အပူပိုင်းမုန်တိုင်းငယ် ONE ရဲ့ သက်ရောက်မှုကြောင့် ယနေ့မိုးများနိုင်သည့်ဒေသများ

11/06/2025 09:50 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

အပူပိုင်းမုန်တိုင်းငယ် ONE (Tropical Depression ONE) ဖြစ်လာပြီးဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်းကို JTWC က ထုတ်ပြန်ထားပါတယ်။ 

အပူပိုင်းမုန်တိုင်းငယ် ONE ရဲ့ သက်ရောက်မှုကြောင့် ယနေ့ ဇွန်လ ၁၁ ရက် မှာ -

⚠️ မန္တလေးတိုင်း ပြင်ဦးလွင်မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၄.၃၉ လက်မ ရွာနိုင်/မိုးများနိုင်ပါမယ်၊

⚠️ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအချို့နဲ့ တာချီလိတ်မြို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂.၂၄ လက်မ ရွာနိုင်/မိုးများနိုင်ပါမယ်။

⚠️ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ၂၄ နာရီ မိုးရေချိန် ၁.၃၈ လက်မ (မိုးအသင့်အတင့်)နဲ့ မန္တလေးတိုင်း၊ မန္တလေးမြို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁.၁၅ လက်မ(မိုးအသင့်အတင့်) ရွာနိုင်ပါမယ်။

⚠️ ကယားပြည်နယ်တောင်ပိုင်းမှ ဘောလခဲ၊ ဖာဆောင်း မြို့တွေမှာလဲ ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မ အထက်(မိုးအသင့်အတင့်)ရွာနိုင်ပါမယ်။

ကျန်ပြည်နယ်/တိုင်းဒေသတွေမှာတော့ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ထစ်ချုန်းရွာနိင်ပါတယ်။ ခ

🔸 မိုးများနိုင်၍ သတိထားရမည့်ဒေသများကို ဦးစားပေး/အသိပေးသည့် post ဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်