မုန်တိုင်း FENGSHEN အကြွင်းအကျန်များနှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း၏ သက်ရောက်မှုများ

20/10/2025 17:36 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း FENGSHEN သည် အောက်တိုဘာ ၂၀ ရက် ည တွင် အားကောင်းသောအပူပိုင်းမုန်တိုင်း(Severe Tropical Storm FENGSHEN)အဖြစ်လည်းကောင်း၊ အောက်တိုဘာ ၂၁ ရက် ညတွင် တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း ပိုမိုအားကောင်းလာနိုင်ပြီး၊ အနောက်-အနောက်တောင်ဘက် ဗီယက်နမ်ကမ်းခြေသို့ ဦးတည်ရွေ့လျားကာ ဗီယက်နမ်ကမ်းခြေကို အောက်တိုဘာလ ၂၂ ရက်ညတွင် ဖြတ်ကျော်ဝင်ရောက်နိုင်ပါမယ်။

မုန်တိုင်းဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် ချက်ချင်းအားပျော့ပျက်ပြယ်သွားပြီး မုန်တိုင်းအကြွင်းအကျန်များသည် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံတောင်ပိုင်းတို့သို့ဆက်လက်ရွေ့လျားနိုင်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ အောက်တိုဘာ ၂၁ ရက်နေ့တွင် ဖြစ်ပေါ်လာနိုင်မည့် လေဖိအားနည်းရပ်ဝန်းသည် ၄၈ နာရီအတွင်း Depression - အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး၊ အနောက်-အနောက်မြောက်အရပ်သို့ ဆက်လက်ရွေ့လျားကာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာ ဆက်လက်တည်ရှိနေနိုင်ပါတယ်။

ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်မည့် မုန်တိုင်း FENGSHEN အကြွင်းအကျန်များနှင့် ဘင်္ဂလားပင်လယ်အော်မှ အားကောင်းသောလေဖိအားနည်းရပ်ဝန်းတို့၏ သက်ရောက်မှုကြောင့်

  • အောက်တိုဘာ ၂၃ မှ ၂၅ ရက်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးအနည်းငယ်မှ အသင့်အတင့်(၂၃ ရက် မှ ၂၅ ရက်အတွင်း နေ့စဉ်မိုးရေချိန် ၀.၈ လက်မ မှ ၁.၅ လက်မခန့်)
  • အောက်တိုဘာ ၂၃ မှ ၂၆ ရက်နေ့အထိ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် မိုးအသင့်အတင့်ထစ်ချုန်းရွာသွန်းနိုင် နေရာကွက်၍ မိုးများနိုင်(၂၃ ရက် မှ ၂၆ ရက်နေ့အထိ နေ့စဉ်မိုးရေချိန် ၂ လက်မ နီးပါးအထိ ရွာသွန်းနိုင်)
  • အောက်တိုဘာ ၂၄ ရက် မှ ၂၆ ရက်အထိ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်နှင့် မန္တလေးတိုင်းတို့တွင် (တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး မိုးအနည်းငယ်ရွာနိုင်၊ နေရာကွက်၍ မိုးအသင့်အတင့်ရွာနိုင် နေ့စဉ်မိုးရေချိန် ၁ လက်အောက်သာ ရွာနိုင်)
  • မြန်မာနိုင်ငံမြောက်ပိုင်းနှင့်အနောက်ပိုင်းဒေသများ - စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မုန်တိုင်း/လေဖိအားနည်းရပ်ဝန်းအရှိန်သက်ရောက်မှုနည်းပါးပြီး တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကာ မိုးရွာသွန်းနိုင်ချေ မရှိသလောက်နည်းနေပါမယ်။

ယခုကြိုတင်ခန့်မှန်းရရှိတဲ့ မိုးလေဝသအခြေအနေများကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တွေက စိုက်ပျိုးမြေတွေမှာ မြေဆီလွှာအစိုဓာတ် ကောင်းကောင်းရရှိလာနိုင်ပြီး၊ စပါးရိတ်သိမ်းချိန်များအတွင်း ရွာနိုင်တဲ့ဖျက်မိုးအန္တရာယ်ကိုလည်း သတိထားကြရပါမယ်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်