ဒူဘိုင်းကိုဖရဲတင်ပို့ချိန်မှာ တရုတ်ဈေးကိုမယှဉ်နိုင်တဲ့အတွက် အကောင်းဆုံးအရွယ်အစားကို မရွေးချယ်နိုင်ပဲ ဆိုဒ် ဘီနဲ့ စီကိုရွေးချယ်တင်ပို့ခဲ့၊ ဆက်လက်တင်ပို့နိုင်ရန် ပြင်ဆင်နေ

06/01/2021 10:45 AM တွင် ဂျာနူး ဂျာနူး မှ ရေးသား

    ၂၀၂၀ ဒီဇင်ဘာလအတွင်းမှာ ဒူဘိုင်းနိုင်ငံကို မြန်မာ့ဖရဲသီး ပထမဆုံးစတင်တင်ပို့ခဲ့ပါတယ်။ ဒီလိုတင်ပို့ရာမှာ မိတ္ထီလာဒေသထွက်ဖရဲသီးတွေကို တင်ပို့ဖို့ ရွေးချယ်ခဲ့ပြီး ဒေသခံဖရဲတောင်သူ ဦးဇော်မင်းက ဝယ်သူစိတ်ကြိုက် အသီးအရည်အသွေးကိုရွေးချယ်စေပြီး ပူးပေါင်းတင်ပို့ခဲ့တာဖြစ်တယ်လို့ ဦးဇော်မင်းက Green Way ကိုပြောပါတယ်။ 

ကျွန်တော်က သူ့ကို ဘာယူပါ ပေးတာမဟုတ်ဘူး။ ဥပမာဗျာ ၁၇ သိန်းတန်တဲ့ဟာကို ကျွန်တော် ပြောပြမယ် ၁၅ သိန်းနဲ့ ပေးလိုက်တယ်။ ၁၇ သိန်းကို နှုတ်ပြီး ၁၅ သိန်းနဲ့ တစ်အချက် ပေးလိုက်တယ်။ တကယ်လို့ ၁၉ သိန်း တန်တာယူမယ်ဆိုရင် ၁၇ သိန်းနဲ့ ပေးလိုက်မယ်။ အဲ့မှာ သူက ၅ တန်ယူသွားတော့ ချိန်လိုက်တော့ တကယ်တမ်းဆိုရင် ကျွန်တော်တို့ အောက်ရောင်းတယ်ဆိုရင် ကေဂျီချိန်ပြီးတော့ အပိုဆိုတာမပေးဘူး။ ဒါမယ့် သူ ၅ တန်ကို ကေဂျီ ၂၃၀ အပိုပေးလိုက်တယ်။ အဲ့မှာ တစ်တန်ကို ၁၇ သိန်းလောက်ပေါက်တာ၊ တစ်တန်ကို ၂ သိန်းလည်းလျော့ပေးထားပြီးပြီ။ နောက်ထပ် ကေဂျီ ၂၀၀ ကျော်ကလည်း ၁၅ သိန်းဆိုရင် ၃ သိန်းကျော်တယ်။ ကျွန်တော် ၁၃ သိန်းကျော်၊ ထားလိုက်၊ ခင်ဗျားလည်းဖောက်တာ၊ ဘာဖြစ်လို့လည်းဆို ခင်ဗျားရှေ့သွားလာရင် နောက်က ကျွန်တော်တို့ထုတ်လုပ်သူလည်း အဆင်ပြေမယ်။ ကျွန်တော်ဆိုရင်လည်း တက္ကသိုလ်ကျောင်းဆရာကနေထွက်ပြီး စိုက်ပျိုးရေးလုပ်နေတာပါ။ ရုက္ခဗေဒပါ။ ကျွန်တော်တို့ ဒါတွေလုပ်နေတယ်ဆိုတာ ဒီတောင်သူတွေရှေ့က ပိုင်အိုးနီးယားအနေနဲ့ အနာခံထွက်၊ ဈေးကွက်ပွင့်သွားတော့ ကျန်တဲ့လူပါရမယ်။ ကျွန်တော်က အဲ့လိုပဲ တွေးခဲ့တာ။ ဒီအသီးက နွားကျွေးသီးလည်းမဟုတ်ပါဘူး။ ပယ်သီးလည်းမဟုတ်ပါဘူး။ အသီးရဲ့အရည်အသွေးကိုလည်း သူတို့ကြိုက်တယ်။

    အစေ့မဲ့ဖရဲအရည်အသွေးကို အရွယ်အစား (၉) မျိုးခွဲခြားထားပါတယ်။ ဒူဘိုင်းကိုတင်ပို့လိုက်တဲ့ ဆိုဒ် B နဲ့ C ရဲ့အထက်မှာ ဆိုဒ် ၆ မျိုးရှိပြီး AAAA, AAA အနီ, AAA အစိမ်း, AA အနီ,  AA အစိမ်း, A  B နဲ့ C ရဲ့အောက်မှာတော့ 1, 2 ဆိုပြီး ဆိုဒ် ၂မျိုးရှိပါတယ်။ အရည်အသွေးအရ အစေ့မဲ့ဖရဲရဲ့ အကောင်းဆုံး အရွယ်အစားက အေတစ်လုံးဖြစ်ပြီး ဘီနဲ့ စီကို ဈေးနှုန်းအရရော အရွယ်အစားအရပါ စမ်းသပ်တင်ပို့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဌ ဦးနိုင်ဝင်းက Green Way ကိုပြောပါ တယ်။

