အနောက်တောင်မုတ်သုံလေသည် မြန်မာတနိုင်ငံလုံးမှ အောက်တိုဘာလ ၁၅ ရက်နေ့တွင် လုံးဝဆုတ်ခွာပြီးစီးနိုင်ကြောင်း သင်္ချာပုံစံပြု model များ၏ ကြိုတင်ခန့်မှန်ချက်များကို ကိုးကား၍ ခန့်မှန်းပါတယ်။
မုတ်သုံဆုတ်ခွာကြောင်းအတည်ပြုပုံများကို အိန္ဒိယမိုးလေဝသဌာနမှထုတ်ပြန်ကြေညာသည့်အခါ ထပ်မံတင်ပြပေးပါမည်။
မုတ်သုံဆုတ်ခွာပြီးစီးသော်လည်း အောက်တိုဘာ ၁၇-၁၈ ရက်ဝန်းကျင်၌ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နိုင်ပြီး၊ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မိုးရွာသွန်းနိုင်မည့်အခြေအနေများဆက်လက်ဖြစ်ပေါ်နေနိုင်ပါတယ်။

(ပုံ) အိန္ဒိယမိုးလေဝသဌာနမှ မုတ်သုံဆုတ်ခွာမှု အခြေအနေပြ မြေပုံ။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more