မုန်တိုင်း FENGSHEN အကြွင်းအကျန်များနှင့် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း၏ သက်ရောက်မှုများ

20/10/2025 17:36 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း FENGSHEN သည် အောက်တိုဘာ ၂၀ ရက် ည တွင် အားကောင်းသောအပူပိုင်းမုန်တိုင်း(Severe Tropical Storm FENGSHEN)အဖြစ်လည်းကောင်း၊ အောက်တိုဘာ ၂၁ ရက် ညတွင် တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း ပိုမိုအားကောင်းလာနိုင်ပြီး၊ အနောက်-အနောက်တောင်ဘက် ဗီယက်နမ်ကမ်းခြေသို့ ဦးတည်ရွေ့လျားကာ ဗီယက်နမ်ကမ်းခြေကို အောက်တိုဘာလ ၂၂ ရက်ညတွင် ဖြတ်ကျော်ဝင်ရောက်နိုင်ပါမယ်။

မုန်တိုင်းဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် ချက်ချင်းအားပျော့ပျက်ပြယ်သွားပြီး မုန်တိုင်းအကြွင်းအကျန်များသည် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံတောင်ပိုင်းတို့သို့ဆက်လက်ရွေ့လျားနိုင်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ အောက်တိုဘာ ၂၁ ရက်နေ့တွင် ဖြစ်ပေါ်လာနိုင်မည့် လေဖိအားနည်းရပ်ဝန်းသည် ၄၈ နာရီအတွင်း Depression - အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး၊ အနောက်-အနောက်မြောက်အရပ်သို့ ဆက်လက်ရွေ့လျားကာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာ ဆက်လက်တည်ရှိနေနိုင်ပါတယ်။

ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်မည့် မုန်တိုင်း FENGSHEN အကြွင်းအကျန်များနှင့် ဘင်္ဂလားပင်လယ်အော်မှ အားကောင်းသောလေဖိအားနည်းရပ်ဝန်းတို့၏ သက်ရောက်မှုကြောင့်

  • အောက်တိုဘာ ၂၃ မှ ၂၅ ရက်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးအနည်းငယ်မှ အသင့်အတင့်(၂၃ ရက် မှ ၂၅ ရက်အတွင်း နေ့စဉ်မိုးရေချိန် ၀.၈ လက်မ မှ ၁.၅ လက်မခန့်)
  • အောက်တိုဘာ ၂၃ မှ ၂၆ ရက်နေ့အထိ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် မိုးအသင့်အတင့်ထစ်ချုန်းရွာသွန်းနိုင် နေရာကွက်၍ မိုးများနိုင်(၂၃ ရက် မှ ၂၆ ရက်နေ့အထိ နေ့စဉ်မိုးရေချိန် ၂ လက်မ နီးပါးအထိ ရွာသွန်းနိုင်)
  • အောက်တိုဘာ ၂၄ ရက် မှ ၂၆ ရက်အထိ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်နှင့် မန္တလေးတိုင်းတို့တွင် (တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး မိုးအနည်းငယ်ရွာနိုင်၊ နေရာကွက်၍ မိုးအသင့်အတင့်ရွာနိုင် နေ့စဉ်မိုးရေချိန် ၁ လက်အောက်သာ ရွာနိုင်)
  • မြန်မာနိုင်ငံမြောက်ပိုင်းနှင့်အနောက်ပိုင်းဒေသများ - စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မုန်တိုင်း/လေဖိအားနည်းရပ်ဝန်းအရှိန်သက်ရောက်မှုနည်းပါးပြီး တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကာ မိုးရွာသွန်းနိုင်ချေ မရှိသလောက်နည်းနေပါမယ်။

ယခုကြိုတင်ခန့်မှန်းရရှိတဲ့ မိုးလေဝသအခြေအနေများကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တွေက စိုက်ပျိုးမြေတွေမှာ မြေဆီလွှာအစိုဓာတ် ကောင်းကောင်းရရှိလာနိုင်ပြီး၊ စပါးရိတ်သိမ်းချိန်များအတွင်း ရွာနိုင်တဲ့ဖျက်မိုးအန္တရာယ်ကိုလည်း သတိထားကြရပါမယ်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်