မုန်တိုင်းငယ်ဖြစ်လာနိုင်တဲ့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းရဲ့ မြန်မာအပေါ်သက်ရောက်မှုများ

16/07/2024 12:50 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

 

🔸 ဇူလိုင်လ ၁၆ ရက်နေ့ ထိုင်းမိုးလေဝသဋ္ဌာနကထုတ်ပြန်တဲ့ မြေပြင်မိုးလေဝသမြေပုံမှာ - ဗီယက်နမ်ကမ်းခြေကိုကျော်လာပြီး ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်ဆက်လက်တည်ရှိနေဆဲ မုန်တိုင်းငယ်-THREE နဲ့ အိန္ဂိယနိုင်ငံအရှေ့ဘက် ဩရိဿပြည်နယ်ကုန်းတွင်းမှာဆက်လက်တည်ရှိနေတဲ့ လေဖိအားနည်းဆဲလ်များဆက်စပ်နေတဲ့ မုတ်သုံမြောင်တန်း(MONSOON TROUGH)က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေအပေါ်မှာ ဖြတ်သန်းနေတာတွေ့ရပါတယ်။

🔸 မုန်တိုင်းငယ်(THREE)အနောက်ဘက်ကိုဆက်လက်ရွေ့လျားပြီး ထိုင်းမြန်မာနယ်စပ်အနီးအထိရောက်လာနိုင်ကြောင်း ECMWF model ခန့်မှန်းချက်ရှိနေတဲ့ ဇူလိုင် ၁၈ ရက် နံနက်အစောပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာလဲ သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်း(Well-Marked LPA)ဖြစ်လာနိုင်ကြောင်း တွေ့ရပါတယ်။ ဇူလိုင် ၁၈ ရက် နံနက်ပိုင်းမှာ LPA က အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းထားတာကြောင့် မုန်တိုင်းငယ်(DEEP-DEPRESSION)အဆင့်အထိရောက်လာနိုင်သော်လည်း မြန်မာနိုင်ငံဘက်ကိုတော့ ဦးတည်ရွေ့လျားနိုင်မှာမဟုတ်ကြောင်းတွေ့ရပါတယ်။

🔸 မုန်တိုင်းငယ်နဲ့ ထိုင်းမြန်မာနယ်စပ်အနီးက ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း 03W-THREE တို့ရဲ့သက်ရောက်မှုကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ နေရာအနှံအပြားမိုးထစ်ချုန်းရွာနိုင်မဲ့ အခြေအနေများသည် နောက်လာမဲ့ ၇၂ နာရီ(၃ ရက်အတွင်း)ဖြစ်ပေါ်နိုင်ပါတယ်။

🔸 လာမဲ့ ၃ ရက်အတွင်း အလယ်ပိုင်းဒေသများဖြစ်ကြတဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မန္တလေးတိုင်းများအတွင်းမှာတော့ ကျန်ပြည်နယ်ဒေသများနဲ့နှိုင်းယှဉ်ရင် မိုးရေချိန်(Precipitation)မများနိုင်သော်လည်း နေရာကွက်ပြီးမိုးများနိုင်တာ တောင်ကျချောင်းရေ ရုတ်တရက်ကျဆင်းနိုင်တာတွေ သတိပြုကြရပါမယ်။

🔸 ဒီအခြေအနေအပြင် ဇူလိုင် ၁၉-၂၀-၂၁ ရက်များအတွင်း ပင်လယ်ဒီရေတက်ချိန်(HIGH TIDE TIME)နဲ့လဲ တိုက်ဆိုင်နေတာကြောင့် ဧရာဝတီတိုင်းအတွင်းမြစ်ရေမြင့်တက်မှုများက ပိုဆိုးလာနိုင်မှာကိုလဲတွေ့နေရပြီး မိုးများနိုင်တဲ့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်းမှ မြစ်ချောင်းကမ်းများအနီးနေထိုင်သူများ ရေနှင့်ပတ်သက်သောသဘာဝဘေးများအတွက် အထူးသတိပြုပြင်ဆင်ကြရန်လိုအပ်ပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်