လတ်တလော စစ်တောင်းမြစ်ရေ စိုးရိမ်စရာ အခြေအနေဖြစ်နေ

14/07/2025 17:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

လတ်တလောစိုးရိမ်စရာက ...

စစ်တောင်းမြစ်ရေအခြေအနေဖြစ်ပြီး အောက်ပေါင်းလောင်းဆည်ရဲ့ အောက်ဘက်မှ တောင်ဘက်မုတ္တမကွေ့အထိ ဆက်လက်စီးဆင်းမည့် စစ်တောင်းမြစ် ရေအခြေကို GFMS(Global Flood Monitoring System) မှ ရရှိတဲ့ အချက်အလက်များအရ တင်ပြပေးပါမယ်။

GFMS မှ အချက်အလက်တွေအရ စစ်တောင်းမြစ်ရေသည် station ID G0942 - တောင်ငူမှာ .. ဇူလိုင် ၂၄ ရက်နေ့မှစတင် မြင့်တက်လာနိုင်ကြောင်း တွေ့ရပါတယ်။

လောလောဆယ် သာဝတ္ထိမှာ ရေကြီးနေတဲ့သတင်းတက်လာတာလဲ တွေ့ရတဲ့အတွက် - အောက်ပေါင်းလောင်း၊ အထက်ပေါင်းလောင်းနဲ့ ရေဇင်းဆည်ဒေသတဝိုက်မှ မိုးရွာသွန်းနိုင်တဲ့ အခြေအနေကို လေ့လာကြည့်တဲ့အခါ ၄၈ နာရီအတွင်း၊ မိုးရေချိန် ၃ လက်မခန့် ၂၄ နာရီ မိုးရေချိန် ၁ လက်မခွဲခန့် ရွာသွန်းနိုင်တာကို တွေ့ရပါတယ်။ ပုံမှန်မုတ်သုံမိုးရွာသွန်းမြဲဖြစ်နိုင်တာကြောင့် မိုးများ/မိုးအလွန်များတာ မဟုတ်၊ စိုးရိမ်စရာမရှိပါ။

ဆည်တွေရဲ့ ရေအမြင့်ကိုထိန်းနိုင်ဖို့အတွက် ရေဖိအားလျှော့ချနိုင်မည့် အစီအစဉ်တွေကလည်း ဆမ ဦးစီးဌာနအောက်က ဆည်တွေမှာမှာ ရှိပြီးဖြစ်လို့ တမံကို စိုးရိမ်စရာမလိုသော်လည်း၊ ဆည်အောက်ဘက် စစ်တောင်းမြစ်တလျှောက်မှာတော့ ရေဆက်တိုးနေနိုင်ပါတယ်။

🔸 မိုးလယ်ကာလအတွင်းဖြစ်တာကြောင့် မုတ်သုံမိုးကတော့ ဆက်ပြီး ရွာနေဦးမှာဖြစ်ပြီး၊ စစ်တောင်းမြစ်ရေတက်လာပြီး ရေကြီးနိုင်တဲ့ အခြေအနေက ဇူလိုင် ၂၄ ရက်လောက်မှာ အမြင့်ဆုံးဖြစ်နိုင်ကြောင်း GFMS Data တွေမှာတွေ့ရတာကြောင့် မိုးလယ်ကာလ ကုန်ဆုံးသည့် ဩဂုတ် ၃၁ ရက်အထိ သတိနှင့်နေထိုင်တာ၊ အချိန်မီရွှေ့ပြောင်းတာတွေလုပ်နိုင်ရန်အတွက် -

🔸 မိုး/ဇလမှ နေ့စဉ်မြစ်ရေအခြေအနေတင်ပြပေးနေတာတွေကို သတိနဲ့စောင့်ကြည့်၊ လိုသလိုပြင်ဆင်ထားဖို့ လိုအပ်ပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်