မြန်မာတစ်နိုင်ငံလုံး ဇွန်လ ၁၃ မှ ၂၂ ရက်အထိ နေရာအနှံ့အပြားမိုးရွာနိုင်

09/06/2025 15:50 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

Weather API များမှ ရရှိသည့် အချက်အလက်များအရ-

တောင်တရုတ်ပင်လယ်မှ INVEST-92W တိုင်ဖွန်းမုန်တိုင်းအဆင့်ထိ ရောက်လာနိုင်ချေ ၁၀၀% ရှိနေပြီး ဇွန်လ ၁၄ ရက်နေ့ည ပိုင်းတွင် တရုတ်ပြည်မတောင်ဘက်ကမ်းခြေအား မကာအိုမြို့အနီးမှ တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပါတယ်။ 

🔸 မုန်တိုင်းအကြွင်းးကျန်များသည် အရှေ့ဘက် တရုတ်နိုင်ငံအတွင်းသို့ဆက်လက်ရွေ့လျားပြီး အနောက်ဘက် ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတည်ရှိရာ အနောက်ဘက်သို့ ရွေ့လျားမှုမရှိပါ။

🔸 ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဇွန်လ ၁၅ ရက်နေ့၌ ဖြစ်ပေါ်လာနိုင်သော လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်း နှင့် တောင်တရုတ်ပင်လယ်မှ အားကောင်းလာမည့် INVEST-92W တို့၏ အရှိန်သက်ရောက်မှုကြောင့် 

🔸 မြန်မာတနိုင်ငံလုံး ဇွန်လ ၁၃-၁၄-၁၅-၁၆ မှ ၂၂ ရက်အထိ နေရာ အနှံ့အပြားမိုးရွာနိုင်ပါတယ်။

🔸 တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ ဇွန််လ ၁၆ ရက် မှ ၂၂ ရက်အတွင်း မိုးများရာမှမိုးအလွန်များနိုင်ပြီး(၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မ အထက်)

🔸 ကျန်ပြည်နယ်တိုင်းဒေသများတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၂ လက် မ ခွဲအောက်(မိုးအသင့်အတင့် ရွာနိုင်ကြောင်း တွေ့ရပါတယ်။

၄ ရက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များ ကြည့်ရန် -

https://www.mmweather.org/divisional-cities-weather

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်