ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် မုန်တိုင်းဖြစ်နိုင်ချေ ၁၀၀ %

28/05/2025 14:49 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

🔸 မေလ ၂၈ ရက် အိန္ဒိယ မိုးလေဝသဌာန ထုတ်ပြန်ချက်မှာ အဓိကပြောချင်တာက - နောက်လာမည့် ၄၈ နာရီအတွင်းမှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ "HIGH" လို့ဖော်ပြထားပြီး ECMWF cyclone activity - including genesis မှာလဲ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ရှိကြောင်း ဖော်ပြထားပါတယ်။

🔸 အိန္ဒိယမိးလေဝသဌာနရဲ့ သုံးသပ်ချက်မှာတော့ သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်း(Well Marked LPA)အဆင့်မှ DEPRESSION (အားပိုကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း အဆင့်အထိ ဖြစ်လာနိုင်ပြီး၊ (ဆိုင်ကလုန်းမုန်တိုင်းအဖြစ်) ပိုမိုအားကောင်းလာနိုင်ချေကတော့ ကမ်းခြေနဲ့ အတော်နီးကပ်နေတာကြောင့် အချိန်မလုံလောက်နိုင်ဘူးလို့ သုံးသပ်ထားပါတယ်။

🔸 ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ကုန်းပေါ်တက်ကာနီးမှ ရောက်သွားရင် ၂၀၂၅ ခုနှစ်ရဲ့ နာမည်ရ မုန်တိုင်း ၁ လုံးဖြစ်လာမယ် ဘာနာမည်လဲဆိုတာကို မှတ်တမ်းတင်ထားရုံပါ။

🔸 အားပိုကောင်းလာရင် မြန်မာနိုင်ငံဘက်မှာ - အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းဒေသတွေအားလုံးမှာ မိုး/လေ ပိုပြီးပြင်းထန်လာနိုင်ပါမယ်။ 

🔸 မုန်တိုင်းအားကောင်းလာနိုင်မဲ့အခြေအနေကိုသာ အဓိကတင်ပြပေးသွားတော့မှာဖြစ်တာကြောင့် ကြိုတင်ခန့်မှန်းတဲ့ -

မိုး/လေ တွေ ဘယ်ရက်မှာ ဘယ်လောက်အထိ ပိုပြင်းလာနိုင်မယ်ဆိုတာကို ၆ နာရီ တစ်ကြိမ် အလိုအလျောက် update ဖြစ်နေတဲ့ ၄ ရက်စာ မိုးလေဝသအခြေအနေ "ကြိုတင်ခန့်မှန်းချက်တွေ"မှာ ကိုယ်တိုင် ကြည့်ကြပါ။

https://www.mmweather.org/divisional-cities-weather


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်