နိုဝင်ဘာ ၅ ရက် ည ၆ နာရီ ၄၀ မိနစ်အချိန် ရရှိသည့်ဒေတာများအရ
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှ Well-Marked LPA သိသာထင်ရှားသောလေဖိအားနည်းရပ်ဝန်းက အားလျော့သွားပြီး LPA- Low Pressure Area (လေဖိအားနည်းရပ်ဝန်း) အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းကိုဒီနေ့ည (နိုဝင်ဘာ ၅ ရက် ည မှာ)ဖြတ်ကျော်ဝင်ရောက်သွားမှာဖြစ်ပါတယ်။
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ချင်းပြည်နယ်မြောက်ပိုင်း "ခန်းပတ်"နဲ့ ကချင်ပြည်နယ်အတွင်းမှ "မြစ်ကြီးနား"၊ "မိုးညှင်း" စတဲ့ မြို့နယ်/ခရိုင်တွေအတွင်း ဒီနေ့(နိုဝင်ဘာ ၅ ရက်)မှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး၊ နိုဝင်ဘာ ၇ ရက်နေ့မှ စတင်၍ မိုးရွာတာလျော့နည်းပြီးဆုံးသွားနိုင်ပါမယ်။

အရှေ့ဘက်-တောင်တရုတ်ပင်လယ်ဘက်မှ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို မနက်ဖြန် နိုဝင်ဘာ၆ ရက် ည မှာဖြတ်ကျော်ဝင်ရောက်ပြီး ကုန်းတွင်းပိုင်းကို ဆက်လက်ရွေ့လျားနိုင်မည့် မုန်တိုင်းအကြွင်းအကျန်များကြောင့် -
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ နိုဝင်ဘာ ၆ ရက် မှ ၁၂ ရက်(၇ ရက်အတွင်း) မိုးရေချိန် ၃ လက်မ အထက်မှ ၆ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပါတယ်။
🔸မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ နေပြည်တော်၊ မကွေးတိုင်း၊ မန္တလေးတိုင်းတွေမှာ ၇ ရက် မိုးရေချိန်န် ၂ လက်မအထက်၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တွေမှာ ၇ ရက်မိုးရေချိန် ၁ လက်မအထက် ၂ လက်မခန့် ရွာသွန်းရရှိနိုင်ပါတယ်။
🔸ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ၇ ရက်အတွင်း ၁ လက်မ အထက် ၁ လက်မခွဲအောက် ရွာနိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန်အနည်းဆုံးရွာသွန်းရရှိနိုင်မည့် ပြည်နယ်တိုင်းများဖြစ်နေနိုင်ပါမယ်။
🔸ပြည်နယ်တိုင်း မြို့များ၏ ၄ ရက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များကို ကိုယ်တိုင်ကြည့်ရှုလေ့လာနိုင်ရန် MMWeather Website မှာ စီစဉ်ပေးထားတာပါတယ် - https://www.mmweather.org/divisional-cities-weather
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်