ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်ပေါ်နိုင်မည့်အခြေအနေ

22/05/2025 13:15 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

မေလ ၂၂ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် ရရှိသည့်ဒေတာများအရ

🔸ECMWF CYCLONE ACTIVITY CHART တွင်

မေလ ၂၄ ရက်အထိ ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်ဖြစ်နိုင်ချေ ၄၀% ရှိပြီး အာရေဗျပင်လယ်ဘက်မှာ ၁၀၀% ရှိနေကြောင်းတွေ့ရပါတယ်။ အိန္ဒိယနိုင်ငံအနောက်ဘက်က အာရေဗျပင်လယ် မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ပိုအားကောင်းနေတာတွေ့ရပါမယ်။

မေလ ၂၉ ရက်မှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၈၀% ရှိလာပြီး အာရေဗျ ပင်လယ်ဘက်မှာ ဖြစ်နိုင်ချေ ၇၀% သို့ လျော့ကျလာတာတွေ့ရပါတယ်။

🔸 MODEL FORECASTS 

Windy App ပေါ်မှ ECMWF, GFS နဲ့ ICON Model ၃ ခုစလုံးက ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းပင်လယ်ပြင်၊ အမြင့် ၂ ကီလို မီတာ(ပေ ၆၀၀၀)မှာ အထက်လေပွေလှိုင်းစတင်ဖြစ်ပေါ်နိုင်ပြီး လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်ရန် အစပျိုးလာနိုင်ကြောင်း ခန့်မှန်းထားတာတွေ့ရပါတယ်။

🔸 လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်းအရှိန်သက်ရောက်မှု

မြန်မာကမ်းရိုးတန်းဒေသအားလုံးတွင် မေလ ၂၅ ရက်နေ့မှ စတင်ပြီး ဇွန်လ လဆန်းပိုင်းရက်များအထိ မိုးသက်လေပြင်းကျနိုင်၊ လှိုင်းကြီးနိုင်ပါတယ်၊ မိုးသက်လေပြင်းကျစဉ် လေတိုက်နှန်ုး တနာရီ ၃၅ မိုင်နှင့်အထက် ရှိနေနိုင်ပါမယ်။

မြန်မာနိုင်ငံဒေသအားလုံးတွင် မေလ ၂၅ ရက်နေ့မှ စတင်ပြီး တစ်နိုင်ငံလုံး နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပါတယ်။ ပင်လယ်ပြင်မှ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာချိန်တွင် မိုးအားပိုလာနိုင်၊ မိုးပိုများလာနိုင်ပြီး လေပြင်းတိုက်ခတ်နိုင်တာလဲ ရှိလာနိုင်ပါမယ်။

🔸 မေလ ၂၅ ရက်(၂၄ နာရီအတွင်း) - ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း(အရှေ့)၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ မိုးများနိုင်ပါတယ်။

🔸 မေလ ၂၆ ရက်(၂၄ နာရီအတွင်း) - ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း ဒေသတွေမှာ မိုးများနိုင်ပါတယ်။

🔸 မေလ ၂၇ ရက်(၂၄ နာရီအတွင်း) - ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တွေမှာ မိုးများနိုင်ပါတယ်။

🔸 မိုးများနိုင်တဲ့ဒေသတွေ ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာနှင့်အထက်ရွာသွန်းနိုင်တဲ့ဒေသတွေကို ခန့်မှန်းပေးထားတာဖြစ်ပြီး ဒီခန့်မှန်းချက်မှာမပါတဲ့ ပြည်နယ်တိုင်းဒေသတွေမှာ မိုးအသင့်အတင့်ရွာနိုင်ပါမယ်။

🔸 ၄ ရက်အတွင်း ဖြစ်ပေါ်နိုင်မည့်မိုးလေဝသအခြေအနေများကို ကြည့်ရှုရန် - https://www.mmweather.org/divisional-cities-weather

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်