မေလ ၁၆ မှစကာ မိုးဦးကာလ စတင်တော့မည်..

15/05/2025 14:07 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

မေလ ၁၅ ရက် မနက်ပိုင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းမှာတပ်ဆင်ထားပြီး Weather Station တွေမှာတော့ မိုးပါးပါး နေရာကျဲကျဲဆက်ရွာနေတာတွေ့ရပါတယ်။ မိုးရွာတဲ့နှုန်း(Rain-Rate)မများတာကြောင့် မိုးသည်းတယ်လို့ ပြောလို့မရပါ။

လက်ရှိဖြစ်ပေါ်နေတဲ့ အထက်လေပွေလှိုင်းက ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းကို ဒီနေ့ည ၉ နာရီမှာရောက်ရှိနိုင်ကြောင်း ECMWF နဲ့ ICON model တွေကခန့်မှန်းထားပြီး GFS Model ခန့်မှန်းချက်ကတော့ ပျက်သွားတာတွေ့ရပါတယ်။ 

မေလ ၁၄ ရက် ညနေပိုင်းအထိ GFS Model ခန့်မှန်းချက်က UACC သည်အားပိုကောင်းလာပြီး ရခိုင်ပြည်နယ်ကမ်းခြေကိုဖြတ်ဝင်တော့မဲ့ပုံ ပြနေခဲ့တာပါ။  ဒီနေ့မနက် updated data တွေမှာတော့ အဲ့ဒီခန့်မှန်းချက် ပျက်သွားပြီဖြစ်ပါတယ်။

မေလ ၁၆ ရက်နေ့မှာ စတင်တဲ့ မိုးဦးကာလဟာ ဇွန်လ ၃၀ ရက်နေ့အထိဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နဲ့ အာရေဗျပင်လယ်တွေဘက်က လေပွေလှိုင်းတွေ လေဖိအားနည်းရပ်ဝန်းတွေဖြစ်ပေါ်တာ ဆက်ရှိနေဦးမှာဖြစ်ပြီး မိုးဦးကာလတလျှောက် မြန်မာနိုင်ငံမှာ မုတ်သုံမိုးကလည်း ဆက်ပြီး ရွာနေဦးမှာဖြစ်ပါတယ်။ ပင်လယ်ပြင်က ထူးခြားတဲ့ မိုးလေဝသအခြေအနေဖြစ်ပေါ်မှုအပေါ်မူတည်ပြီး မိုးနည်းခြင်း/မိုးများခြင်းတွေရှိလာပါမယ်။

မိုးဦးကာလအတွင်း ရာသီဥတုဖြစ်နိုင်ချေအချက်အလက်များကို ဆက်လက်စုဆောင်းတင်ပြပေးသွားမှာဖြစ်တာကြောင့် ပြည်နယ်/တိုင်းများအလိုက် ၄ ရက်စာ မိုးလေဝသအခြေအနေ(မိုးများမယ်/မိုးနည်းမယ်/နေပူမယ်/မိုးရွာမယ်)ဆိုတာတွေကိုတော့ Weather Widget Page မှာ ကိုယ်တိုင်ကြည့်ကြပါ။ ကျေးဇူးတင်ပါတယ်။

https://www.mmweather.org/divisional-cities-weather

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်