ဧပြီလ ၉ ရက် မှ ၁၆ ရက်အထိ ၇ ရက်အတွင်း မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်မည့်ဒေသများ

09/04/2026 16:23 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဧပြီလ ၁၀ ရက် ညနေ ၄ နာရီ Update အရ

 ဩစတေးလျတိုက်အရှေ့ဘက်၊ ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းမှ CAT-3 ဆိုင်ကလုန်းမုန်တိုင်း MAILA သည် မူလခန့်မှန်းလမ်းကြောင်းအတိုင်း အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဩစတေးလျအရှေ့မြောက်ပိုင်းကို CAT-3 ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ဝင်ရောက်နိုင်ပါမယ်။ ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်းမှ INVEST-90W သည် လေဖိအားနည်းရပ်ဝန်း TD-04W ဖြစ်လာပါတယ်။

ECMWF forecast via CHART အရ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းတို့တွင် ဧပြီ ၁၃ ရက်မှ စတင်၍ နေ့အပူချိန်များ မြင့်လာနိုင်ပြီး၊ VENTUSKY APP ကြိုတင်ခန့်မှန်းချက်အရ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် ဧပြီ ၁၆ ရက်၏ နေ့အပူချိန် ၃၉°C မှ ၄၂°C အထိ ရှိနိုင်ပါတယ်။

ဧပြီလ ၉ ရက် မှ ၁၆ ရက်အထိ ၇ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း (မန္တလေးမြို့နှင့်အထက်)၊  စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးအနည်းငယ်မှ အသင့်အတင့် ထစ်ချုန်းရွာနိုင်ပါမယ်။ မိုးတိမ်များဝင်ရောက်မည့် လမ်းကြောင်းပေါ်မူတည်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မွန်/ကရင်ပြည်နယ်တို့တွင် မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပါတယ်။

အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှ လေစီးကြောင်းများအခြေအနေအရ အနောက်-အနောက်မြောက်လေဆက်လက်အားကောင်းလျှက်ရှိပြီး၊ အီကွေတာဖြတ်ကျော်လေစီးကြောင်း CEF သည် မြောက်မှတောင်သို့ ဆက်လက်တိုက်ခတ်နေဆဲဖြစ်သည်။ CEF  တောင်မှမြောက်သို့ပြောင်းလဲ တိုက်ခတ်ပြီး အီကွေတာတလျှောက်မှ ITCZ - INTER-TROPICAL CONVECTION ZONE မြောက်ဘက်သို့ စတင်ရွေ့လာချိန် ခန့်မှန်း မေလ ၂၀ ရက် ဝန်းကျင်တွင် အနောက်တောင်မုတ်သုံလေဦးအစပျိုးလာနိုင်ပါမည်။ အဆိုပါလေကြောင်းပြောင်းလဲမှုကို စတင်တွေ့ရနိုင်ပါသည်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်