လာမယ့် ၇၂ နာရီအတွင်း မိုးရွာသွန်းနိုင်သည့် ဒေသများ

23/06/2025 16:30 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

🔸 ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ဘက်၊ ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်နဲ့ ဂျပန်နိုင်ငံတောင်ဘက်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း SEPAT ၊ တောင်တရုတ်ပင်လယ်မှာအစပျိုးလာတဲ့ လေပွေလှိုင်း(INVEST-96W)တို့ရဲ့ သက်ရောက်မှုက အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တွေမှာ အနောက်လေစီးကြောင်းကို ပိုမိုအားကောင်းစေပြီး အနောက်တောင်မုတ်သုံလေကိုလည်း ပိုမိုအားကောင်းလာစေတာတွေ့ရပါတယ်။

🔸 လတ်တလောမြန်မာနိုင်ငံဘက်ကိုဝင်နေတဲ့ အနောက်တောင်လေစီးကြောင်းနဲ့မုတ်သုံမိုးတွေက စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ မိုးအားပိုကောင်းလာနိုင်ပြီး တစ်ပြည်လုံးမှာတော့ ဇူလိုင်လ ပထမပတ်အထိ နေသာချိန်အနည်းငယ်နှင့် မုတ်သုံမိုးအနည်းငယ်မှအသင့်အတင့် ဆက်လက်ရွာသွန်းနေမှာဖြစ်ကြောင်း သုံးသပ်ခန့်မှန်းရပါတယ်။

🔸 မြန်မာနိုင်ငံတွင် ဇွန်လ ၂၄ ရက် မှ ၂၆ ရက်အထိ ၇၂ နာရီအတွင်း ရွာသွန်းနိုင်သည့် မိုးရေချိန်အခြေအနေပြမြေပုံ(ချဲ့၍ကြည့်နိုင်ပါသည်) .

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း-အထက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရန်ကုန်တိုင်း(တောင်ပိုင်း/အရှေ့ပိုင်း) ဧရာဝတီတိုင်းမြောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများ(မြေပုံမှာကြည့်ပါ) တို့တွင် မိုးရေချိန်ရရှိမှုပိုများနိုင်ပြီး ကျန်ပြည်နယ်တိုင်းဒေသများမှာ မိုးရေချိန်လျော့နည်းရရှိနိုင်သည်ကို တွေ့ရပါမယ်။

🔸 ၄ ရက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များကြည့်နိုင်ရန်လည်း တင်ပေးထားပါတယ် - https://www.mmweather.org/divisional-cities-weather

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်