မေ ၂၀ - ၂၂ အတွင်း မိုးများနိုင်သည့် ဒေသများ

19/05/2025 17:13 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

 မေလ ၁၉ ရက်တွင် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ဝင်ရောက်ပြီဖြစ်ကြောင်းနှင့် 

🔸 အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်တို့တွင် အထက်လေပွေလှိုင်း(UACC)များဖြစ်ပေါ်လျှက်ရှိကြောင်း အိန္ဒိယမိုးလေဝသဌာန(IMD)က ယနေ့ ထုတ်ပြန်ထားပါသည်။

ECMWF Chart မှ ဆိုင်ကလုန်းမုန်တိုင်ဖြစ်နိုင်ချေ ကြိုတင်ခန့်မှန်းချက်များ -

🔸 ဘင်္ဂလားပင်လယ်အော်နှင့် အာရေဗျပင်လယ်တို့တွင် မေလ ၂၁-၂၂ ရက်များ၌ ဖြစ်ပေါ်နိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၉၀% မှ ၁၀၀% ရှိသော်လည်း 

🔸 ဆိုင်ကလုန်းမုန်တိုင်းအဆင့် လေတိုက်နှုန်းအထိမရောက်နိုင်ကြောင်း ကြိုတင်ခန့်မှန်းရေး သင်္ချာပုံစံပြု model များတွင်တွေ့ရသည်။

🔸 မေလ ၃၀ ရက် တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်ဖြစ်နိုင်ချေ ၇၀% ရှိနေကြောင်း မေလ ၁၉ ရက် နံနက် ၆ နာရီခွဲတွင် အသစ်ထုတ်ပြန်သည့် ECMWF Chart တွင် တွေ့ရသည်။

🔸 မုတ်သုံဝင်ရောက်ပြီး မိုးရာသီအတွင်းရောက်ရှိနေပြီးဖြစ်၍ မြန်မာနိုင်ငံအနှံ့ မိုးဆက်လက်ရွာသွန်းခြင်းရှိနေမည်ဖြစ်ပြီး မိုးအနည်းအများ၊ လေတိုက်နှုန်းးအနည်းအများသည် ပင်လယ်ပြင်တွင်ဖြစ်ပေါ်လာနိုင်သည့် ထူးခြားမိုးလေဝသအခြေအနေများပေါ်တွင် မူတည်၍ အပြောင်းအလဲရှိနေမည်ဖြစ်ပါသည်။

Windy - ECMWF ရက်နီးကြိုတင်ခန့်မှန်းချက်များအရ -

🔸 မေလ ၂၀ ရက် နံနက် ၆ နာရီမှ ၂၂ ရက် နံနက် ၆ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှ အထက်လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်း(မဖြစ်သေး)၏ အရှိန်ကြောင့် -

🔸 ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ နေပြည်တော်နှင့် မန္တလေးတိုင်းတို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်ကြောင်းတွေ့ရပါသည်။

🔸 ကျန်ပြည်နယ်တိုင်းများမှမြို့များအလိုက် မိုးရွာသွန်းနိုင်သည့်အခြေအနေကို https://www.mmweather.org/divisional-cities-weather တွင် ကြည့်ပါရန်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်