ဘင်္ဂလားပင်လယ်အော်အတွင်းက ထူးခြားမိုးလေဝသအခြေအနေ

07/08/2025 15:35 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဩဂုတ်လ ၇ ရက် ၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် ရရှိသည့်ဒေတာများအရ

🔸 ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံအရှေ့ဘက်၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းရိုးတန်းအနီးမှာ ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်ပြီး ပေ ၅၀၀၀ အထက်အမြင့်လေထုလွှာတွင် အထက်လေပွေလှိုင်း(Upper Air Cyclonic Circulation-UACC)တခု ဖြစ်လာနိုင်ပါမယ်။ UACC သည် ဆက်လက်အားကောင်းလာပြီး အမြင့်ဆုံးလေဖိအားနည်းရပ်ဝန်းမှ well-marked LPA တခုအထိဖြစ်လာနိုင်ကာ မုန်တိုင်းဖြစ်လာနိုင်ချေကတော့ အတော်ကိုနည်းတာတွေ့ရပါတယ်။

🔸 ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ထူးခြားမိုးလေဝသအခြေအနေဖြစ်ပေါ်လာတာကြောင့်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အလယ်ပိုင်းနဲ့ ကပ္ပလီပင်လယ်တွေမှာ အနောက်တောင်မုတ်သုံလေ အားကောင်းလာပြီး၊ မြန်မာ့ကမ်းရိုးတန်းဒေသတွေနဲ့ ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျရောက်ခြင်း၊ လှိုင်းကြီးခြင်းများဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီအခြေအနေကြောင့်

ဩဂုတ်လ ၁၂ ရက်နေ့မှ ၁ ပတ်အတွင်းမှာ - 

🔸 ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်း စတဲ့ ဒေသတွေမှာ မိုးအသင့်အတင့်ရွာနိုင်ပြီး၊ နေရာကွက်၍ မိုးများနိုင်ကာ(၂၄ နာရီအတွင်း မိုးရေချိန် ၁.၂ လက်မ မှ ၂ လက်အထက်အထိ ရွာသွန်းရရှိနိုင်ပါတယ်။)

🔸 မိုးနည်းရေရှားဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း‌အောက်ပိုင်းနဲ့ မန္တလေး-မကွေးနယ်စပ်အနီးဒေသတွေမှာတော့ မိုးအနည်းငယ်မှ မိုးအသင့်အတင့်( ၂၄ နာရီ မိုးရေချိန် ၁.၂ လက်မ အောက်)ရွာသွန်းရရှိနိုင်ပါတယ်။

🔸 မြန်မာ့ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာ ဩဂုတ် ၁၂ ရက် မှ ၂၀ ရက်အတွင်း လေပြင်းတနာရီ ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး၊ 

🔸 လေဖိအားနည်းရပ်ဝန်းဗဟိုချက်အနီးမှာ လှိုင်းအမြင့် ၁၁.၅ ပေခန့်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ လှိုင်းအမြင့် ၆ ပေ မှ ၇ ပေခန့်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်မှာ လှိုင်းအမြင့် ၅ ပေ မှ ၆ ပေခန့်အထိရှိနိုင်ပါတယ်။

ADDITIONAL INFORMATION FROM EAST

🔸 ဩဂုတ်လ ၁၂ ရက်ဝန်းကျင်မှာ ပစိဖိတ်အနောက်မြောက်သမုဒ္ဒရာ၊ ဂူအမ်ကျွန်းမြောက်ဘက်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း(16W – SIXTEEN)က အနောက်ဘက်ကို ဆက်လက်ရွေ့လျားရင်း အားပိုကောင်းလာကာ တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ပါမယ်။ 

🔸 တိုင်ဖွန်းမုန်တိုင်းအဖြစ်ရောက်ရှိပြီးတဲ့နောက် အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး တောင်တရုတ်ပင်လယ်ကို ဝင်ရောက်လာနိုင်တာကြောင့် SIXTEEN ကို သတိထားစောင့်ကြည့်ပြီး တောင်တရုတ်ပင်လယ်ကိုဝင်ရောက်လာမည့်ရက်၊ ကုန်းတွင်းကိုဘယ်နေရာမှာဖြတ်ကျော်ဝင်ရောက်နိုင်မယ်ဆိုတာနဲ့ မုန်တိုင်းအကြွင်းအကျန်တွေ ဘယ်လိုဆက်လက်ရွေ့လျားနိုင်မယ်ဆိုတာကိုပါ သတိကြီးကြီးထား၍ စောင့်ကြည့်ရပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်