ဘင်္ဂလားပင်လယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်မည့် လေဖိအားနည်းရပ်ဝန်း

27/08/2024 08:58 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဩဂုတ် ၂၆ ရက် ညနေ ၅ နာရီခွဲအချိန်ရရှိသည့် ဒေတာများအရ

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းပင်လယ်ပြင်မှာ ဩဂုတ်လ ၂၈ ရက် ညနေပိုင်းက စ ပြီး လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်လာနိုင်ကြောင်း၊ ပိုမိုအားကောင်းလာပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်)အဆင့်သို့ ဩဂုတ် ၃၀ ရက်နေ့တွင်ရောက်ရှိလာနိုင်ကြောင်း၊ ဩဂုတ် ၃၁ ရက်နေ့တွင် အိန္ဒိယကမ်းခြေသို့ ဦးတည်ရွေ့လျားနိုင်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာ တွေ့ရပါတယ်။

ECMWF Cyclone Genesis chart ကြိုတင်ခန့်မှန်းချက်အရ အခုဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့အားကောင်းရောက်ရှိနိုင်ချေ ၅၀% သာရှိပါတယ်။

ဒီအခြေအနေကြောင့် နောက် ၃ ရက်မှ ၅ ရက်အတွင်း လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းညာဘက်ခြမ်းမှ မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးပိုလာနိုင်ပါမယ်။

နောက်တကြိမ် update ကို ယနေ့ ဩဂုတ် ၂၇ ရက် ည ပိုင်းမှာ ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမယ်။

ဩဂုတ်လ ၃၀ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်း ၁ ကြိမ် ဖြစ်လာနိုင်ကြောင်း ... သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေးမော်ဒယ် ၇ ခု ECMWF(AI), ECMWF, GEPS, GFS, GEFS, ICON, NAVGEM တို့မှ  တပြေးညီပြလာတာတွေ့ရပါတယ်။

အခုလို Numerical Models တွေမှ တပြေးညီ ပြလာပြီဆိုရင်တော့ ဖြစ်နိုင်ချေက ရာနှုန်းပြည့်နီးပါးကို ရှိလာပါပြီ။

လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်လာချိန်(ခန့်မှန်း ဩဂုတ် ၂၈ ရက် ညပိုင်း)မှ စ ပြီး သတိနဲ့ စောင့်ကြည့်ကြရပါမယ်။

လေဖိအားနည်းရပ်ဝန်းဖြစ်လာတဲ့အချိန်အတွင်း -

တစ်နိုင်ငံလုံး မိုးရွာနိုင်ပြီး ဒေသအလိုက် မိုးအနည်းအများကွာခြားသွားပါမယ်။

ဩဂုတ် ၂၈ ရက်မှ ဩဂုတ် ၃၀ ရက်အထိ ၃ ရက်အတွင်း ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် တွေမှာ မိုးရေချိန် ၅၀ မီလီမီတာမှ ၁၁၀ မီလီမီတာ(၂ လက်မခန့်မှ အများဆုံး ၄.၅ လက်မခန့်)အထိ မိုးရွာသွန်းနိုင်ပြီး၊ ကျန်ပြည်နယ်တိုင်းဒေသတွေမှာ ၀.၆ လက်မခန့်မှ ၁.၅ လက်မခန့်အထိ ရွာနိုင်ပါတယ်။

ဩဂုတ်လ ၃၀ ရက်နောက်ပိုင်း စက်တင်ဘာလ ၂ ရက်နေ့အထိ ၃ ရက်တာ ကာလအပိုင်းအခြားအတွင်းမှာတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ မိုးပိုလာနိုင်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်