နိုဝင်ဘာ ၁ - ၄ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံး မိုးထစ်ချုန်းရွာနိုင်

28/10/2025 19:28 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

နိုဝင်ဘာ ၁ ရက် နေ့လည် ၁၂ နာရီမှ နိုဝင်ဘာ ၄ ရက် နေ့လည် ၁၂ နာရီအထိ - ၇၂ နာရီ (၃ ရက်)အတွင်း ဆိုင်ကလုန်းမုန်တိုင်း MONTHA အကြွင်းအကျန်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်လာမည့် လေပွေလှိုင်းတို့ရဲ့အရှိန်ကြောင့် 

💦 မြန်မာတနိုင်ငံလုံးမှာ မိုးထစ်ချုန်းရွာနိုင်ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(အရှေ့/မြောက်/တောင်)၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသအချို့မှာ နေရာကွက်၍ မိုးသည်းထန်နိုင်ပြီး ၃ ရက်အတွင်း မိုးရေချိန် ၃ လက်မအထက် မှ ၄ လက်မအထက်အထိ ရွာသွန်းရရှိနိုင်ပါတယ်။

💦 ကျန်ပြည်နယ်တိုင်းဒေသအားလုံးမှာ ၃ ရက်အတွင်း မိုးရေချိန် ၀.၅ လက်မ မှ ၂ လက်မအထက်အထိ ရွာသွန်းရရှိနိုင်ပါတယ်။

တောင်သူများစိုက်ပျိုးလုပ်ကိုင်ရာ တိုင်း/ပြည်နယ်အသီးသီးမှ မြို့နယ်များအတွက် မိုးလေဝသအခြေအနေ ၄ ရက်ကိုတင်ခန့်မှန်ချက် သိလိုလျှင် ကြည့်ရန် - https://www.mmweather.org/divisional-cities-weather


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်