ဩဂုတ်လ ၄ ရက် နေ့လည် ၁၂ နာရီတွင် ရရှိသည့် ဒေတာများအရ ဩဂုတ်လ ၅ ရက် မှ ဩဂုတ်လ ၁၁ ရက်အထိ ၇ ရက် ၁ ပတ်အတွင်း
ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်များနှင့် တောင်တရုတ်ပင်လယ်တို့တွင် ထူးခြားသောမိုးလေဝသဖြစ်စဉ်များ (လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြင်းမရှိပါ)။
🔸 ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်၍ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် အမြင့် ၅၀၀၀ နှင့်အထက်လေထုလွှာအတွင်း အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation – UACC) ၁ ခု ဖြစ်ပေါ်နိုင်ပါတယ်။
🔸 အထက်လေပွေလှိုင်း UACC သည် အားပိုကောင်းလာပြီး ဩဂုတ်လ ၁၅-၁၆ ရက်များမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာပြီး၊ မြောက်ဘက်(ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံနယ်စပ် ကမ်းရိုးတန်းဘက်)သို့ ဆက်လက်ရွေ့လျားနိုင်ပါတယ်။
🔸 ဖြစ်ပေါ်လာနိုင်တဲ့ ပင်လယ်ပြင် ထူးခြားမိုးလေဝသအခြေအနေကြောင့် ဘင်္ဂလားပင်လယ်အော်တခုလုံးမှာ အနောက်တောင်မုတ်သုံလေ အားပြန်ကောင်းလာနိုင်ပါတယ်။
ဩဂုတ်လ ၅ ရက် မှ ၁၁ ရက်အထိ ၁ ပတ်အတွင်း မြန်မာတနိုင်ငံလုံးတွင် ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်အခြေအနေအနေနဲ့ -
🔸 မကွေးတိုင်း၊ မန္တလေးတိုင်းအနောက်ဘက်(မလှိုင်မြို့ အနောက်ဘက်)၊ ဧရာဝတီတိုင်းမြောက်ဘက်(ဟင်္သာတမြို့မြောက်ဘက်)၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့တွင် ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် ၁.၅ လက်မအောက်ရှိနိုင်ပြီး မိုးရွာသွန်းမှု နည်းနေနိုင်ပါတယ်။
🔸 ကျန်ပြည်နယ်တိုင်းဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မ အထက် ၇ လက်မအထိ ရွာသွန်းရရှိနိုင်ပြီး မိုးရွာသွန်းမှု အသင့်အတင့်မှ နေရာကွက်၍ မိုးများခြင်းရှိနိုင်ပါမည်။
ဩဂုတ် ၄ ရက် ညနေ ၄ နာရီ ၃၀ မိနစ် အချိန်တွင် Global Flood Awareness and Global Flood Monitoring System များမှ ဩဂုတ် ၄ ရက်နေ့တွင် ရရှိသည့် update အချက်အလက်များအရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့်အရှေ့ပိုင်းရှိ သံလွင်မြစ်၊ အင်းလေးဒေသတွေမှာ အနီရောင်အဆင့် သတိပေးချက်(HIGH ALERT LEVEL) ဩဂုတ်လ ၁၈ ရက်အထိ ဆက်ရှိနေဦးမှာဖြစ်ကြောင်း တွေ့ရပါတယ်။
သံလွင်မြစ် - ကွမ်းလုံ၊ တာကော် reporting station များတွင် ရေစီးနှုန်းအတက် 🔺ပြနေပြီး ကယားပြည်နယ် ဖားဆောင်းတွင် အကျ 🔻ပြနေပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူခရိုင်အတွင်းမှာ ရေစီးနှုန်းတန့် 🔴 နေပြီး၊ ဩဂုတ်လ ၁၈ ရက်အထိ အနီရောင်အဆင့် သတိပေးချက်ဆက်ရှိနေမှာဖြစ်ကြောင်း တွေ့ရပါတယ်။
ကယားပြည်နယ် ဖယ်ခုံ မှာလဲ အင်းလေးဘက်မှ စီးဆင်းလာတဲ့ရေစီးနှုန်း တန့်နေပြီး EXTREME LEVEL ALERT(ခရမ်းရောင်)မှာ ဩဂုတ်လ ၁၈ ရက်အထိ ဆက်ရှိနေနိုင်မှာဖြစ်ကြောင်း တွေ့ရပါတယ်။
ဩဂုတ်လ ၅ ရက် မှ ၁၁ ရက်အထိ ၇ ရက် မိုးလေဝသခန့်မှန်းချက်များမှာ
ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေဖြစ်ပေါ်နိုင်ခြင်းမရှိ၊ တောင်တရုတ်ပင်လယ်မှာလည်း မုန်တိုင်းဖြစ်ပေါ်ခြင်းမရှိတာကြောင့် မိုးအားလျော့နည်းနေတာက မြစ်ရေမြင့်တက်လာနိုင်ချေကို လျော့ပါးစေပြီး သတိပေးချက်အဆင့်(ALERT LEVEL)တွေ လျော့လာနိုင်ပါတယ်။
မိုးလယ်ကာလကုန်ဆုံးချိန် ဩဂုတ်လ ၃၁ ရက်နေ့အထိ နေရာကွက်ပြီး မိုးသည်းထန်နိုင်တာ၊ မိုးရေချိန်များနိုင်တာ၊ ရုတ်တရက်ရေကြီးခြင်း(Flash Flood)ဖြစ်နိုင်တာတွေကိုလည်း သတိရှိရှိနဲ့ ဆက်လက်စောင့်ကြည့်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။
မန္တလေးတိုင်း မြစ်ငယ်မြစ်နှင့်ဇော်ဂျီမြစ် - "အဝါရောင် MEDIUM LEVEL ALERT တွင်ဩဂုတ်လ ၁၈ ရက်အထိ ဆက်လက်ရှိနေနိုင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ

Aqua ဘူစတာ

Aqua ကယ်လဆီယမ်
