နောက် ၂၄ နာရီအတွင်း ရခိုင်၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ ကရင်၊ မွန်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးဆက်လက်များနိုင်ဖွယ်ရှိ

27/07/2024 11:29 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

🔸 ထိုင်းမိုးလေဝဋ္ဌာန(TMD)က ထုတ်ပြန်တဲ့ မိုးလေဝသ chart အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းက အနောက်ဘက်(အိန္ဒိယနိုင်ငံကုန်းတွင်းဘက်)ကို တဖြည်းဖြည်းရွေ့လျားရင်း အားပျော့လာတာတွေ့ရပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင်မုတ်သုံလေကတော့ အားအလွန်ကောင်းနေဆဲဖြစ်ပါတယ်။

🔸 မိုး/ဇလမှ ထုတ်ပြန်တဲ့ မြစ်ရေအခြေအနေ၊ Google Flood Hub မှ ဒီနေ့မနက်ရရှိတဲ့ မြစ်ရေကြီးတဲ့အခြေအနေတွေမှာတော့ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း-အနောက်ခြမ်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေထဲက မြစ်ချောင်းတွေမှာ ရေအမှတ်များမြင့်တက်နေဆဲဖြစ်ကြောင်းတွေ့ရပါတယ်။

🔸 နောက်လာမဲ့ ၂၄ နာရီအတွင်းမှာ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးဆက်လက်များနေနိုင်ဦးမှာဖြစ်ကြောင်း တွေ့ရတာကြောင့် မြစ်ရေကြီးနေတဲ့ မြန်မာပြည်တောင်ပိုင်းဒေသများမှာ အထူးသတိထားပြီး ဆက်လက်ရင်ဆိုင်ဖြတ်ကျော်ကြရဖို့ ရှိနေပါတယ်။

🔸 ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့မှာ ကချင်ပြည်နယ်က စတင်ဖြစ်လာတဲ့ ပထမရေကြီးကာလက အခု ဇူလိုင် ၂၇ ရက်အထိရောက်လာပြီး ၁ လနီးပါး ကြာမြင့်လာပြီဖြစ်ပါတယ်။ အကယ်၍မုတ်သုံအားပြတ်ခြင်း/အားလျော့ခြင်းမဖြစ်ရင် ဩဂုတ်လ လကုန် မိုးလယ်ရာသီကုန်ဆုံးချိန်အထိ မိုးတွေဆက်များနေပြီး ရေကြီးရက်ထပ်မံရှည်ကြာသွားနိုင်တာကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာဆိုးကျိုးများအတွက် ရေကြီးတဲ့ဒေသအားလုံးမှာ ဆေးဝါး၊ သောက်သုံးရေလိုအပ်ချက်များ မြင့်တက်လာနိုင်ပါကြောင်း။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်