မုန်တိုင်းသတိပေးချက်

28/04/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။
BOB 1 cyclone
၂၀၂၀ မေလ ၁ရက်နေ့တွင် Andaman sea (ကပ္ပလီပင်လယ်ပြင်) မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး မေလ ၂ရက် ၃ရက်နေ့တွေမှာ အန်ဒမန်ကျွန်းအနီး Depression (or) Deep depression မုန်တိုင်းငယ်အဆင့်ရောက်ရှိနိုင်ပါတယ် အဆိုပါမုန်တိုင်းငယ်သည် ဧရာဝတီတိုင်း သို့မဟုတ် ရခိုင်ကမ်းရိုးတန်းအနီး ဘင်္ဂလားပင်လယ်အော်ကို ဦးတည်ရွှေ့လျှားဖွယ်ရာရှိသဖြင့် ဧရာဝတီကမ်းရိုးတန်းနှင့် ရခိုင်ကမ်းရိုးတန်းအောက်ပိုင်း ရေလုပ်ငန်းသမားများ ပင်လယ်ပြင်သွားရေယာဥ်များ မုန်းတိုင်းသတင်းများကို နားစွင့်ကြပြီး ဘေးအန္တရာယ်ကင်းလွတ်ရာသို့ ရှောင်ရှားကြပါရန် အသိပေးနိုးဆော်လိုက်ရပါတယ်...။၂၈/၀၄/၂၀၂၀ နံနက် (၅:၄၉ မိနစ်)
 
 Source -  Su Su San (ရာသီဥတုအခြေအနေမျှဝေကြမယ်)
 
ယခုသတင်းက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်