ပင်လယ်ပြင်က "ထူးခြားမိုးလေဝသ" ဖြစ်နိုင်ခြေ ၄၀ % မြင့်လာ

06/05/2025 11:52 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

•  မေလ ၉ ရက်နေ့မှ မေ ၁၆ ရက်(၇ ရက်အတွင်း) ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်မည့် အခြေအနေရှိနေဆဲဖြစ်ပြီး၊ မေလ ၁၈-၁၉ ရက်နေ့များတွင် အားကောင်းသော-လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း၊

•  ECMWF Chart(this morning update)မှာ ကပ္ပလီပင်လယ်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့်ထိစပ်နေသော ဧရာဝတီအနောက်ဘက်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးတွင် မေလ ၁၆ ရက်နေ့အထိ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၃၀% ရှိနေကြောင်း၊ ကြိုတင်ခန့်မှန်းချက်များ ထွက်ထားသည်ကို တွေ့ရပါတယ်။ ယနေ့ မေလ ၆ ရက်နေ့မှာ ၄၀% ရှိလာပါတယ်။

🔸ဖြစ်တာတော့မဖြစ်သေးဘူး - ဖြစ်နိုင်ချေ မြင့်လာတယ်ဆိုတဲ့သဘောပါ။

ထူးခြားသောမိုးလေဝသအခြေအနေဖြစ်လာပြီးလျှင် မိုးရွာသွန်းနိုင်သည့်အခြေအနေများ

•  ‌မေလ ၉ ရက် မှ စတင်၍ မေလ ၁၀ ရက် အထိ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မိုးအနည်းငယ်မှ အသင့်အတင့်ရွာသွန်းနိုင်ပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန်အနည်းဆုံး ၁.၂ လက်မ အထိ ရွာနိုင်ပါတယ်။

•  မေလ ၁၁ ရက်နဲ့ မေလ ၁၂ ရက်နေ့တွေမှာ တောင်ဘက်နဲ့ အနောက်ဘက်ကဝင်လာတဲ့ မိုးတိမ်များဆက်လက်ရွေ့လျားနိုင်မဲ့ လမ်းကြောင်းတွေတလျှောက်မှာရှိတဲ့ - အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေနဲ့ အနောက်ဘက် ရခိုင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ အရှေ့ဘက်ရှမ်းပြည်နယ်ဒေသတွေအပြင် မြောက်ဘက် ကချင်ပြည်နယ်အထိ မိုးရွာနိုင်မည့်အခြေအနေတွေ ဖြစ်ပေါ်ပါမယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ မိုးသည်းထန်နိုင်/မိုးများနိုင်ပါမယ်။

•  မေလ ၁၇ ရက်မှ စတင်ပြီး မေလ ၁၉ ရက်နေ့အတွင်း - တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးများနိုင်ပါတယ်။

•  မေလ ၁၈ ရက် ညနေ မှ မေလ ၁၉ ညနေ ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးအလွန်များနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။

🔸 မိုးလေဝသအခြေအနေ၊ မိုးရွာသွန်းနိုင်/လေပြင်းတိုက်နိုင်မဲ့အခြေအနေတွေကို ၄ ရက် ကြိုတင်သိရှိနိုင်အောင် Weather Widget Page ကိုတည်ဆောက်ပေးထားပါတယ်။ ဝင်ရောက်လေ့လာကြည့်ပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်