ဩဂုတ်လ ၅ ရက် မှ ၁၁ ရက်အထိ ဖြစ်ပေါ်နိုင်သော မြစ်ရေသတိပေးချက်နှင့် မိုးရွာသွန်းနိုင်သည့်အခြေအနေ

05/08/2025 18:52 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဩဂုတ်လ ၄ ရက် နေ့လည် ၁၂ နာရီတွင် ရရှိသည့် ဒေတာများအရ ဩဂုတ်လ ၅ ရက် မှ ဩဂုတ်လ ၁၁ ရက်အထိ ၇ ရက် ၁ ပတ်အတွင်း 

ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်များနှင့် တောင်တရုတ်ပင်လယ်တို့တွင် ထူးခြားသောမိုးလေဝသဖြစ်စဉ်များ (လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြင်းမရှိပါ)။ 

🔸 ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်၍ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် အမြင့် ၅၀၀၀ နှင့်အထက်လေထုလွှာအတွင်း အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation – UACC) ၁ ခု ဖြစ်ပေါ်နိုင်ပါတယ်။

🔸 အထက်လေပွေလှိုင်း UACC သည် အားပိုကောင်းလာပြီး ဩဂုတ်လ ၁၅-၁၆ ရက်များမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာပြီး၊ မြောက်ဘက်(ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံနယ်စပ် ကမ်းရိုးတန်းဘက်)သို့ ဆက်လက်ရွေ့လျားနိုင်ပါတယ်။

🔸 ဖြစ်ပေါ်လာနိုင်တဲ့ ပင်လယ်ပြင် ထူးခြားမိုးလေဝသအခြေအနေကြောင့် ဘင်္ဂလားပင်လယ်အော်တခုလုံးမှာ အနောက်တောင်မုတ်သုံလေ အားပြန်ကောင်းလာနိုင်ပါတယ်။

ဩဂုတ်လ ၅ ရက် မှ ၁၁ ရက်အထိ ၁ ပတ်အတွင်း မြန်မာတနိုင်ငံလုံးတွင် ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်အခြေအနေအနေနဲ့  -

🔸 မကွေးတိုင်း၊ မန္တလေးတိုင်းအနောက်ဘက်(မလှိုင်မြို့ အနောက်ဘက်)၊ ဧရာဝတီတိုင်းမြောက်ဘက်(ဟင်္သာတမြို့မြောက်ဘက်)၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့တွင် ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် ၁.၅ လက်မအောက်ရှိနိုင်ပြီး မိုးရွာသွန်းမှု နည်းနေနိုင်ပါတယ်။

🔸 ကျန်ပြည်နယ်တိုင်းဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မ အထက် ၇ လက်မအထိ ရွာသွန်းရရှိနိုင်ပြီး မိုးရွာသွန်းမှု အသင့်အတင့်မှ နေရာကွက်၍ မိုးများခြင်းရှိနိုင်ပါမည်။

ဩဂုတ် ၄ ရက် ညနေ ၄ နာရီ ၃၀ မိနစ် အချိန်တွင် Global Flood Awareness and Global Flood Monitoring System များမှ ဩဂုတ် ၄ ရက်နေ့တွင် ရရှိသည့် update အချက်အလက်များအရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့်အရှေ့ပိုင်းရှိ သံလွင်မြစ်၊ အင်းလေးဒေသတွေမှာ အနီရောင်အဆင့် သတိပေးချက်(HIGH ALERT LEVEL) ဩဂုတ်လ ၁၈ ရက်အထိ ဆက်ရှိနေဦးမှာဖြစ်ကြောင်း တွေ့ရပါတယ်။

သံလွင်မြစ် - ကွမ်းလုံ၊ တာကော် reporting station များတွင် ရေစီးနှုန်းအတက် 🔺ပြနေပြီး ကယားပြည်နယ် ဖားဆောင်းတွင် အကျ 🔻ပြနေပါတယ်။ 

ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူခရိုင်အတွင်းမှာ ရေစီးနှုန်းတန့် 🔴 နေပြီး၊ ဩဂုတ်လ ၁၈ ရက်အထိ အနီရောင်အဆင့် သတိပေးချက်ဆက်ရှိနေမှာဖြစ်ကြောင်း တွေ့ရပါတယ်။ 

ကယားပြည်နယ် ဖယ်ခုံ မှာလဲ အင်းလေးဘက်မှ စီးဆင်းလာတဲ့ရေစီးနှုန်း တန့်နေပြီး EXTREME LEVEL ALERT(ခရမ်းရောင်)မှာ ဩဂုတ်လ ၁၈ ရက်အထိ ဆက်ရှိနေနိုင်မှာဖြစ်ကြောင်း တွေ့ရပါတယ်။

ဩဂုတ်လ ၅ ရက် မှ ၁၁ ရက်အထိ ၇ ရက် မိုးလေဝသခန့်မှန်းချက်များမှာ

ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေဖြစ်ပေါ်နိုင်ခြင်းမရှိ၊ တောင်တရုတ်ပင်လယ်မှာလည်း မုန်တိုင်းဖြစ်ပေါ်ခြင်းမရှိတာကြောင့် မိုးအားလျော့နည်းနေတာက မြစ်ရေမြင့်တက်လာနိုင်ချေကို လျော့ပါးစေပြီး သတိပေးချက်အဆင့်(ALERT LEVEL)တွေ လျော့လာနိုင်ပါတယ်။

မိုးလယ်ကာလကုန်ဆုံးချိန် ဩဂုတ်လ ၃၁ ရက်နေ့အထိ နေရာကွက်ပြီး မိုးသည်းထန်နိုင်တာ၊ မိုးရေချိန်များနိုင်တာ၊ ရုတ်တရက်ရေကြီးခြင်း(Flash Flood)ဖြစ်နိုင်တာတွေကိုလည်း သတိရှိရှိနဲ့ ဆက်လက်စောင့်ကြည့်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

မန္တလေးတိုင်း မြစ်ငယ်မြစ်နှင့်ဇော်ဂျီမြစ် - "အဝါရောင် MEDIUM LEVEL ALERT တွင်ဩဂုတ်လ ၁၈ ရက်အထိ ဆက်လက်ရှိနေနိုင်ပါတယ်။ 


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်