မြန်မာနိုင်ငံအတွက် ချိုမြတဲ့ မင်းဂွတ်သီးတွေ အများကြီးသီးပွင့်စေဖို့ အတွေးတစ်စ

01/10/2021 21:05 PM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား

မင်းဂွတ်သီးလေးတို့ရဲ့ မြန်မာနိုင်ငံရဲ့ အဓိက အသက်မွေးဝမ်းကြောင်းက စိုက်ပျိုးရေး ဖြစ်တယ်ဆိုတာ ပြောဖို့တောင် လိုမယ်မထင်ပါဘူး။ ဒါပေမဲ့လဲ စိုက်ပျိုးရေး လုပ်ငန်းဆိုတာ စိုက်နည်းစနစ်သိရုံနဲ့ အဆင်မပြေဘူးလေ။ သဘာဝက ပေးထားတဲ့ သဘာဝ ရင်ခွင်ထဲမှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်တဲ့သူတွေဆိုတာ မိုးလေဝသ ရာသီဥတု အခြေအနေကို မူတည်ပြီး ချိန်ဆ စိုက်ပျိုးရပါတယ်။ ဒါမှပဲ အလေအလွင့် ဆုံးရှုံးမှု နည်းပြီး ဖြစ်ထွန်းအောင်မြင်မှာပေါ့လေ။ 

မိုးလေဝသအခြေအနေ ကြိုတင်သိရမယ်ဆိုရင် စိုက်ပျိုးရေး လုပ်ငန်းတစ်ခုထဲ မဟုတ်ပဲ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်တာကို  သိရှိကာကွယ်နိုင်မယ်၊ လမ်းပန်းဆက်သွယ် ရေးလုပ်ငန်းတွေ၊ ဆားလုပ်ငန်းသမားတွေ၊  ဆောက်လုပ်ရေးလုပ်ဆောင်နေတဲ့ အင်ဂျင်နီယာတွေ၊ ဆည်မြောင်းတာတမံလုပ်ငန်းများအတွက် အကျိုးပြုနိုင်မှာပဲဖြစ်ပါတယ်။ 

အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံမှာ ရာသီဥတုအခြေအနေခန့်မှန်းချက်ထုတ်တာ (weather forecast) ကမ္ဘာနှင့်ယှဥ်ကြည့်မယ်ဆိုရင် များစွာနောက်ကျနေပါသေးတာကြောင့် မဆုံးရှုံးသင့်တာတွေ၊ မလေလွင့်သင့်တာတွေ အများကြီး ဖြစ်နေတာကို စိတ်မကောင်းစွာနဲ့ မြင်တွေ့နေရပါတယ်။ 

ဒါ့ကြောင့် နိုင်ငံရဲ့လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ပြည့်စေနိုင်ရေး၊ မိုးလေဝသခန့်မှန်းခြင်းအတတ်ပညာ လက်ဆင့်ကမ်းဖြန့်ဝေနိုင်ရေး စတဲ့ရည်ရွယ်ချက်တွေနဲ့ SU SU SAN METEOROLOGICAL TECHNICIANS TRAINING COURSE. ကို အနာဂတ်မြန်မာနိုင်ငံတော် အနာဂတ်မျိုးဆက်သစ်တွေအတွက် ဖွင့်လှစ်တည်ထောင်မယ်လို စိတ်ကူးထားပါတယ်။ အခက်အခဲတော့အများကြီးရှိမှာပါ။ တိုင်းပြည်ချစ်စိတ် နိုင်ငံချစ်စိတ်ရှိသူတွေရဲ့ ဘက်စုံပံ့ပိုးကူညီမှု အများကြီးလိုအပ်ပါတယ်။ တိုင်းပြည်ကြီးအေးချမ်းသာယာပြီး အခွင့်ရယ်သာခဲ့ရင် စွမ်းစွမ်းတမံ ကြိုးစားကြည့်ချင်ပါသေးတယ်။ မင်းဂွတ်သီးလေး ချစ်သူတို့ရော ဘယ်လိုထင်လဲ။ အောက်မှာ ထင်မြင်ချက်လေး ရေးပါခဲ့ဦး။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်