ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နိုင်မည့်လေဖိအားနည်းရပ်ဝန်း(DEPRESSION)နှင့် မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ချေများ ကြိုတင်ခန့်မှန်းခြင်း

22/11/2024 14:21 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ရရှိသည့်ဒေတာများအရ

METEOBLUE ၏ NEMS-GLOBAL Model မှ ကြိုတင်ခန့်မှန်းချက်တွင် - ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှ မုန်တိုင်းသည် နိုဝင်ဘာ ၂၈ ရက် နံနက် ၇ နာရီတွင် မြောက်-အနောက်မြောက်ယွန်းယွန်းသို့ ဆက်လက်ရွေ့လျားပြီး အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းခြေ၊ Vijayawada နှင့် Kakinada မြို့များအနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းတွေ့ရသည်။

မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မြောက်ပိုင်းတို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်သည်။ NEMS-GLOBAL(METEOBLUE)

GFS, ECMWF, GEFS, GEPS စသည့် model များ၏ ကြိုတင်ခန့်မှန်းချက်များတွင် မုန်တိုင်းရွေ့လျားပြီးကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်မည့် နေရာသည် METEOBLUE ခန့်မှန်းလမ်းကြောင်းနှင့်နှိုင်းယှဉ်ပါက တောင်ဘက်သို့ ပိုမိုကျဆင်းကြောင်းတွေ့ရသည့်အတွက် မြန်မာနိုင်ငံဘက်တွင် မုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်နိုင်မည့် အခါလွန်မိုးရွာသွန်းမှု လျော့နည်းနိုင်ကြောင်း ခန့်မှန်းရပါသည်။

Forecast Model များမှ တွေ့ရသည့်အခြေအနေအရပ်ရပ်အား သုံးသပ်တင်ပြခြင်း

🔸 မတူညီသည့်သင်္ချာပုံစံပြုမော်ဒယ်များ၏ ကြိုတင်ခန့်မှန်းချက်များအရ - နိုဝင်ဘာ ၂၅ - ၂၆ - ၂၇ ရက်နေ့များတွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းအဆင့်သို့ရောက်လာနိုင်မည့် ခန့်မှန်းချက် တူညီသည်။ ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ရောက်လာနိုင်ကြောင်း ခန့်မှန်းချက်လည်းရှိနေသည်။

🔸 မြန်မာနိုင်ငံဘက်တွင် နိုဝင်ဘာ ၂၇-၂၈-၂၉ နှင့် ၃၀ ရက်များအတွင်း မိုးအနည်းငယ်၊ အသင့်အတင့်နှင့် မိုးများနိုင်မည့်အခြေအနေများ သက်ရောက်နိုင်သည့်အခြေအနေ တူညီသည်။

🔸 မိုးအနည်းအများနှင့် မိုးများနိုင်မည့်နေရာဒေသများကြိုတင်ခန့်မှန်းချက် ပြောင်းလဲမှုအနည်းငယ်ရှိနိုင်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်