ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်တွေကလွဲရင် တစ်မြို့လုံးရေကြီးရေလျှံနိုင်ချေတော့ မရှိသေး

02/07/2025 12:08 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ပဲခူးမြစ်အခြေအနေနဲ့ တောင်ငူ(စစ်တောင်းမြစ်)အခြေအနေတွေကို Copernicus EMS မှာ Join ထားပြီး ၂၀၂၄ ခုနှစ်မှာ စတင်လေ့လာခဲ့တာ အခုတော်တော်လေး နားလည်လာပါတယ်။

လိုရင်းကိုပဲ ပြောရရင် -

ပဲခူးမြစ်နဲ့ စစ်တောင်းမြစ်(တောင်ငူ)ရဲ့ အခြေအနေတွေလေ့လာကြည့်တော့ ပဲခူးမြစ်ရေက ဇူလိုင် ၈ ရက်နေ့နောက်ပိုင်း Warning level(အဝါရောင်မှ)ပြန်ကျလာနိုင်ပြီး တောင်ငူ(စစ်တောင်းမြစ်ရေ)က ဇူလိုင် ၈ ရက်မှာ စတင်မြင့်တက်လာကာ သတိပေးရေအမှတ်(အဝါရောင် level ထဲကို ရောက်လာနိုင်မယ်)လို့ တွေ့ရပါတယ်။

အခု တင်ပေးတဲ့ မြစ်ရေစီးဆင်းနှုန်းနဲ့သတိပေးအဆင့် အချက်အလက်တွေကို ECMWF ENS(စုပေါင်း) မှ ရရှိတာဖြစ်ပါတယ်။

မိုးလယ်ကာလ ဇွန်/ဇူလိုင်/ဩဂုတ်လတွေကိုရောက်တိုင်း ရေကြီးရေလျှံဖြစ်နိုင်မဲ့အခြေအနေတွေအတွက် ကြိုတင်ခန့်မှန်းပေးနိုင်မဲ့ site တွေကို အသေးစိတ်လေ့လာခဲ့/လေ့လာနေဆဲပါပဲ။

ဇူလိုင် ၁ ရက်နေ့က ဂြိုဟ်တုပုံရိပ်တွေမှာ လယ်ကွင်းတွေရေပြည့်လာတဲ့အခြေအနေ(အနီရောင်အစက်လေးများ)နဲ့ တည်နေရာအသေးစိတ်ခန့်မှန်းချက်တွေ၊ ပြီးခဲ့တဲ့ ၂ နှစ်၊ ၅ နှစ်၊ နှစ် ၂၀ မှာ ရေကြီးခဲ့တဲ့ အခြေအနေကို ပြန်ပြီး ရည်ညွှန်းထားတဲ့ return flood probability တွေ စသည်ဖြင့် အတော်ကျယ်ကျယ်ပြန့်ပြန့်လေ့လာရမှာကြောင့် သူတို့ဆီက လုပ်တဲ့ meeting တွေမှာလဲ နိုင်သလောက် ပါဝင်လေ့လာရပြန်ပါတယ်။

အခုလက်ရှိအခြေအနေမှာတော့ -

🔸 ဧရာဝတီတိုင်းဘက်မှာရေကြီးနိုင်တဲ့ အခြေအနေမရှိသေး (လယ်ကွက်တွေတော့ ရေပြည့်)

🔸 ပဲခူးမြစ်နဲ့ စစ်တောင်းမြစ်ရေကြီးမှုပြန်လာနိုင်ချေ - ဇူလိုင် ၅ ရက်နေ့မှ စပြီး အဝါရောင်သတိပေး level ကို ရောက်မယ်၊ ၈ ရက်နေ့နောက်ပိုင်း ရေပြန်ကျမယ်ဆိုတာတွေပဲ ပြောနိုင်ပါသေးတယ်။

🔸 ပဲခူးအနိမ့်ပိုင်းရပ်ကွက်တွေကလွဲရင် တမြို့လုံးရေကြီးရေလျှံဖြစ်နိုင်ချေတော့ မရှိသေးကြောင်း GFM System Forecast တွေအရ တွေ့ရပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေ မဖြစ်လို့/အဖြစ်နည်းနေလို့ မိုးရွာနိုင်တဲ့အခြေအနေကလဲ မိုးလယ်ကာလအတွင်းဖြစ်နေကျ၊ ပုံမှန်မုတ်သုံမိုးရွာတဲ့အခြေအနေသာရှိနေပြီး၊ မိုးအလွန်များနိုင်မဲ့ ပုံတော့မရှိသေးပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်