ကျွန်တော်တို့က ခေါင်သီးမရောက်တာမဟုတ်ပါဘူး။ ခေါင်သီးကို မတင်တာပါ။ မတင်တာက အေသုံးလုံးတွေတင်ရင် သူတို့က နည်းနည်းပွရင် ဟိုရောက်ရင်မခံမှာစိုးလို့ ကျွန်တော်တို့က ဘီနဲ့ စီကိုတင်လိုက်တာပါ။ ဘီနဲ့ စီက နည်းနည်းသေးပေမယ့် မာကျောတယ်။ အဝေးတင်ခံတယ်။ ဒါ့ကြောင့် ဟိုမှာ မပျက်စီးတာပါ။ နောက်တစ်ခါကျမှ အေ တစ်လုံးတို့၊ အေ နှစ်လုံးတို့ ထပ်တင်ရအုန်းမယ်လေ။ ဟိုကျ ပျက်စီးကုန်မှာစိုးလို့ စမ်းနေရတာပေါ့။

    အစေ့မဲ့ဖရဲ ဆိုဒ် ဘီနဲ့ စီကို တင်ပို့လိုက်ပေမယ့် သင်္ဘောနဲ့ တင်ပို့လိုက်ပြီး သင်္ဘောတင်ချိန်ပါပြီး ၁၈ ရက်အကြာ ဒူဘိုင်းကိုရောက်ရှိသွားချိန်မှာ ဈေးကွက်ပျက်လောက်အောင် အရည်အသွေးပြဿနာ မရှိခဲ့ပဲ လာမယ့်ဖရဲရာသီတွေမှာ ဆက်လက်တင်ပို့သွားမှာဖြစ်တယ်လို့ ပြည်ပတင်ပို့ခဲ့တဲ့ Future Glory ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်ကိုကိုဝင်း က Green Way ကိုပြောပါတယ်။

ကျွန်တော်တို့က အခု  First Shipment ပြီးသွားပြီဆိုတော့ နောက်ပိုင်းတွေမှာလည်း ကျွန်တော်တို့ အခုကတာ့ ပြောရလို့ရှိရင် ကျွန်တော်တို့က ကိုယ့်ဘာသာစိုက်ထားတာရှိပါတယ်။ ကျွန်တော်ဆိုရင် တောင်ငူမှာရှိပါတယ်။ ကန်ထရိုက်ဖန်းမင်းစိုက်ထားတယ်၊ တပ်ကုန်းဘက်မှာရှိပါတယ်။ အဲ့ဒီကထွက်တော့မှ ကျွန်တော်တို့ပို့မှာ။ ဖေဖေါ်ဝါရီမှာထွက်တာနဲ့ ကျွန်တော်တို့ကပို့မှာ။ ဒူဘိုင်းဈေးကွက်က ပုံမှန်သွားလို့ရပါတယ်။ 

    ဒူဘိုင်းကိုတင်ပို့ရာမှာ အစေ့မဲ့ဖရဲတစ်တန်ကို ဈေးကွက်ပေါက်ဈေးထက် ကျပ်နှစ်သိန်းလျော့ပြီးကျပ် ၁၅ သိန်းနဲ့ ဝယ်ယူတင်ပို့ခဲ့တာဖြစ်ပေမယ့် ဒူဘိုင်းနိုင်ငံရဲ့ပေါက်ဈေးက အစေ့မဲ့ဖရဲတစ်တန်ကိုကျပ် ၁၆ သိန်းသာရှိတာမို့ ထုပ်ပိုးစရိတ်နဲ့ သယ်ယူပို့ဆောင်စရိတ်တွေ ကျန်ရှိနေသေးတဲ့အတွက် ပြည်ပတင်ပို့သူအနေနဲ့က အကျိုးအမြတ်ရရှိတဲ့အခြေအနေတော့ မဟုတ်ခဲ့ပါဘူး။ ဒါ့အပြင် ဒူဘိုင်းနိုင်ငံရောက် မြန်မာ့ဖရဲသီးဈေးကွက်က ဘရာဇီးလ်၊ အိန္ဒိယ၊ မလေးရှားနိုင်ငံတို့နဲ့ ယှဉ်ပြိုင်ရောင်းချရတာဖြစ်တဲ့အတွက် လာမယ့်ဖရဲရာသီမှာ တင်ပို့နိုင်ဖို့အတွက် ကန်ထရိုက်စနစ်နဲ့ ဧက ၆၀ ကျော်စိုက်ပျိုးထားပြီး ကြမ်းခင်းဈေးအဖြစ် ဖရဲတစ်တန်ကို ကျပ်ငါးသိန်းဈေး သတ်မှတ်ထားပါတယ်။  အစေ့မဲ့ဖရဲက တစ်ဧကကုန်ကျစရိတ် ကျပ် ၂၅ သိန်းလောက်ရှိပြီး အထွက်နှုန်းက တစ်ဧကကို ၁၅ တန်ကနေ တန် ၂၀ အထိထွက်ရှိပါတယ်။ 

    မြန်မာနိုင်ငံမှာ ဖရဲစိုက်ဧက ငါးသောင်းကျော်ရှိပြီး ပြည်ပတင်ပို့ဖို့အတွက် ဖရဲ အကြားသီး၊ အဖြူသီး၊ အဝိုင်းအကြားသီးနဲ့ အစေ့မဲ့ဖရဲတို့ကို အများဆုံး စိုက်ပျိုးထုတ်လုပ်ကြပါတယ်။ ပြီးခဲ့တဲ့၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ့ဖရဲ ပြည်ပတင်ပို့မှုက တန်ချိန်ပေါင်း ၆၆၃၃၉ တန် ရှိခဲ့ပြီး အဲ့ဒီကနေ အမေရိကန်ဒေါ်လာ ၅၃.၇၉၁ သန်း ရရှိထားပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်