ဘင်္ဂလားပင်လယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်မည့် လေဖိအားနည်းရပ်ဝန်း

27/08/2024 08:58 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဩဂုတ် ၂၆ ရက် ညနေ ၅ နာရီခွဲအချိန်ရရှိသည့် ဒေတာများအရ

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းပင်လယ်ပြင်မှာ ဩဂုတ်လ ၂၈ ရက် ညနေပိုင်းက စ ပြီး လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်လာနိုင်ကြောင်း၊ ပိုမိုအားကောင်းလာပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်း(မုန်တိုင်းငယ်)အဆင့်သို့ ဩဂုတ် ၃၀ ရက်နေ့တွင်ရောက်ရှိလာနိုင်ကြောင်း၊ ဩဂုတ် ၃၁ ရက်နေ့တွင် အိန္ဒိယကမ်းခြေသို့ ဦးတည်ရွေ့လျားနိုင်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာ တွေ့ရပါတယ်။

ECMWF Cyclone Genesis chart ကြိုတင်ခန့်မှန်းချက်အရ အခုဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့အားကောင်းရောက်ရှိနိုင်ချေ ၅၀% သာရှိပါတယ်။

ဒီအခြေအနေကြောင့် နောက် ၃ ရက်မှ ၅ ရက်အတွင်း လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းညာဘက်ခြမ်းမှ မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးပိုလာနိုင်ပါမယ်။

နောက်တကြိမ် update ကို ယနေ့ ဩဂုတ် ၂၇ ရက် ည ပိုင်းမှာ ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမယ်။

ဩဂုတ်လ ၃၀ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်း ၁ ကြိမ် ဖြစ်လာနိုင်ကြောင်း ... သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေးမော်ဒယ် ၇ ခု ECMWF(AI), ECMWF, GEPS, GFS, GEFS, ICON, NAVGEM တို့မှ  တပြေးညီပြလာတာတွေ့ရပါတယ်။

အခုလို Numerical Models တွေမှ တပြေးညီ ပြလာပြီဆိုရင်တော့ ဖြစ်နိုင်ချေက ရာနှုန်းပြည့်နီးပါးကို ရှိလာပါပြီ။

လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်လာချိန်(ခန့်မှန်း ဩဂုတ် ၂၈ ရက် ညပိုင်း)မှ စ ပြီး သတိနဲ့ စောင့်ကြည့်ကြရပါမယ်။

လေဖိအားနည်းရပ်ဝန်းဖြစ်လာတဲ့အချိန်အတွင်း -

တစ်နိုင်ငံလုံး မိုးရွာနိုင်ပြီး ဒေသအလိုက် မိုးအနည်းအများကွာခြားသွားပါမယ်။

ဩဂုတ် ၂၈ ရက်မှ ဩဂုတ် ၃၀ ရက်အထိ ၃ ရက်အတွင်း ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် တွေမှာ မိုးရေချိန် ၅၀ မီလီမီတာမှ ၁၁၀ မီလီမီတာ(၂ လက်မခန့်မှ အများဆုံး ၄.၅ လက်မခန့်)အထိ မိုးရွာသွန်းနိုင်ပြီး၊ ကျန်ပြည်နယ်တိုင်းဒေသတွေမှာ ၀.၆ လက်မခန့်မှ ၁.၅ လက်မခန့်အထိ ရွာနိုင်ပါတယ်။

ဩဂုတ်လ ၃၀ ရက်နောက်ပိုင်း စက်တင်ဘာလ ၂ ရက်နေ့အထိ ၃ ရက်တာ ကာလအပိုင်းအခြားအတွင်းမှာတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ မိုးပိုလာနိုင်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်