လက်ရှိဖြစ်ပေါ်နေသာ လေဖိအားနည်းရပ်ဝန်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေရှိသော်လည်း မြန်မာဘက်သို့ ရွေ့လျားရန်မရှိ

11/05/2026 17:57 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

မေလ ၁၁ ရက်- နေ့လည် ၁ နာရီခွဲ Tropical Tidbits မှ ရရှိသော AIFS-ENSEMBLE (AIFS-ENS) ၏ မေလ ၁၁ ရက်နေ့ နောက်ဆုံး Update (GIF animations) များအပေါ် အခြေခံ၍ မေလ ၁၂ ရက် မှ မေလ ၂၄ ရက်အတွင်း - ဘင်္ဂလားပင်လယ်အော်နှင့် မြန်မာနိုင်ငံအတွက် မိုးလေဝသအခြေအနေ ကို ဖော်ပြပေးလိုက်ပါသည်။

၁။ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း အခြေအနေ

•  Monsoon Vortex စုဖွဲ့မှု - မေလ ၁၂ ရက်မှ ၁၄ ရက်အတွင်း သီရိလင်္ကာနိုင်ငံ အရှေ့မြောက်ဘက် ပင်လယ်ပြင်တွင် လေထုလည်ပတ်မှု (Cyclonic Circulation) သိသိသာသာ အားကောင်းလာသည်ကို တွေ့ရပါသည်။

•  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန - ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း (သီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်) တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၄၈ နာရီ အတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်ထားပါသည်။

•  လေဖိအားနည်းရပ်ဝန်း (Low Pressure Area) - မေလ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၌ သိသာထင်ရှားသော လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး၊ မေလ တတိယပတ်အတွင်း မြောက်ဘက်/အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အနောက်တောင်မုတ်သုံလေကို “မြန်မာနိုင်ငံအတွင်းသို့ ဆွဲတင်ပေးမည့် အဓိကတွန်းအား” (Monsoon Onset Vortex) ဖြစ်လာပါမည်။

၂။ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မည့် မိုးလေဝသဆိုင်ရာအခြေအနေများ

မိုးရွာသွန်းမှု အခြေအနေ (Precipitation)

•  မိုးများနိုင်သည့်ဒေသများ - မေလ ၁၄ ရက်မှစ၍ အနောက်တောင်လေ အရှိန်ကောင်းလာမှုကြောင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်း တို့တွင် ၂၄ နာရီ မိုးရေချိန် ၄၀ mm မှ ၉၀ mm အထိ (အပြာရင့်ရောင်/ပန်းရောင်သန်းသောဧရိယာ) ရွာသွန်းနိုင်သဖြင့် မိုးများနိုင်ပါသည်။

•  မိုးအသင့်အတင့် - ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရေချိန် ၁၅ mm မှ ၄၀ mm အတွင်း အသင့်အတင့် ရွာသွန်းနိုင်ပါသည်။

•  မိုးနည်းနိုင်သည့်ဒေသများ - မြန်မာနိုင်ငံအလယ်ပိုင်း (မန္တလေး၊ မကွေး၊ စစ်ကိုင်း) ဒေသများတွင် မေလ ဒုတိယပတ်အတွင်း မိုးရွာသွန်းမှု နေရာကွက်ကျားသာ ရှိနိုင်သေးသဖြင့် မိုးနည်းနေဦးမည် ဖြစ်ပါသည်။

• á€œá€ąá€•ဟင်းတိုက်ခတ်နိုင်မသု (Wind) - 50 hPa Wind animation အရ မေလ ၁၅ ရက်နောက်ပိုင်းတွင် ကပ္ပလီပင်လယ်ပြင်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် လေတိုက်နှုန်း ၂၅ knots မှ ၃၅ knots အထိ(တနာရီ မိုင် ၃၀ မှ မိုင် ၄၀ ခန့်အထိ) ရှိလာနိုင်ပါသည်။

•  မုတ်သုံလေ စတင်ဝင်ရောက်ခါစတွင် ဖြစ်ပေါ်တတ်သော မိုးတိမ်တောင် (Thunderstorms) များကြောင့် ကုန်းတွင်းပိုင်းဒေသများ၌ လေပြင်းတိုက်ခတ်ခြင်း များ ဒေသအလိုက် ဖြစ်ပေါ်နိုင်ပါသည်။

၃။ အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခြင်း (Monsoon Onset)

•  မေလ ၁၅ ရက်မှ ၁၈ ရက်အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်း (တနင်္သာရီတိုင်းနှင့် ကပ္ပလီပင်လယ်ပြင်) သို့ စတင်ဝင်ရောက်လာနိုင်ပါသည်။

•  မေလ ၂၁ ရက် မှ ၂၄ ရက်အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတခုလုံးသို့ ဆက်လက်ဝင်ရောက်သွားနိုင်ပါသည်။

၄။ အထူးသတိပြုရန် အချက်များ

•  မိုးကြိုးအန္တရာယ် - မေလ ဒုတိယပတ်အတွင်း ကုန်းတွင်းပိုင်း အပူရှိန်မြင့်မားမှုနှင့် ပင်လယ်မှ စိုထိုင်းဆဝင်ရောက်မှုတို့ကြောင့် မိုးထစ်ချုန်းရွာစဉ် မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း များကို အထူးဂရုပြုရန် လိုအပ်ပါသည်။

•  ပင်လယ်ပြင် - ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်နေသဖြင့် မေလလယ်တွင် ပင်လယ်ပြင်လှိုင်း အသင့်အတင့်မှ အနည်းငယ်ကြီးနိုင်ပါသည်။

လက်ရှိဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၄ ရက်နေ့တွင် အားအကောင်းဆုံးဖြစ်လာပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ ၆၀% ရှိသည်။ မြန်မာနိုင်ငံဘက်သို့ ရွေ့လျားရန်မရှိပါ။

လက်ရှိဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၆ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ ၄၀% သို့လျော့ကျလာပါသည်။

ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် -

🔸 ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ မရှိပါ။

🔸 မြန်မာနိုင်ငံဘက်သို့ ဆက်လက်ရွေ့လျားရန်မရှိပါ။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်