ) ကုဒ် ဖတ်နိုင်တဲ့ ဆော့ဝဲလ်လေးတွေ ထည့်ထားဖို့တော့ လိုအပ်ပါတယ် ခင်ဗျ။

ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေး ပြန်လည် ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

ဖုန်းပူလာရသည့် အကြောင်းရင်း (၈) ချက်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်