ပင်လယ်ပြင်က "ထူးခြားမိုးလေဝသ" ဖြစ်နိုင်ခြေ ၄၀ % မြင့်လာ

06/05/2025 11:52 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

•  မေလ ၉ ရက်နေ့မှ မေ ၁၆ ရက်(၇ ရက်အတွင်း) ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်မည့် အခြေအနေရှိနေဆဲဖြစ်ပြီး၊ မေလ ၁၈-၁၉ ရက်နေ့များတွင် အားကောင်းသော-လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း၊

•  ECMWF Chart(this morning update)မှာ ကပ္ပလီပင်လယ်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့်ထိစပ်နေသော ဧရာဝတီအနောက်ဘက်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးတွင် မေလ ၁၆ ရက်နေ့အထိ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၃၀% ရှိနေကြောင်း၊ ကြိုတင်ခန့်မှန်းချက်များ ထွက်ထားသည်ကို တွေ့ရပါတယ်။ ယနေ့ မေလ ၆ ရက်နေ့မှာ ၄၀% ရှိလာပါတယ်။

🔸ဖြစ်တာတော့မဖြစ်သေးဘူး - ဖြစ်နိုင်ချေ မြင့်လာတယ်ဆိုတဲ့သဘောပါ။

ထူးခြားသောမိုးလေဝသအခြေအနေဖြစ်လာပြီးလျှင် မိုးရွာသွန်းနိုင်သည့်အခြေအနေများ

•  ‌မေလ ၉ ရက် မှ စတင်၍ မေလ ၁၀ ရက် အထိ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မိုးအနည်းငယ်မှ အသင့်အတင့်ရွာသွန်းနိုင်ပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန်အနည်းဆုံး ၁.၂ လက်မ အထိ ရွာနိုင်ပါတယ်။

•  မေလ ၁၁ ရက်နဲ့ မေလ ၁၂ ရက်နေ့တွေမှာ တောင်ဘက်နဲ့ အနောက်ဘက်ကဝင်လာတဲ့ မိုးတိမ်များဆက်လက်ရွေ့လျားနိုင်မဲ့ လမ်းကြောင်းတွေတလျှောက်မှာရှိတဲ့ - အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေနဲ့ အနောက်ဘက် ရခိုင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ အရှေ့ဘက်ရှမ်းပြည်နယ်ဒေသတွေအပြင် မြောက်ဘက် ကချင်ပြည်နယ်အထိ မိုးရွာနိုင်မည့်အခြေအနေတွေ ဖြစ်ပေါ်ပါမယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ မိုးသည်းထန်နိုင်/မိုးများနိုင်ပါမယ်။

•  မေလ ၁၇ ရက်မှ စတင်ပြီး မေလ ၁၉ ရက်နေ့အတွင်း - တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးများနိုင်ပါတယ်။

•  မေလ ၁၈ ရက် ညနေ မှ မေလ ၁၉ ညနေ ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးအလွန်များနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။

🔸 မိုးလေဝသအခြေအနေ၊ မိုးရွာသွန်းနိုင်/လေပြင်းတိုက်နိုင်မဲ့အခြေအနေတွေကို ၄ ရက် ကြိုတင်သိရှိနိုင်အောင် Weather Widget Page ကိုတည်ဆောက်ပေးထားပါတယ်။ ဝင်ရောက်လေ့လာကြည့်ပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်